ဇြန္ ၂၉ တရုတ္မွာ တရားဝင္မိတ္ဆက္သြားေတာ့မယ္ Oppo Find X

0
1223

Oppo အေနနဲ႔ စမတ္ဖုန္းသစ္ျဖစ္တဲ့  Find X ကိုျပင္သစ္ႏိုင္ငံ ပဲရစ္မွာ မိတ္ဆက္ခဲ့ၿပီးသြားပါၿပီ။ Slide ကင္မရာလုပ္ေဆာင္ခ်က္နဲ႔ ဖုန္းဟာလက္ရွိအခ်ိန္မွာ အျခားဖုန္းေတြထက္ ဒီဇုိင္းပိုင္းမွာအေတာ္ေလး ေခတ္ေရွ႕ေျပးေနပါတယ္။ မၾကာခင္အခ်ိန္မွာေတာ့  Oppo အေနနဲ႔  Find X စမတ္ဖုန္းကို ကုမၸဏီအေျခစိုက္ရာ တရုတ္ႏုိင္ငံမွာ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ Oppo Find X ကိုတရုတ္ႏုိင္ငံ ေဘဂ်င္းမွာရွိတဲ့ industrial park မွာယခုလ ၂၉ရက္ေန႔မွာမိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ဒီေန႔မွာ ဖိတ္စာေတြ ျဖန္႔ေဝလိုက္ပါၿပီ။

သူ႕မွာလုပ္ေဆာင္ခ်က္ေတြအေနနဲ႔ Qualcomm ရဲ႕ Snapdragon 845 ပရိုဆက္ဆာကို တပ္ဆင္ထားၿပီး Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) ျဖစ္ပါတယ္။ 8GB RAM နဲ႔အတူ  256GB storage အထိေပးထားပါတယ္။ 8 GB RAM နဲ႔128GB ဗားရွင္းလည္းရွိသလုိ၊ 6GB RAM သုံးထားတဲ့ 64 GB ဗားရွင္းကိုလဲ ေရြးခ်ယ္ႏုိင္ပါလိမ့္မယ္။ Find X မွာအစဥ္အလာပုံစံအတုိင္း လက္ေဗြဖတ္စနစ္မပါဝင္သလို၊ Nex လိုမ်ိဳး under-screen လက္ေဗြဖတ္စနစ္ကို မသုံးထားပါဘူး။ အဲ့ဒီနည္းပညာေတြအစား ဖုန္းကို biometric အသိအမွတ္ျပဳမႈစနစ္နဲ႔ ဝင္ေရာက္ႏုိင္မယ့္3D facial scanner ကိုသုံးေပးထားပါတယ္။

အေရွ႕ဘက္မွာ 25-megapixel  (f/2.0)ကင္မရာကိုတပ္ဆင္ေပးထားၿပီး  3D facial scanning စနစ္နဲ႔ ေထာက္ပံ့ေပးထားပါတယ္။ အေနာက္ဘက္ျခမ္းမွာေတာ့ 16-megapixel + 20-megapixel ကို dual တပ္ဆင္ထားၿပီး Oppo ကုမၸဏီရဲ႕ေျပာၾကားခ်က္အရ ဖုန္းကို unlock ျပဳလုပ္ဖုိ႔ၾကာခ်ိန္ဟာ 0.5 သာရွိမယ္လို႔ ဆိုပါတယ္။  3,730mAh  ဘက္ထရီနဲ႔အတူ အားအျမန္သြင္းဖို႔အတြက္ OnePlus ရဲ႕ Dash Charge နဲ႔အလားသ႑ာန္တူတဲ့ VOOC အားသြင္းစနစ္ပါဝင္ပါတယ္။ dual-SIM ဖုန္းျဖစ္ၿပီး Android 8.1 Oreo ေမာင္းႏွင္မွာ ျဖစ္ပါတယ္။ Oppo အေနနဲ႔ Find X ဖုန္းသစ္ကို ဥေရာပေစ်းကြက္ျဖစ္တဲ့ အီတီလီ၊စပိန္၊ျပင္သစ္နဲ႔ နယ္သာလန္တို႕ကို ၾသဂုတ္လမွာ စတင္ျဖန္႔ခ်ိေပးသြားမွာျဖစ္ပါတယ္။

