ထိပ္တန္း တရုတ္စမတ္ဖုန္း(၈)လံုး

0
1848

Zawgyi Version

ဆန္းသစ္ျခင္း၊ ဆြဲေဆာင္မႈရွိျခင္း၊ စိတ္၀င္စားဖြယ္ေကာင္းျခင္းမ်ားနဲ႕ျပည့္စံုေသာဖုန္းမ်ား

မဟုတ္တရုတ္တို႕ တရုတ္စပ္ တစ္ရက္စုတ္တို႕ေျပာေနတာေတြ ရပ္လုိက္ပါေတာ့ iPhone ကလုန္းေတြကို ျမင္ခဲ့ေပါင္းလည္း မ်ားေနပါျပီ။ ဒါေပမယ့္ ျပီးခဲ့တဲ့ႏွစ္ေတြမွာ တရုတ္ႏုိင္ငံရဲ႕ဖုန္းထုတ္လုပ္သူေတြဆီကေန ဆန္းသစ္ျခင္း၊ ဆြဲေဆာင္မႈရွိျခင္း၊ စိတ္၀င္စားဖြယ္ေကာင္းျခင္းမ်ားနဲ႕ျပည့္စံုတဲ့ ဖုန္းေတြကို ေတြ႕ျမင္လိုက္ရပါတယ္။ ဒီေတာ့ တရုတ္ဖုန္းေတြကိုလည္း အာရံုစိုက္သင့္တယ္လို႕ မေတြးမိဘူးလား။ အာရံုမစိုက္မိခဲ့တာေၾကာင့္ မသိတာျဖစ္ပါလိမ့္မယ္။

မမိုက္တာကေတာ့ အဲဒီဖုန္းေတြက ယူအက္စ္မွာမရပါဘူး။ ဒီေတာ့ အျပင္ကေန၀ယ္ယူရမွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႕ျမန္မာႏုိင္ငံမွာဆိုရင္ေတာ့ အလြယ္တကူပဲ၀ယ္လို႕ရပါတယ္။ အဲဒီဖုန္းအခ်ိဳ႕ကေတာ့ Google services ေတြ အသံုးျပဳလို႕မရပါဘူး။ ဒီေတာ့ Play Store သံုးလို႕မရေတာ့ဘူးေပါ့။

ယူအက္စ္မွာေနထိုင္ေနတယ္ဆိုရင္ေတာ့ ၀ယ္ဖို႕မတိုက္တြန္းခ်င္ပါဘူး။ ဒါေပမယ့္လည္း ဒီလိုဖုန္းမ်ိဳးေတြလည္း ေစ်းကြက္မွာရွိေနေသးတယ္ဆိုတာ သိထားသင့္ပါတယ္။ LG ၊ Samsung ဖုန္းေတြကို သိထားၾကပါတယ္။ ဒီေတာ့ တရုတ္ဖုန္းေတြကလည္း ဘယ္ေလာက္ေတာင္ လက္စြမ္းထက္ေနလဲ ရွဳစားလိုက္ရေအာင္။

VIVO NEX S

Image result for VIVO NEX S

  • 6.6-inch 1080p OLED display, no notch
  • 12-megapixel and 5-megapixel primary cameras
  • Pop-up 8-megapixel selfie camera
  • In-display fingerprint sensor
  • Snapdragon 845 processor
  • 256GB storage, 8GB RAM
  • Headphone jack

Vivo က Nex series လို႕ေခၚတဲ့ ဒီႏွစ္ Mobile World Congress မွာေၾကညာထားတဲ့ super cool Apex concept ဖုန္းေလးကို ေၾကညာလိုက္ပါတယ္။ Nex S flagship က Apex ရဲ႕ မ်က္ႏွာျပင္တ၀က္ လက္ေဗြအာရံုခံစနစ္မပါ၀င္ေပမယ့္လည္း pop-up selfie ကင္မရာေလးနဲ႕ ဆြဲေဆာင္ထားႏုိင္ပါတယ္။

ဒါေၾကာင့္ Nex S မွာ ၾကီးမားတဲ့ ၆.၆လက္မမ်က္ႏွာျပင္ရွိျပီးေတာ့ ေအာက္ေဘာင္ကလည္း က်ဥ္းပါတယ္။ မ်က္ႏွာျပင္ေအာက္က လက္ေဗြစနစ္ကိုထည့္သြင္းထားပါတယ္။ ဒါေပမယ့္လည္း လက္မအရြယ္အစားေလာက္သာ ပါ၀င္ႏုိင္ပါေသးတယ္။

