Posted on Leave a comment





unicode

Apple က iOS 12 Public Beta ကို ဖြန့်ချီ

Apple က အိုင်ဖုန်း၊ အိုင်ပတ် အဟောင်းများကို အလွန် လျှင်မြန်သွားစေမယ့် iOS 12 Public Beta ကို ထုတ်ပေးလိုက်ပါပြီ။ ဥပမာအားဖြင့် iPhone 6 Plus ဟာ Apps များကို ဖွင့်တဲ့အခါမှာ ၄၀ ရာခိုင်နှုန်း၊ ကင်မရာ App ကို ဖွင့်တဲ့အခါမှာ ၇၀ ရာခိုင်နှုန်းနဲ့ ကီးဘုတ်ကို သုံးတဲ့အခါမှာ ၅၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်လာပါတယ်။

App များအတွက် ပရိုဂရမ် ရေးဆွဲနိုင်တဲ့ Siri Shortcuts တော့ မပါလာသေးပါဘူး။ ဒါ့အပြင် Apple ကြေညာထားတဲ့ iOS 12 ရဲ့ လုပ်ဆောင်ချက် အားလုံးတော့ Public Beta Version မှာ မပါလာသေးပါဘူး။ လုပ်ဆောင်ချက် အားလုံးကို နောက်ပိုင်းထုတ် Beta Update သို့မဟုတ် ဖိုင်နယ်ဗားရှင်းမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

ယခု Update မှာတော့ Measure အမည်ရ App အသစ်လည်း ထည့်သွင်းထားပါတယ်။ Apple News, Stocks , Voice Memos , CarPlay များကိုလည်း ဆန်းသစ်ထားပါတယ်။ Memoji ဟာလည်း iOS 12 Public Beta ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါလာတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ သူတို့ကို FaceTime နဲ့ Group FaceTime များမှာ အသုံးပြုနိုင်ပါတယ်။ Grouped Notifications , Group FaceTime နဲ့ Multiplayer Gaming များအတွက် ARKit 2 များကိုလည်း ပိုမို ကောင်းမွန်အောင် ဖန်တီးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.