unicode

Oppo အနေနဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့  Find X ကိုပြင်သစ်နိုင်ငံ ပဲရစ်မှာ မိတ်ဆက်ခဲ့ပြီးသွားပါပြီ။ Slide ကင်မရာလုပ်ဆောင်ချက်နဲ့ ဖုန်းဟာလက်ရှိအချိန်မှာ အခြားဖုန်းတွေထက် ဒီဇိုင်းပိုင်းမှာအတော်လေး ခေတ်ရှေ့ပြေးနေပါတယ်။ မကြာခင်အချိန်မှာတော့  Oppo အနေနဲ့  Find X စမတ်ဖုန်းကို ကုမ္ပဏီအခြေစိုက်ရာ တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ Oppo Find X ကိုတရုတ်နိုင်ငံ ဘေဂျင်းမှာရှိတဲ့ industrial park မှာယခုလ ၂၉ရက်နေ့မှာမိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာ ဖိတ်စာတွေ ဖြန့်ဝေလိုက်ပါပြီ။

သူ့မှာလုပ်ဆောင်ချက်တွေအနေနဲ့ Qualcomm ရဲ့ Snapdragon 845 ပရိုဆက်ဆာကို တပ်ဆင်ထားပြီး Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) ဖြစ်ပါတယ်။ 8GB RAM နဲ့အတူ  256GB storage အထိပေးထားပါတယ်။ 8 GB RAM နဲ့128GB ဗားရှင်းလည်းရှိသလို၊ 6GB RAM သုံးထားတဲ့ 64 GB ဗားရှင်းကိုလဲ ရွေးချယ်နိုင်ပါလိမ့်မယ်။ Find X မှာအစဉ်အလာပုံစံအတိုင်း လက်ဗွေဖတ်စနစ်မပါဝင်သလို၊ Nex လိုမျိုး under-screen လက်ဗွေဖတ်စနစ်ကို မသုံးထားပါဘူး။ အဲ့ဒီနည်းပညာတွေအစား ဖုန်းကို biometric အသိအမှတ်ပြုမှုစနစ်နဲ့ ဝင်ရောက်နိုင်မယ့်3D facial scanner ကိုသုံးပေးထားပါတယ်။

အရှေ့ဘက်မှာ 25-megapixel  (f/2.0)ကင်မရာကိုတပ်ဆင်ပေးထားပြီး  3D facial scanning စနစ်နဲ့ ထောက်ပံ့ပေးထားပါတယ်။ အနောက်ဘက်ခြမ်းမှာတော့ 16-megapixel + 20-megapixel ကို dual တပ်ဆင်ထားပြီး Oppo ကုမ္ပဏီရဲ့ပြောကြားချက်အရ ဖုန်းကို unlock ပြုလုပ်ဖို့ကြာချိန်ဟာ 0.5 သာရှိမယ်လို့ ဆိုပါတယ်။  3,730mAh  ဘက်ထရီနဲ့အတူ အားအမြန်သွင်းဖို့အတွက် OnePlus ရဲ့ Dash Charge နဲ့အလားသဏ္ဍာန်တူတဲ့ VOOC အားသွင်းစနစ်ပါဝင်ပါတယ်။ dual-SIM ဖုန်းဖြစ်ပြီး Android 8.1 Oreo မောင်းနှင်မှာ ဖြစ်ပါတယ်။ Oppo အနေနဲ့ Find X ဖုန်းသစ်ကို ဥရောပဈေးကွက်ဖြစ်တဲ့ အီတီလီ၊စပိန်၊ပြင်သစ်နဲ့ နယ်သာလန်တို့ကို သြဂုတ်လမှာ စတင်ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။

Leave a Reply