ဒီလိုေခတ္လြန္ခံစားမႈေတြနဲ႕အတူ ဘာေတြျပန္လည္ေပးဆပ္ရမလဲဆိုတာလည္း စဥ္းစားရမယ္ေလ။ ဒီေတာ့ အေၾကာင္းစံုကိုဆက္လက္နားစြင့္ေနၾကပါဦးစို႕။

OPPO FIND X

Image result for OPPO FIND X

  • 6.4-inch 1080p OLED display, no notch
  • 16-megapixel and 20-megapixel primary cameras
  • Elevating 25-megapixel selfie camera
  • 3D face scanning
  • Snapdragon 845 processor
  • 256GB of storage, 8GB of RAM

Oppo ရဲ႕ flagship အသစ္ကေတာ့ Nex S နဲ႕ ဆင္တူပါတယ္။ Notch Problem ကို ေျဖရွင္းဖို႕အတြက္ ေမာ္တာတပ္ထားတဲ့ကင္မရာကို အသံုးျပဳခဲ့ပါတယ္။ Find X ရဲ႕နည္းလမ္းကေတာ့ ရွဳပ္ေထြးျပီး မိုက္ေတာ့မိုက္ပါတယ္။ ဖုန္းရဲ႕အေနာက္ဘက္ panel ေလးက ထိုးထြက္လာျပီးေတာ့ ကင္မရာေလးနဲ႕ 3D face-scanning array ေလးကို ထုတ္ျပေပးမွာပါ။

လက္ေဗြႏွိပ္ေနစရာ၊ တစ္ေနရာရာကိုထိေနစရာမလိုအပ္ဘဲ ဖုန္းကို unlock လုုပ္လုိက္တာနဲ႕ အလိုအေလ်ာက္တက္လာမွာပါ။ ဒီေတာ့ နည္းနည္းစဥ္းစားစရာပါပဲ။ ေမာ္တာတပ္ထားတဲ့ကင္မရာေလးက ဆယ္လ္ဖီ၊ ဗြီဒီယိုဖုန္းေခၚဆိုမႈေတြကိုသာ လုပ္ေဆာင္ႏုိင္မွာပါ။ လႈပ္ရွားႏုိင္တဲ့အစိတ္အပိုင္းေတြ ပါ၀င္ေနတဲ့အတြက္ေၾကာင့္ ဖုန္းကိုမာေက်ာေတာင့္တင္းေနေအာင္ လုပ္ေဆာင္ထားပါတယ္။

Find X ကေတာ့ notch ကိုေျဖရွင္းဖုိ႕အတြက္ လုပ္ေဆာင္လုိက္တာျဖစ္ပါတယ္။ Find X ကုိေတာ့ ယူအက္စ္မွာ ေတြ႕ျမင္ရလိမ့္မယ္လို႕ ေျပာထားပါတယ္။ အေသးစိတ္ကေတာ့ မသိရေသးပါဘူး။ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၁၁၆၀ ျဖစ္ႏုိင္ပါတယ္။

XIAOMI MI MIX 2S

Image result for XIAOMI MI MIX 2S

  • 6-inch 1080p LCD, no notch
  • 12-megapixel dual cameras
  • 5-megapixel selfie camera below screen
  • Snapdragon 845 processor
  • 256GB of storage, 8GB of RAM
  • Rear-mounted fingerprint sensor

Xiaomi ရဲ႕ စြမ္းေဆာင္ရည္ျမင့္ဖုန္းျဖစ္ျပီးေတာ့ ေဘာင္နည္းဒီဇိုင္းကေတာ့ ေနာက္ထပ္ iteration တစ္ခုကို ေရာက္လာခဲ့ပါျပီ။ Mi Mix 2 ဟာ မူရင္းဗားရွင္းထက္ ပိုေကာင္းေအာင္ျပင္ဆင္ထားပါတယ္။ ၾကိဳးမဲ့အားသြင္းစနစ္၊ ကင္မရာႏွစ္လံုး ၊ Qualcomm ရဲ႕ အျမန္ဆံုး ပရိုဆက္ဆာျဖစ္တဲ့ Snapdragon 845 ကို အသံုးျပဳထားပါတယ္။

Display ရဲ႕ထိပ္ပုိင္းမွာ notch မပါ၀င္ေပမယ့္လည္း ေကာင္းတာေတာ့ မဟုတ္ပါဘူး။ ဆယ္လ္ဖီကင္မရာကို ေအာက္ဘက္မွာထည့္သြင္းေပးထားတဲ့အတြက္ေၾကာင့္ ေျပာင္းျပန္ရိုက္ကူးရမယ့္အေနအထားမွာ ရွိေနပါတယ္။ သင့္ရဲ႕အသံုးျပဳမႈကိုလိုက္ျပီးေတာ့ အသံုး၀င္တယ္ မ၀င္ဘူးဆိုတာ ဆံုးျဖတ္ရမွာပါ။

