Xiaomi Black Shark မှာ Face Recognition လုပ်ဆောင်ချက်ရပြီ

0
1234




Unicode

လွန်ခဲ့တဲ့ ၂လလောက်က Xiaomi အနေနဲ့  gaming စမတ်ဖုန်းကို Black Shark မိတ်ဆက်ပေးလိုက်ပါတယ်။ အခုအဲ့ဒီစမတ်ဖုန်းအတွက် အဓိကျတဲ့ လုပ်ဆောင်ချက်တစ်ခုကို Update ပြုလုပ်ထည့်သွင်းပေးလိုက်ပါတယ်  Xiaomi ဟာgaming စမတ်ဖုန်းကို Black Shark အတွက်  facial recognition လုပ်ဆောင်ချက်ကို update ပြုလုပ်ပြီးထည့်သွင်းပေးလိုက်ပါတယ်။ Weibo ကနေပြောကြားလိုက်တာဖြစ်ပြီး 25 ရက်နေ့ကစပြီး OTA update ပြုလုပ်နိုင်ပါပြီ။ update အသစ်မှာ ဖုန်းမှာဂိမ်းကစားတဲ့အချိန် အဆင်ပြေစေနိုင်မယ့် စွမ်းဆောင်ချက် တွေကို ပြင်ဆင်ပေးလိုက်ပြီး  games နဲ့ video တွေကို  HDR mode နဲ့ခံစားနိုင်တော့မှာပါ။

Xiaomi Black Shark စမတ်ဖုန်းဟာ မျက်နှာပြင်အရွယ်အစား ၆ လက်မ မျာ 2160x1080p (Full HD+, 18:9 ratio) ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့  Snapdragon 845 နဲ့အတူ ဂရပ်ဖစ် Adreno 630 GPU ၊ RAM 8GB ၊ Storage အနေနဲ့ 128 GB ပါဝင်ပါတယ်။  ကင်မရာပိုင်းအနေနဲ့ ဖုန်းနောက်ဘက်ခြမ်းမှာ dual 12MP + 20MP  (f/1.75 aperture lenses) နဲ့ dual-tone LED Flash တွေပါဝင်ပြီး Phase-detection autofocus, 4K capture, HDR, and Portrait Mode စတာတွေလည်းပါဝင်ပါတယ်။ ရှေ့ Selfie  အနေနဲ့ 20MP (f/2.2 aperture lens) ကိုတပ်ဆင်ထားပါတယ်။

Black Shark စမတ်ဖုန်းထဲမှာ integrated liquid cooling system လည်းပါဝင်ပြီး အချိန်အကြာကြီးဂိမ်းဆော့နေစဉ်ဖုန်းအပူလွန်ကဲခြင်းမဖြစ်အောင် CPU temperature ကို 8 degree C ခန့် လျှော့ချပေးနိုင်ပါတယ်။ Fingerprint scanner ကိုဖုန်းရဲ့ရှေ့ဘက်ခြမ်းမှာပဲထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ 4,000 mAh battery အသုံးပြုပေးထားပြီး အမြန်အားသွင်းစနစ်အနေနဲ့ Qualcomm Quick Charge 3.0 နည်းပညာပါဝင်ပါတယ်။ USB Type-C Port ကိုအသုံးပြုထားပါတယ်။ headphone jack တော့မပါဝင်ပါဘူး။ Bluetooth 4.0 technology ပါဝင်ပြီး GamePad နဲ့ချိတ်ဆက်တဲ့အခါမှာလည်း Bluetooth နဲ့ပဲချိတ်ရမှာပါ။ Dual SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပါတယ်။

Leave a Reply