အင္တာနက္ ထုတ္လႊင့္ေပးတဲ့ Drone စီမံကိန္းကို ရပ္နားလိုက္တဲ့ Facebook

0
1508

Facebook က ၂၀၁၄ ခုႏွစ္ကတည္းက စတင္ၿပီး အင္တာနက္ ထုတ္လႊင့္ေပးတဲ့ ဒရုန္း စီမံကိန္းကို ျပဳလုပ္ခဲ့ပါတယ္။ ကုမၸဏီက ကမာၻအ၀န္းမွ အင္တာနက္ မရရွိေသးတဲ့ ေနရာေဒသမ်ားမွာ ေမာင္းသူမဲ့ ဒရုန္းမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးဖို႔ ရည္ရြယ္ခဲ့တာ ျဖစ္ပါတယ္။

အခုေတာ့ Facebook က ၂၀၁၄ ခုႏွစ္မွာ Aquila Drone ကို စတင္ ဖန္တီးခဲ့စဥ္ကတည္းက အျခား ကုမၸဏီမ်ားကလည္း အလားတူ ဒရုန္းမ်ားကို ဖန္တီးခဲ့ၾကတယ္လို႔ ေရးသားထားပါတယ္။ အဲဒီအတြက္ေၾကာင့္ ကုမၸဏီဟာ သူတို႔ ကိုယ္ပိုင္ ဒရုန္းမ်ားကို ဖန္တီးစရာ မလိုေတာ့ဘူးလို႔ ေျပာပါတယ္။

Facebook က ဒီစီမံကိန္းအတြက္ ၂၀၁၄ ခုႏွစ္မွာ ဒရုန္း ကုမၸဏီ Aquila ကို ၀ယ္ယူခဲ့တာ ျဖစ္ပါတယ္။ Facebook က အင္တာနက္ ထုတ္လႊင့္ေပးတဲ့ Aquila Drone ကို ၂၀၁၇ ခုနွစ္ ေမလမွာ ေအာင္ျမင္စြာ စမ္းသပ္ပ်ံသန္းႏုိင္ခဲ့တယ္လို႔ ဘေလာ့ေဆာင္းပါးတစ္ခုမွာ ထုတ္ျပန္ေၾကညာခဲ့ဖူးပါတယ္။

Facebook သာမက Google ကလည္း မိုုးပ်ံ ေဘာလံုးမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ နည္းပညာကို ဖန္တီးေနပါတယ္။ သဘာ၀ ေဘး က်ေရာက္ခဲ့တဲ့အတြက္ အင္တာနက္လိုင္းမ်ား ျပတ္ေတာက္သြားခဲ့တဲ့ ပြာတိုရီကိုမွာ အဲဒီ ေဘာလံုးမ်ားျဖင့္ အင္တာနက္ ေပးခဲ့ပါေသးတယ္။ အျခား နည္းပညာ ကုမၸဏီမ်ားကလည္း အာကာသကေန ၿဂိဳလ္တုမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ နည္းပညာမ်ားကို ဖန္တီးေနပါတယ္။

unicode

အင်တာနက် ထုတ်လွှင့်ပေးတဲ့ Drone စီမံကိန်းကို ရပ်နားလိုက်တဲ့ Facebook

Facebook က ၂၀၁၄ ခုနှစ်ကတည်းက စတင်ပြီး အင်တာနက် ထုတ်လွှင့်ပေးတဲ့ ဒရုန်း စီမံကိန်းကို ပြုလုပ်ခဲ့ပါတယ်။ ကုမ္ပဏီက ကမ္ဘာအဝန်းမှ အင်တာနက် မရရှိသေးတဲ့ နေရာဒေသများမှာ မောင်းသူမဲ့ ဒရုန်းများဖြင့် အင်တာနက် ထုတ်လွှင့်ပေးဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ Facebook က ၂၀၁၄ ခုနှစ်မှာ Aquila Drone ကို စတင် ဖန်တီးခဲ့စဉ်ကတည်းက အခြား ကုမ္ပဏီများကလည်း အလားတူ ဒရုန်းများကို ဖန်တီးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။ အဲဒီအတွက်ကြောင့် ကုမ္ပဏီဟာ သူတို့ ကိုယ်ပိုင် ဒရုန်းများကို ဖန်တီးစရာ မလိုတော့ဘူးလို့ ပြောပါတယ်။

Facebook က ဒီစီမံကိန်းအတွက် ၂၀၁၄ ခုနှစ်မှာ ဒရုန်း ကုမ္ပဏီ Aquila ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ Facebook က အင်တာနက် ထုတ်လွှင့်ပေးတဲ့ Aquila Drone ကို ၂၀၁၇ ခုနှစ် မေလမှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့တယ်လို့ ဘလော့ဆောင်းပါးတစ်ခုမှာ ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။

Facebook သာမက Google ကလည်း မိုးပျံ ဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ နည်းပညာကို ဖန်တီးနေပါတယ်။ သဘာ၀ ဘေး ကျရောက်ခဲ့တဲ့အတွက် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့တဲ့ ပွာတိုရီကိုမှာ အဲဒီ ဘောလုံးများဖြင့် အင်တာနက် ပေးခဲ့ပါသေးတယ်။ အခြား နည်းပညာ ကုမ္ပဏီများကလည်း အာကာသကနေ ဂြိုလ်တုများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ နည်းပညာများကို ဖန်တီးနေပါတယ်။

Leave a Reply