နောက်ကျောဘက်ကင်မရာ၃လုံးနဲ့ ထွက်လာနိုင်တဲ့ Samsung Galaxy S10+

0
1360




unicode

တောင်ကိုရီးယားကုမ္ပဏီအနေနဲ့ Galaxy S10 ကိုအမျိုးအစားသုံးမျိုးနဲ့အတူ မတူညီတဲ့မျက်နှာပြင်အရွယ်အစားတွေနဲ့ ထုတ်လုပ်လာမယ်လို့ သတင်းတွေထွက်နေပါတယ်။ ဗားရှင်း၃မျိုးနဲ့ ထွက်လာမယ့်ဖုန်းမှာ တစ်မျိုးမှာတော့ နောက်ဘက်ကင်မရာ ၃လုံးတပ်ဆင်လာမယ်လို့ ဆိုပါတယ်။ ပြီးတော့ သူ့မှာ in-screen fingerprint scanner လုပ်ဆောင်ချက်ပါ ထည့်သွင်းလာပါလိမ့်မယ်။ Galaxy Sစီးရီးရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ်ထွက်လာမယ့် စမတ်ဖုန်းကို အကောင်းဆုံးလုပ်ဆောင်ချက်တွေနဲ့ ပွဲထုတ်လာဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

Samsung ရဲ့အသစ်ထွက်လာနိုင်မယ့် စမတ်ဖုန်းသုံးမျိုးမှာ အခြေခံဗားရှင်း S10 မှာတော့  5.8” လက်မမျက်နှာပြင်နဲ့ နောက်ကျောဘက်မှာ ကင်မရာ၁လုံးသာတပ်ဆင်ထားမှာပါ။ အဆင့်မြင့် S10+မှာတော့Infinity Display နဲ့အတူ curved edges သုံးလာပြီး ရှည်မျောမျောဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ dual ကင်မရာတပ်ဆင်ထားမှာဖြစ်ပြီး Galaxy S9+ ကိုupgrade ပြုလုပ်ထားတဲ့ ဗားရှင်းဖြစ်နိုင်ပါတယ်။ ထိပ်တန်းအဆင့်မြင့်ဗားရှင်းမှာတော့ in-screen fingerprint scanner လုပ်ဆောင်ကိုသီးသန့် ထည့်သွင်းလာမှာဖြစ်ပြီး၊ နောက်ကျောဘက်မှာ ကင်မရာ၃လုံးတပ်ဆင်ထားနိုင်ပါတယ်။

အစောပိုင်းထွက်ထားတဲ့ အချက်အလက်တွေအရ S10 နဲ့ S10+ဟာ မော်ဒယ်၂မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး full-view curved screen ဒီဇိုင်းမှာ မျက်နှာပြင်ပိုင်းမှာ  5.8 inches နဲ့ 6.3 inches သုံးလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် Samsung S9 နဲ့ S9+ ဖုန်းတွေမှာ  5.77 နဲ့ 6.22 လက်မတွေကို သုံးခဲ့လို့ပါ။ Vivo NEX လိုမျိုး အရှေ့ဘက်ကင်မရာကို  pop-up ပုံစံမျိုးနဲ့ ထွက်လာနိုင်ပါတယ်။ Samsung S10 အနေနဲ့ 4K AMOLED ကိုအသုံးပြုလာနိုင်ပြီး Qualcomm ရဲ့ Snapdragon 855 မှာ 6GB RAM နဲ့ 128GBအချက်အလက်သိုလှောင်နိုင်စွမ်းကို သုံးစွဲလာပါလိမ့်မယ်။ Samsung အနေနဲ့ Galaxy S10+ ဖုန်းကို  Xiaomi MI8 explorer ဗားရှင်းလိုမျိုး  3D structured light နဲ့ထုတ်လာမယ်ဆိုတဲ့ သတင်းလဲထွက်ထားပါသေးတယ်။

Leave a Reply