မနက္ျဖန္မွာ Xiaomi Mi Max 3 ကို ေၾကညာမလား ?

0
1245

ေရွာင္မီက Tencent အမည္ရ ဗီဒီယို လူမႈကြန္ရက္ ၀က္ဆိုက္မွာ ဗီဒီယိုတစ္ခုကို ျပသလိုက္ပါတယ္။ ဗီဒီယိုမွာ မိုးျပာေရာင္ ဘူးခြံတစ္ခုကို Mi Home Store မွာ ျပသထားတာကို ေတြ႕ျမင္ရပါတယ္။ ဗီဒီယိုရဲ႕ အဆံုးမွာ ဇြန္လ ၂၈ ရက္ကို ေဖာ္ျပထားပါတယ္။ အဲဒီအတြက္ မနက္ျဖန္မွာ ေရွာင္မီဟာ ေၾကညာမႈတစ္ခုျပဳလုပ္ေတာ့မယ္လုိ႔ထင္ရပါတယ္။

ဘူးခြံမွ မိုးျပာေရာင္ဟာ လက္ရွိ ေရာင္းခ်ထားတဲ့ စမတ္ဖုန္းအတြက္ အေရာင္အသစ္ကို ထုတ္လုပ္ေပးမယ္လို႔ ယူဆႏုိင္ပါတယ္။ ဒါေပမယ့္ Mi Max 3 ကိုလည္း မိတ္ဆက္ေကာင္း မိတ္ဆက္ႏုိင္ပါတယ္။ Xiaomi Mi 6X Hatsune Edition လည္း ျဖစ္သြားႏုိင္တယ္လို႔ ကြ်မ္းက်င္သူမ်ားက သံုးသပ္ပါတယ္။ အျခား သတင္းအခ်က္အလက္မ်ားေတာ့ ဗီဒီယိုမွာ မပါရွိတဲ့အတြက္ မွန္းဆရခက္ခဲပါတယ္။

Mi Max 3 ကို ဇူလိုင္လေလာက္မွ မိတ္ဆက္မယ္လို႔လည္း သတင္းထြက္ေနပါတယ္။ Xiaomi က ဒီလထဲမွာပဲ Redmi 6 Pro နဲ႔ Mi Pad 4 ကို ေၾကညာခဲ့တဲ့အတြက္ ျဖစ္ပါတယ္။ ဒီလင့္ကေန Video Teaser ကို ၾကည့္ႏုိင္ပါတယ္။ ဗီဒီယိုဟာ ၁၀ စကၠန္႔သာ ရွိၿပီး Xiaomi Mi Home Store ကို ျပသထားပါတယ္။ စတိုးထဲမွာ ေရွာင္မီရဲ႕ ဖုန္းမ်ားစြာ ရွိပါတယ္။ ရုတ္တရက္ မီးမွိန္သြားၿပီးေနာက္ အျပာႏုေရာင္ မီးအလင္း ေပၚလာပါတယ္။ အဲဒီေနာက္မွာေတာ့ မိုးျပာေရာင္ဘူးခြံတစ္ခု ေပၚလာပါတယ္။ ဘူးခြံမွာ Mi Logo ကို ေရးထိုးထားပါတယ္။ ဗီဒီယို အဆံုးမွာ “this is a gift from the future “ လို႔ ေရးသားထားပါတယ္။

unicode

မနက်ဖြန်မှာ Xiaomi Mi Max 3 ကို ကြေညာမလား ?

ရှောင်မီက Tencent အမည်ရ ဗီဒီယို လူမှုကွန်ရက် ဝက်ဆိုက်မှာ ဗီဒီယိုတစ်ခုကို ပြသလိုက်ပါတယ်။ ဗီဒီယိုမှာ မိုးပြာရောင် ဘူးခွံတစ်ခုကို Mi Home Store မှာ ပြသထားတာကို တွေ့မြင်ရပါတယ်။ ဗီဒီယိုရဲ့ အဆုံးမှာ ဇွန်လ ၂၈ ရက်ကို ဖော်ပြထားပါတယ်။ အဲဒီအတွက် မနက်ဖြန်မှာ ရှောင်မီဟာ ကြေညာမှုတစ်ခုပြုလုပ်တော့မယ်လို့ထင်ရပါတယ်။

ဘူးခွံမှ မိုးပြာရောင်ဟာ လက်ရှိ ရောင်းချထားတဲ့ စမတ်ဖုန်းအတွက် အရောင်အသစ်ကို ထုတ်လုပ်ပေးမယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် Mi Max 3 ကိုလည်း မိတ်ဆက်ကောင်း မိတ်ဆက်နိုင်ပါတယ်။ Xiaomi Mi 6X Hatsune Edition လည်း ဖြစ်သွားနိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ အခြား သတင်းအချက်အလက်များတော့ ဗီဒီယိုမှာ မပါရှိတဲ့အတွက် မှန်းဆရခက်ခဲပါတယ်။

Mi Max 3 ကို ဇူလိုင်လလောက်မှ မိတ်ဆက်မယ်လို့လည်း သတင်းထွက်နေပါတယ်။ Xiaomi က ဒီလထဲမှာပဲ Redmi 6 Pro နဲ့ Mi Pad 4 ကို ကြေညာခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒီလင့်ကနေ Video Teaser ကို ကြည့်နိုင်ပါတယ်။ ဗီဒီယိုဟာ ၁၀ စက္ကန့်သာ ရှိပြီး Xiaomi Mi Home Store ကို ပြသထားပါတယ်။ စတိုးထဲမှာ ရှောင်မီရဲ့ ဖုန်းများစွာ ရှိပါတယ်။ ရုတ်တရက် မီးမှိန်သွားပြီးနောက် အပြာနုရောင် မီးအလင်း ပေါ်လာပါတယ်။ အဲဒီနောက်မှာတော့ မိုးပြာရောင်ဘူးခွံတစ်ခု ပေါ်လာပါတယ်။ ဘူးခွံမှာ Mi Logo ကို ရေးထိုးထားပါတယ်။ ဗီဒီယို အဆုံးမှာ “this is a gift from the future “ လို့ ရေးသားထားပါတယ်။

Leave a Reply