
0
1556




unicode

၁၇၀ ဒေါ်လာသာ ရှိတဲ့ Xiaomi Mi Pad 4 ကို ကြေညာပြီ

သတင်းတွေထွက်နေတဲ့ Xiaomi Mi Pad 4 ကိုတော့ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ သူ့ကို ယခုလ ၂၉ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ 3/32GB WiFi Version ကို ၁၇၀ ဒေါ်လာနဲ့ 4/64GB Version (LTE မပါတဲ့) ကို ၂၁၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ LTE ပါတဲ့ မော်ဒယ်ကို ၂၃၀ ဒေါ်လာဖြင့် ဝယ်ယူနိုင်ပါတယ်။ အနက်နဲ့ နှင်းဆီ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။

သူ့မှာ ၈ လက်မ 1920x1200p Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 16:10 ဖြစ်ပါတယ်။ သူ့မှာ စွမ်းဆောင်ရည်သင့် Snapdragon 660 Chipset ထည့်သွင်းထားပါတယ်။ Chipset မှာ 2.2GHz Octa-Core CPU နဲ့ Adreno 512 GPU များပါပါတယ်။ LTE ဆက်သွယ်မှုလည်း ပါပါတယ်။ /32GB or 4/64GB များ ရွေးချယ်နိုင်ပါတယ်။

အနောက်ဘက်မှာ Full HD Video များ ရိုက်ကူးနိုင်ပြီး HDR Mode ပါတဲ့ 13MP Main Camera ပါပါတယ်။ အရှေ့ဘက်မှာ 5MP Camera ထည့်သွင်းထားပြီး AI Face Unlock နည်းပညာပါပါတယ်။ LED Flash တော့ မပါပါဘူး။ ဘက်ထရီက 6600mAh ဖြစ်ပါတယ်။ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ USB-C Port ထည့်သွင်းထားပါတယ်။ WiFi , Bluetooth 5.0 ဆက်သွယ်မှုများ ပါပါတယ်။

Leave a Reply