ပိုမို အဆင့္ျမင့္လာတဲ့ S Pen Sytlus ပါလာမယ့္ Samsung Galaxy Note 9

0
1535

တရုတ္ကေန ေပါက္ၾကားထြက္ေပၚလာတဲ့ သတင္းအရ Samsung Galaxy Note 9 ရဲ႕ S Pen Stylus ဟာ Note 8 ရဲ႕ S Pen Stylus ထက္ ပိုမို အဆင့္ျမင့္လာမွာ ျဖစ္ပါတယ္။ Note 8 မွာေတာ့ ဖိအား လယ္ဗယ္ ၄၀၉၆ အထိ အာရံုခံႏုိင္တဲ့ ဒစ္ဂ်စ္တယ္ ေဘာပင္ထည့္ေပးထားတာပါ။

ဒါ့အျပင္ ယခင္ကလည္း Note 9 ရဲ႕ သတင္းအခ်က္အလက္မ်ား ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ Note 9 မွာ Note 8 ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားထက္ အနည္းငယ္ ပိုမို ႀကီးမားတဲ့ ၆.၄ လက္မ အရြယ္ မ်က္ႏွာျပင္ကို ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ မ်က္ႏွာျပင္ အရြယ္အစား အပိုင္းမွာ Note 9 နဲ႔ S9+ တို႔ဟာ မတိမ္းမယိမ္း ျဖစ္လာပါတယ္။

Galaxy Note 9 ရဲ႕ ကင္မရာဟာ Galaxy S9 Plus ထက္ေတာင္ ပိုေကာင္းမယ္လို႔ သိရပါတယ္။ Bloomberg က Samsung ဟာ Galaxy Note 9 ရဲ႕ ကင္မရာ အစိတ္အပိုင္းမ်ားကို ဆန္းသစ္ထားမယ္လို႔ ေျပာပါတယ္။ ယခင္ႏွစ္က Galaxy Note 8 မွာ ဆမ္ေဆာင္းဟာ အေနာက္ကင္မရာႏွစ္လံုး စနစ္ကို စတင္ ထည့္သြင္းထားပါတယ္။ ယခုႏွစ္ အေစာပိုင္းမွာ မိတ္ဆက္ခဲ့တဲ့ Galaxy S9 Plus မွာလည္း အေနာက္ကင္မရာ ႏွစ္လံုး ထည့္သြင္းေပးခဲ့ပါတယ္။

Note 9 မွာ Note 8 ရဲ႕ 3300mAh Battery ထက္ ပိုိမုိႀကီးမားတဲ့ 3850mAh or 4000mAh Battery မ်ား ပါလာႏုိင္ပါတယ္။ Galaxy Note 9 ကို ၾသဂုတ္လ ၉ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ေနပါတယ္။ ယခင္ကေတာ့ အဲဒီ ဖုန္းမွာ Qualcomm Snapdragon 845 Chipset ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ ေနာက္ပိုင္း သတင္းအခ်က္အလက္မ်ား အရေတာ့ သူ႔မွာ ဆမ္ေဆာင္း ကိုယ္တိုင္ ဖန္တီးထားတဲ့ Exynos 9810 CPU ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ RAM ကေတာ့ 6GB ပါမယ္လို႔ သိရပါတယ္။

unicode

ပိုမို အဆင့်မြင့်လာတဲ့ S Pen Sytlus ပါလာမယ့် Samsung Galaxy Note 9

တရုတ်ကနေ ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းအရ Samsung Galaxy Note 9 ရဲ့ S Pen Stylus ဟာ Note 8 ရဲ့ S Pen Stylus ထက် ပိုမို အဆင့်မြင့်လာမှာ ဖြစ်ပါတယ်။ Note 8 မှာတော့ ဖိအား လယ်ဗယ် ၄၀၉၆ အထိ အာရုံခံနိုင်တဲ့ ဒစ်ဂျစ်တယ် ဘောပင်ထည့်ပေးထားတာပါ။

ဒါ့အပြင် ယခင်ကလည်း Note 9 ရဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ Note 9 မှာ Note 8 ရဲ့ မျက်နှာပြင် အရွယ်အစားထက် အနည်းငယ် ပိုမို ကြီးမားတဲ့ ၆.၄ လက်မ အရွယ် မျက်နှာပြင်ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင် အရွယ်အစား အပိုင်းမှာ Note 9 နဲ့ S9+ တို့ဟာ မတိမ်းမယိမ်း ဖြစ်လာပါတယ်။

Galaxy Note 9 ရဲ့ ကင်မရာဟာ Galaxy S9 Plus ထက်တောင် ပိုကောင်းမယ်လို့ သိရပါတယ်။ Bloomberg က Samsung ဟာ Galaxy Note 9 ရဲ့ ကင်မရာ အစိတ်အပိုင်းများကို ဆန်းသစ်ထားမယ်လို့ ပြောပါတယ်။ ယခင်နှစ်က Galaxy Note 8 မှာ ဆမ်ဆောင်းဟာ အနောက်ကင်မရာနှစ်လုံး စနစ်ကို စတင် ထည့်သွင်းထားပါတယ်။ ယခုနှစ် အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Galaxy S9 Plus မှာလည်း အနောက်ကင်မရာ နှစ်လုံး ထည့်သွင်းပေးခဲ့ပါတယ်။

Note 9 မှာ Note 8 ရဲ့ 3300mAh Battery ထက် ပိုမိုကြီးမားတဲ့ 3850mAh or 4000mAh Battery များ ပါလာနိုင်ပါတယ်။ Galaxy Note 9 ကို သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ ယခင်ကတော့ အဲဒီ ဖုန်းမှာ Qualcomm Snapdragon 845 Chipset ထည့်သွင်းထားမယ်လို့ သိရပါတယ်။ နောက်ပိုင်း သတင်းအချက်အလက်များ အရတော့ သူ့မှာ ဆမ်ဆောင်း ကိုယ်တိုင် ဖန်တီးထားတဲ့ Exynos 9810 CPU ထည့်သွင်းထားမယ်လို့ သိရပါတယ်။ RAM ကတော့ 6GB ပါမယ်လို့ သိရပါတယ်။

Leave a Reply