HUAWEI P20 PRO

Image result for HUAWEI P20 PRO

  • 6.1-inch 1080p OLED display with notch
  • Hisilicon Kirin 970 processor
  • 128GB of storage, 6GB of RAM
  • Triple camera system with 40-megapixel primary sensor, 20-megapixel monochrome sensor, and 8-megapixel 3x telephoto lens
  • 24-megapixel selfie camera
  • Front-mounted fingerprint sensor

P20 Pro ကေတာ့ ၂၀၁၈ ရဲ႕ အေကာင္းဆံုးဖုန္းတစ္လံုးျဖစ္ပါတယ္။ ေဘာင္နည္းဒီဇုိင္း၊ ဦးေဆာင္ေနတဲ့ ကင္မရာသံုးလံုးစနစ္၊ ဘတ္ထရီအလန္းစားေတြေၾကာင့္ ေ၀ဖန္ေနစရာမလိုအပ္ေတာ့ပါဘူး။

Huawei ရဲ႕ EMUI software ဟာ ေကာင္းမြန္ေနျပီးေတာ့ iOS ကို ကူးခ်သလိုေတာင္ ျဖစ္ေနပါတယ္။ iOS ကို မွီျငမ္းထားတာျဖစ္ေပမယ့္လည္း hardware design ပိုင္းမွာေတာ့ ကိုယ္ပိုင္စိတ္ကူးေတြကို အသံုးျပဳထားၾကတာပါ။ software ပိုင္းမွာလည္း ဒီလိုျဖစ္ရင္ေကာင္းမယ္ထင္ပါတယ္။

MEIZU 15

Image result for MEIZU 15

  • 5.5-inch 1080p OLED display
  • 12-megapixel and 20-megapixel primary cameras
  • 20-megapixel selfie camera
  • Snapdragon 660 processor
  • 4GB of RAM, 128GB of storage
  • Rear-mounted fingerprint sensor
  • Headphone jack

Meizu ကေတာ့ အေနာက္တုိင္းကိုထိုးေဖာက္ေနတဲ့ တရုတ္ဖုန္းလုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူ႕ရဲ႕ေစ်းကြက္ရွယ္ယာေတြက Oppo နဲ႕ Xiaomi တို႕ဆီကိုု ပါေနပါျပီ။ Meizu 15 ကေတာ့ ဒီႏွစ္အတြက္ အၾကိဳက္ဆံုးဒီဇိုင္းျဖစ္ေနပါတယ္။

15 က ၂၀၁၈ ရဲ႕ ေရစီးေၾကာင္းကို လိုက္ထားတာမဟုတ္ေပမယ့္လည္း သူ႕မွာ ၅.၅လက္မ 16:9 1080p panel ကို အသံုးျပဳထားပါတယ္။ iPhone 8 Plus ကို စြမ္းေဆာင္ရည္သင့္ အခ်က္အလက္ေတြနဲ႕လို႕ စိတ္ကူးၾကည့္လိုက္ပါ။ ေဘာင္ေတြအမ်ားၾကီးမပါဘူးဆိုရင္ ျမင္ေလာက္မလား။ ဒါေပမယ့္လည္း ဘယ္နဲ႕ညာမွာေတာ့ ဘယ္လိုေတြျဖစ္ေနလဲ ျမင္သာမွာမဟုတ္ပါဘူး။ Meizu က ေဘးေဘာင္ေတြက်ဥ္းေအာင္လုပ္မထားသလို၊ မ်က္ႏွာျပင္ေအာက္က လက္ေဗြစနစ္ကိုလည္း လုပ္ေဆာင္ထားျခင္းမရွိပါဘူး။ ဒါေပမယ့္လည္း သင့္ေတာ္တဲ့ haptics system ေလးကိုေတာ့ home button ေလးမွာ ထည့္ေပးထားပါတယ္။

ဓါတ္ပံုေတြထဲကနဲ႕ သိပ္မတူေပမယ့္လည္း Meizu 15 ကေတာ့ ဒီႏွစ္အတြက္ ကိုင္လို႕ေကာင္းမယ့္ဖုန္းတစ္လံုး ျဖစ္လာႏုိင္ပါတယ္။

