Ferrari ဗားရွင္းပါထုတ္လုပ္လာဖုိ႔ရွိေနတဲ့ MI MIX 3

0
1374

စမတ္ဖုန္းထုတ္လုပ္သူေတြဟာ သူတို႔ရဲ႕စမတ္ဖုန္းေတြကို ဇိမ္ခံကားထုတ္လုပ္တဲ့ ကုမၸဏီေတြနဲ႔ ပူးေပါင္းၿပီး အဆင့္ျမင့္ဗားရွင္းအေနနဲ႔ပါ ထုတ္လုပ္လာၾကပါၿပီ။ လက္ရွိအခ်ိန္မွာ ျမင္သာေအာင္ေျပာရမယ္ဆိုရင္ OPPO ရဲ႕ Find X Lamborghini ဗားရွင္းပါ။ အခုလည္း ထိပ္တန္းစမတ္ဖုန္း ထုတ္လုပ္သူျဖစ္တဲ့ Xiaomi ဟာ ကုမၸဏီထြက္ရွိလာမယ့္ MI MIX 3 စမတ္ဖုန္းသစ္ကို ၿပိဳင္ကားကုမၸဏီျဖစ္တဲ့ Ferrari နဲ႔ပူးေပါင္းၿပီးေတာ့သီးသန္႔ဗားရွင္း တစ္ခုထုတ္လုပ္လာမယ္ဆိုတဲ့ သတင္းေတြထြက္ရွိလာပါတယ္။

ဒီေန႔မွာေတာ့ နက္တီဇင္ကေန  Xiaomi MI MIX 3 Ferrari concept ကိုထုတ္ေဖာ္လာခဲ့ပါတယ္။ ဓာတ္ပုံေတြအရ ေနာက္ေက်ာဘက္မွာဖန္သားကိုသုံးထားၿပီး ေအာက္ဘက္နား Xiaomi လိုဂုိရဲ႕ အေပၚဘက္မွာ Ferrari လိုဂိုေလးနဲ႔ ဒီဇုိင္းဆင္ထားထားပါတယ္။  MI MIX 3 မွာလုပ္ေဆာင္ခ်က္ေကာင္းေတြ အေနနဲ႔ under display fingerprint scanner နဲ႔ 3D structured light နည္းပညာတို႔ကိုသုံးလာႏိုင္ပါတယ္။ MI MIX 3 Ferrari version ကို ေစ်းႏႈန္း ယြမ္7,999 (ေဒၚလာ 1333) ဝန္းက်င္ေလာက္နဲ႔ေရာင္းခ်ႏိုင္ပါတယ္။

MI MIX 3 ရဲ႕အေစာပိုင္းထြက္ထားတဲ့ အခ်က္အလက္ေတြအရ Xiaomi Mi MAX 3 ဟာ ထိပ္ဘက္မွာ Notch ပါဝင္လာမွာ မဟုတ္ေတာ့ပဲ full-View အျပည့္နဲ႔သာ ျဖစ္လာမယ္လို႔ဆိုပါတယ္။  မ်က္ႏွာျပင္ 6.99 လက္မ 18:9 အခ်ိဳးနဲ႔ full view display သုံးထားမွာျဖစ္ၿပီး ၊စြမ္းအားပိုင္းမွာေတာ့ Snapdragon 710 SoC ကိုထည့္သြင္းထားပါတယ္။ Snapdragon 710 ဟာ2 Cortex-A75 big core နဲ႔ 6 Cortex-A55 small core ေပါင္းစပ္ထားတာ ျဖစ္ၿပီးGPU Adreno 616 ကိုေပါင္းစပ္ထားပါတယ္။ သူ႕ရဲ႕ပါဝါစြမ္းအားဟာ AI engine ပါဝင္တဲ့ Snapdragon 660 ရဲ႕လုပ္ေဆာင္ခ်က္ ထက္ ၂ဆပိုေကာင္းလာမယ္လို႔ ဆိုပါတယ္။ ကင္မရာပိုင္းမွေတာ့ ေနာက္ေက်ာဘက္မွာ Dual ျဖစ္ႏိုင္ၿပီး  20MP ( Sony IMX363) သုံးလာမယ္လို႔ သိရပါတယ္။

