သံုးပတ္အတြင္း ၁ သန္းေက်ာ္ ေရာင္းခ်ရတဲ့ Xiaomi Mi 8 Series မ်ား

0
1517

Mi 8 ကို ယခုလ ၅ ရက္ေန႔မွာ တရုတ္တြင္ စတင္ ေရာင္းခ်ေပးခဲ့ပါတယ္။ 6/64GB Version ကို ၄၂၀ ေဒၚလာ နဲ႔ 6/128GB Version ကို ၅၁၅ ေဒၚလာ ၀န္းက်င္ သတ္မွတ္ထားပါတယ္။ Explorer Edition မွာ 8GB/128GB ထည့္သြင္းထားၿပီး ေဒၚလာ ၆၀၀ ၀န္းက်င္ က်သင့္မွာပါ။ Mi 8 SE ရဲ႕ 4GB/64GB Model ကို ၂၈၂ ေဒၚလာ ၊ 6GB/64GB Model ကို ၃၁၃ ေဒၚလာ သတ္မွတ္ထားပါတယ္။

အဲဒီ သံုးလံုးထဲမွာ ပထမႏွစ္လံုးကိုသာ လက္ရွိမွာ ေရာင္းခ်ေပးထားပါတယ္။ ေနာက္ဆံုးေမာ္ဒယ္ကို ဇူလိုင္မွာ ေရာင္းခ်မယ္လို႔ ထင္ရပါတယ္။ အခုေတာ့ ေရွာင္မီရဲ႕ ကမာၻလံုးဆိုင္ရာ ေျပာေရးဆိုခြင့္ရွိသူ Donovan Sung က သံုးပတ္အတြင္းမွာ Mi 8 Series မ်ား အလံုးေရ ၁ သန္းေက်ာ္ ေရာင္းခ်ရတယ္လို႔ ေျပာပါတယ္။ အတိအက်အားျဖင့္ ၁၈ ရက္အတြင္းမွာ ဒီပမာဏကို ေရာင္းခ်ႏုိင္တာလို႔ သူက ေျပာပါတယ္။

Xiaomi Mi 8 ကို တရုတ္မွာ ၅ ရက္ေန႔က ေရာင္းခ်ေပးခဲ့ၿပီး တစ္မိနစ္အတြင္းမွာ ပစၥည္းျပတ္သြားခဲ့ပါတယ္။ အတိအက်အားျဖင့္ ၃၇ စကၠန္႔ေလာက္အတြင္းမွာ ေရာင္းကုန္သြားတယ္လို႔ ေရွာင္မီက တရား၀င္ ထုတ္ျပန္ေၾကညာပါတယ္။ ပထမအသုတ္မွာ ဖုန္း အေရအတြက္ ဘယ္ေလာက္ ေရာင္းေပးခဲ့သလဲဆိုတာကိုေတာ့ ေရွာင္မီက မေျပာခဲ့ပါဘူး။ ေနာက္ထပ္ တစ္သုတ္ကို ဇြန္လ ၁၂ ရက္ေန႔မွာ တရုတ္တြင္ ေရာင္းေပးခဲ့ပါတယ္။

Mi 8 ကို ကမာၻအ၀န္းမွာ ေရာင္းခ်ေပးေနပါၿပီ။ ေရွာင္မီရဲ႕ အြန္လိုင္း ဖိုရမ္ တစ္ဦးမွာ Moderator တစ္ဦးက ျပင္သစ္နဲ႔ ရုရွားတို႔မွာ ေရာင္းခ်ေပးေနၿပီလို႔ ေျပာပါတယ္။ ကမာၻအ၀န္းမွာ မၾကာခင္ ၀ယ္ယူႏိုင္ေတာ့မွာပါ။

unicode

သုံးပတ်အတွင်း ၁ သန်းကျော် ရောင်းချရတဲ့ Xiaomi Mi 8 Series များ

Mi 8 ကို ယခုလ ၅ ရက်နေ့မှာ တရုတ်တွင် စတင် ရောင်းချပေးခဲ့ပါတယ်။ 6/64GB Version ကို ၄၂၀ ဒေါ်လာ နဲ့ 6/128GB Version ကို ၅၁၅ ဒေါ်လာ ဝန်းကျင် သတ်မှတ်ထားပါတယ်။ Explorer Edition မှာ 8GB/128GB ထည့်သွင်းထားပြီး ဒေါ်လာ ၆၀၀ ဝန်းကျင် ကျသင့်မှာပါ။ Mi 8 SE ရဲ့ 4GB/64GB Model ကို ၂၈၂ ဒေါ်လာ ၊ 6GB/64GB Model ကို ၃၁၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

အဲဒီ သုံးလုံးထဲမှာ ပထမနှစ်လုံးကိုသာ လက်ရှိမှာ ရောင်းချပေးထားပါတယ်။ နောက်ဆုံးမော်ဒယ်ကို ဇူလိုင်မှာ ရောင်းချမယ်လို့ ထင်ရပါတယ်။ အခုတော့ ရှောင်မီရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Donovan Sung က သုံးပတ်အတွင်းမှာ Mi 8 Series များ အလုံးရေ ၁ သန်းကျော် ရောင်းချရတယ်လို့ ပြောပါတယ်။ အတိအကျအားဖြင့် ၁၈ ရက်အတွင်းမှာ ဒီပမာဏကို ရောင်းချနိုင်တာလို့ သူက ပြောပါတယ်။

Xiaomi Mi 8 ကို တရုတ်မှာ ၅ ရက်နေ့က ရောင်းချပေးခဲ့ပြီး တစ်မိနစ်အတွင်းမှာ ပစ္စည်းပြတ်သွားခဲ့ပါတယ်။ အတိအကျအားဖြင့် ၃၇ စက္ကန့်လောက်အတွင်းမှာ ရောင်းကုန်သွားတယ်လို့ ရှောင်မီက တရားဝင် ထုတ်ပြန်ကြေညာပါတယ်။ ပထမအသုတ်မှာ ဖုန်း အရေအတွက် ဘယ်လောက် ရောင်းပေးခဲ့သလဲဆိုတာကိုတော့ ရှောင်မီက မပြောခဲ့ပါဘူး။ နောက်ထပ် တစ်သုတ်ကို ဇွန်လ ၁၂ ရက်နေ့မှာ တရုတ်တွင် ရောင်းပေးခဲ့ပါတယ်။

Mi 8 ကို ကမ္ဘာအဝန်းမှာ ရောင်းချပေးနေပါပြီ။ ရှောင်မီရဲ့ အွန်လိုင်း ဖိုရမ် တစ်ဦးမှာ Moderator တစ်ဦးက ပြင်သစ်နဲ့ ရုရှားတို့မှာ ရောင်းချပေးနေပြီလို့ ပြောပါတယ်။ ကမ္ဘာအဝန်းမှာ မကြာခင် ဝယ်ယူနိုင်တော့မှာပါ။

Leave a Reply