နယူးေယာက္ စီးတီးမွ ဘဏ္တစ္ခုမွာ စက္ရုပ္ကို ၀န္ထမ္းခန္႔အပ္ထား

0
1234

အနာဂတ္မွာ စက္ရုပ္မ်ားက လူသားမ်ားရဲ႕ အလုပ္အကိုင္မ်ားကို လုယူေတာ့မယ္လို႔ ပညာရွင္မ်ားက တြက္ခ်က္ထားၾကပါတယ္။ အခုလည္း အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ စီးတီး ၊ မန္ဟက္တန္မွ Fifth Avenue တြင္ ရွိတဲ့ HSBC ရဲ႕ ဘဏ္မွာ Pepper အမည္ရ စက္ရုပ္ကို ၀န္ထမ္းအျဖစ္ ခန္႔အပ္လိုက္ပါတယ္။

ပက္ပါဟာ ဘဏ္မွာ HSBC ရဲ႕ ထုတ္ကုန္မ်ား ၊ ၀န္ေဆာင္မႈမ်ားအား ရွင္းလင္းေျပာၾကားျခင္း၊ Customer မ်ားအား HSBC ရဲ႕ Mobile Banking App လို နည္းပညာ အသံုးျပဳနည္းမ်ားအား သင္ၾကားေပးျခင္း၊ Customer Support ရဲ႕ အလုပ္မ်ားကို ရွင္းလင္း ေျပာၾကားျခင္းမ်ားကို ျပဳလုပ္ေပးပါတယ္။ သူက အသံ အျပင္ Display ကေန သတင္းအခ်က္အလက္မ်ားကို ေျပာျပႏုိင္ပါတယ္။

လုပ္ငန္း အေပၚ မူတည္ၿပီး သူလုပ္ရမယ့္ အလုပ္မ်ားကို ပရိုဂရမ္ ေရးဆြဲထားႏုိင္ပါတယ္။ လူမ်ားရဲ႕ မ်က္ႏွာ အမူအယာနဲ႔ စိတ္ခံစားခ်က္မ်ားကို သူက နားလည္ပါတယ္။ သူက ဘဏ္ကိုလာသူမ်ားအား ေမးျမန္းၿပီး သြားရမယ့္ ေကာင္တာကို လမ္းျပေပးပါတယ္။ ဘဏ္ကိုလာသူမ်ားက သူနဲ႔အတူ Selfie ရိုက္ခ်င္ရင္လည္း သူက အျပံဳးနဲ႔ ပို႔စ္ေပးတတ္ပါတယ္။ ဘဏ္မွာ လူက်တဲ့အခ်ိန္ ေဖာက္သည္မ်ား အပ်င္းေျပေအာင္ သူက ဟာသေျပာျခင္း၊ ကျပျခင္းမ်ား ျပဳလုပ္ေပးပါတယ္။

သူ႔ရဲ႕ အရပ္အျမင့္မွာ ၁၂၀ စင္တီမီတာ ရွိပါတယ္။ သူ႔ကို ဂ်ပန္ ကုမၸဏီ SoftBank နဲ႔ ျပင္သစ္ စက္ရုပ္ ကုမၸဏီ Aldebaran SAS က ပူးေပါင္း ဖန္တီးထားတာ ျဖစ္ပါတယ္။

unicode

နယူးယောက် စီးတီးမှ ဘဏ်တစ်ခုမှာ စက်ရုပ်ကို ဝန်ထမ်းခန့်အပ်ထား

အနာဂတ်မှာ စက်ရုပ်များက လူသားများရဲ့ အလုပ်အကိုင်များကို လုယူတော့မယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ အခုလည်း အမေရိကန် ပြည်ထောင်စု နယူးယောက် စီးတီး ၊ မန်ဟက်တန်မှ Fifth Avenue တွင် ရှိတဲ့ HSBC ရဲ့ ဘဏ်မှာ Pepper အမည်ရ စက်ရုပ်ကို ဝန်ထမ်းအဖြစ် ခန့်အပ်လိုက်ပါတယ်။

ပက်ပါဟာ ဘဏ်မှာ HSBC ရဲ့ ထုတ်ကုန်များ ၊ ဝန်ဆောင်မှုများအား ရှင်းလင်းပြောကြားခြင်း၊ Customer များအား HSBC ရဲ့ Mobile Banking App လို နည်းပညာ အသုံးပြုနည်းများအား သင်ကြားပေးခြင်း၊ Customer Support ရဲ့ အလုပ်များကို ရှင်းလင်း ပြောကြားခြင်းများကို ပြုလုပ်ပေးပါတယ်။ သူက အသံ အပြင် Display ကနေ သတင်းအချက်အလက်များကို ပြောပြနိုင်ပါတယ်။

လုပ်ငန်း အပေါ် မူတည်ပြီး သူလုပ်ရမယ့် အလုပ်များကို ပရိုဂရမ် ရေးဆွဲထားနိုင်ပါတယ်။ လူများရဲ့ မျက်နှာ အမူအယာနဲ့ စိတ်ခံစားချက်များကို သူက နားလည်ပါတယ်။ သူက ဘဏ်ကိုလာသူများအား မေးမြန်းပြီး သွားရမယ့် ကောင်တာကို လမ်းပြပေးပါတယ်။ ဘဏ်ကိုလာသူများက သူနဲ့အတူ Selfie ရိုက်ချင်ရင်လည်း သူက အပြုံးနဲ့ ပို့စ်ပေးတတ်ပါတယ်။ ဘဏ်မှာ လူကျတဲ့အချိန် ဖောက်သည်များ အပျင်းပြေအောင် သူက ဟာသပြောခြင်း၊ ကပြခြင်းများ ပြုလုပ်ပေးပါတယ်။

သူ့ရဲ့ အရပ်အမြင့်မှာ ၁၂၀ စင်တီမီတာ ရှိပါတယ်။ သူ့ကို ဂျပန် ကုမ္ပဏီ SoftBank နဲ့ ပြင်သစ် စက်ရုပ် ကုမ္ပဏီ Aldebaran SAS က ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

Leave a Reply