unicode

စမတ်ဖုန်းထုတ်လုပ်သူတွေဟာ သူတို့ရဲ့စမတ်ဖုန်းတွေကို ဇိမ်ခံကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အဆင့်မြင့်ဗားရှင်းအနေနဲ့ပါ ထုတ်လုပ်လာကြပါပြီ။ လက်ရှိအချိန်မှာ မြင်သာအောင်ပြောရမယ်ဆိုရင် OPPO ရဲ့ Find X Lamborghini ဗားရှင်းပါ။ အခုလည်း ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူဖြစ်တဲ့ Xiaomi ဟာ ကုမ္ပဏီထွက်ရှိလာမယ့် MI MIX 3 စမတ်ဖုန်းသစ်ကို ပြိုင်ကားကုမ္ပဏီဖြစ်တဲ့ Ferrari နဲ့ပူးပေါင်းပြီးတော့သီးသန့်ဗားရှင်း တစ်ခုထုတ်လုပ်လာမယ်ဆိုတဲ့ သတင်းတွေထွက်ရှိလာပါတယ်။

ဒီနေ့မှာတော့ နက်တီဇင်ကနေ  Xiaomi MI MIX 3 Ferrari concept ကိုထုတ်ဖော်လာခဲ့ပါတယ်။ ဓာတ်ပုံတွေအရ နောက်ကျောဘက်မှာဖန်သားကိုသုံးထားပြီး အောက်ဘက်နား Xiaomi လိုဂိုရဲ့ အပေါ်ဘက်မှာ Ferrari လိုဂိုလေးနဲ့ ဒီဇိုင်းဆင်ထားထားပါတယ်။  MI MIX 3 မှာလုပ်ဆောင်ချက်ကောင်းတွေ အနေနဲ့ under display fingerprint scanner နဲ့ 3D structured light နည်းပညာတို့ကိုသုံးလာနိုင်ပါတယ်။ MI MIX 3 Ferrari version ကို ဈေးနှုန်း ယွမ်7,999 (ဒေါ်လာ 1333) ဝန်းကျင်လောက်နဲ့ရောင်းချနိုင်ပါတယ်။

MI MIX 3 ရဲ့အစောပိုင်းထွက်ထားတဲ့ အချက်အလက်တွေအရ Xiaomi Mi MAX 3 ဟာ ထိပ်ဘက်မှာ Notch ပါဝင်လာမှာ မဟုတ်တော့ပဲ full-View အပြည့်နဲ့သာ ဖြစ်လာမယ်လို့ဆိုပါတယ်။  မျက်နှာပြင် 6.99 လက်မ 18:9 အချိုးနဲ့ full view display သုံးထားမှာဖြစ်ပြီး ၊စွမ်းအားပိုင်းမှာတော့ Snapdragon 710 SoC ကိုထည့်သွင်းထားပါတယ်။ Snapdragon 710 ဟာ2 Cortex-A75 big core နဲ့ 6 Cortex-A55 small core ပေါင်းစပ်ထားတာ ဖြစ်ပြီးGPU Adreno 616 ကိုပေါင်းစပ်ထားပါတယ်။ သူ့ရဲ့ပါဝါစွမ်းအားဟာ AI engine ပါဝင်တဲ့ Snapdragon 660 ရဲ့လုပ်ဆောင်ချက် ထက် ၂ဆပိုကောင်းလာမယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းမှတော့ နောက်ကျောဘက်မှာ Dual ဖြစ်နိုင်ပြီး  20MP ( Sony IMX363) သုံးလာမယ်လို့ သိရပါတယ်။

Leave a Reply