VIVO X21

Image result for VIVO X21

  • 6.3-inch 1080p OLED display
  • In-display fingerprint sensor
  • Snapdragon 660 processor
  • 128GB of storage, 6GB of RAM
  • 12-megapixel and 5-megapixel dual cameras, 12-megapixel selfie camera
  • Headphone jack
  • Micro USB charging

Vivo X21 က NEX S ေလာက္ အရမ္းမမိုက္ေပမယ့္လည္း ဂယက္ထေစႏုိင္တဲ့ဖုန္းတစ္လံုးပါပဲ။ မ်က္ႏွာျပင္ေအာက္က လက္ေဗြစနစ္ပါ၀င္တဲ့ဖုန္းအျဖစ္နဲ႕ သတ္မွတ္လို႕ရပါတယ္။ အခ်ိ္န္အေတာ္ၾကာေအာင္ ဖုန္းေလာကမွာ လုပ္ေဆာင္ေနခဲ့ၾကတဲ့ဒီဇုိင္းေလးပါ။ လုပ္ေဆာင္မႈေကာင္းေကာင္းလည္းရွိတာဆိုေတာ့ မိုက္ျပီေလ။

သာမန္လက္ေဗြစနစ္ထက္ေတာ့ နည္းနည္းေလးေႏွးႏုိင္တယ္ဆိုေပမယ့္လည္း ကၽြန္ေတာ္တို႕ သတိမထားမိေလာက္တဲ့အေနအထားပါ။ Vivo X21 သံုးျပီးသြားရင္ အေနာက္ဘက္လက္ေဗြစနစ္ေတြကို သံုးရတာ ခက္ခဲသလုိေတာင္ ျဖစ္သြားလိမ့္မယ္။

X21 ကေတာ့ Nex S ထက္ ေစ်းသက္သာပါတယ္။ ေစ်းကြက္အမ်ိဳးမ်ိဳးမွာလည္း ရႏုိင္စြမ္းရွိပါတယ္။ soccer World Cup နဲ႕လည္း ေစ်းကြက္ထိုးေဖာက္သြားဦးမွာပါ။

OPPO R15 PRO

Image result for OPPO R15 PRO

  • 6.3-inch 1080p OLED display
  • Rear-mounted fingerprint sensor
  • Snapdragon 660 processor
  • 128GB of storage, 6GB of RAM
  • 16-megapixel and 20-megapixel dual cameras
  • 20-megapixel selfie camera
  • Headphone jack
  • Micro USB charging

Oppo ရဲ႕ R15 Pro ကေတာ့ Vivo X21 နဲ႕ OnePlus 6 ၾကားကဖုန္းေလးတစ္လံုး ျဖစ္ပါတယ္။ X21 ရဲ႕ မ်က္ႏွာျပင္ေအာက္က လက္ေဗြစနစ္မပါ၀င္ေပမယ့္လည္း 6 ရဲ႕ main ကင္မရာနဲ႕ အားအျမန္သြင္းစနစ္ကို အသံုးျပဳထားပါတယ္။ ျပီးေတာ့ ဆြဲေဆာင္မႈရွိတဲ့ဒီဇုိင္းလို႕ ျမင္မိတယ္။ အနီေရာင္ေလးက က်က္သေရနဲ႕ျပည့္စံုလြန္းလွတယ္။

X21 လုိပဲ စြမ္းေဆာင္ရည္ကေတာ့ Qualcomm Snapdragon 660 processor ကို အသံုးျပဳထားပါတယ္။ Micro USB port ကို ေတြ႕ျမင္ရမွာျဖစ္ျပီးေတာ့ Oppo ရဲ႕ VOOC အားအျမန္သြင္းစနစ္ကို ခံစားရမွာပါ။

XIAOMI MI 8

Image result for XIAOMI MI 8

  • 6.2-inch 1080p OLED with notch
  • 12-megapixel dual cameras with telephoto
  • 20-megapixel selfie camera
  • 6GB of RAM, up to 256GB of storage
  • Transparent “Explorer Edition” with 8GB of RAM and 128GB of storage
  • Rear-mounted fingerprint sensor

Xiaomi ရဲ႕ ေနာက္ထပ္ flagship ကေတာ့ သမားရိုးက်နဲ႕ ခြဲထြက္ေနပါတယ္။ Mi 8 ကေတာ့ notch ပါ၀င္ျပီးေတာ့ မထူးျခားနားေပမယ့္ Explorer Edition ကေတာ့ လန္ထြက္ေနတာပဲမဟုတ္လား။

Xiaomi Mi လိုင္းကေတာ့ ဒီဇိုင္းကန္႕သတ္ခ်က္ေတြကို တြန္းဖယ္လုိက္ပါျပီ။ ေစ်းႏႈန္းခပ္မုိက္မုိက္နဲ႕ လမ္းေၾကာင္းေပၚကမဆင္းဘဲ ထုတ္လုပ္ေနခဲ့တာပါ။ အထက္တန္းအခ်က္အလက္ေတြနဲ႕၊ Snapdragon 845 processor တို႕ေၾကာင့္ ေဒၚလာ၄၂၀ ပတ္၀န္းက်င္ရွိပါတယ္။ ဒါေပမယ့္လည္း OnePlus 6 ထက္ေတာ့ သက္သာပါတယ္။

Snapdragon 770 ကိုေတာ့ Mi 8 SE မွာ အသံုးျပဳထားမွာပါ။ ေစ်းႏႈန္းကေတာ့ ေဒၚလာ၂၈၀ ျဖစ္ပါတယ္။ ေစ်းႏႈန္းနဲ႕ အခ်က္အလက္ေတြကေတာ့ စဥ္းစားဖို႕ေကာင္းေနပါတယ္။

Unicode Version

ဆန်းသစ်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ စိတ်ဝင်စားဖွယ်ကောင်းခြင်းများနဲ့ပြည့်စုံသောဖုန်းများ
မဟုတ်တရုတ်တို့ တရုတ်စပ် တစ်ရက်စုတ်တို့ပြောနေတာတွေ ရပ်လိုက်ပါတော့ iPhone ကလုန်းတွေကို မြင်ခဲ့ပေါင်းလည်း များနေပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ တရုတ်နိုင်ငံရဲ့ဖုန်းထုတ်လုပ်သူတွေဆီကနေ ဆန်းသစ်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ စိတ်ဝင်စားဖွယ်ကောင်းခြင်းများနဲ့ပြည့်စုံတဲ့ ဖုန်းတွေကို တွေ့မြင်လိုက်ရပါတယ်။ ဒီတော့ တရုတ်ဖုန်းတွေကိုလည်း အာရုံစိုက်သင့်တယ်လို့ မတွေးမိဘူးလား။ အာရုံမစိုက်မိခဲ့တာကြောင့် မသိတာဖြစ်ပါလိမ့်မယ်။
မမိုက်တာကတော့ အဲဒီဖုန်းတွေက ယူအက်စ်မှာမရပါဘူး။ ဒီတော့ အပြင်ကနေဝယ်ယူရမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ အလွယ်တကူပဲဝယ်လို့ရပါတယ်။ အဲဒီဖုန်းအချို့ကတော့ Google services တွေ အသုံးပြုလို့မရပါဘူး။ ဒီတော့ Play Store သုံးလို့မရတော့ဘူးပေါ့။
ယူအက်စ်မှာနေထိုင်နေတယ်ဆိုရင်တော့ ဝယ်ဖို့မတိုက်တွန်းချင်ပါဘူး။ ဒါပေမယ့်လည်း ဒီလိုဖုန်းမျိုးတွေလည်း ဈေးကွက်မှာရှိနေသေးတယ်ဆိုတာ သိထားသင့်ပါတယ်။ LG ၊ Samsung ဖုန်းတွေကို သိထားကြပါတယ်။ ဒီတော့ တရုတ်ဖုန်းတွေကလည်း ဘယ်လောက်တောင် လက်စွမ်းထက်နေလဲ ရှုစားလိုက်ရအောင်။
VIVO NEX S
• 6.6-inch 1080p OLED display, no notch
• 12-megapixel and 5-megapixel primary cameras
• Pop-up 8-megapixel selfie camera
• In-display fingerprint sensor
• Snapdragon 845 processor
• 256GB storage, 8GB RAM
• Headphone jack
Vivo က Nex series လို့ခေါ်တဲ့ ဒီနှစ် Mobile World Congress မှာကြေညာထားတဲ့ super cool Apex concept ဖုန်းလေးကို ကြေညာလိုက်ပါတယ်။ Nex S flagship က Apex ရဲ့ မျက်နှာပြင်တဝက် လက်ဗွေအာရုံခံစနစ်မပါဝင်ပေမယ့်လည်း pop-up selfie ကင်မရာလေးနဲ့ ဆွဲဆောင်ထားနိုင်ပါတယ်။
ဒါကြောင့် Nex S မှာ ကြီးမားတဲ့ ၆.၆လက်မမျက်နှာပြင်ရှိပြီးတော့ အောက်ဘောင်ကလည်း ကျဉ်းပါတယ်။ မျက်နှာပြင်အောက်က လက်ဗွေစနစ်ကိုထည့်သွင်းထားပါတယ်။ ဒါပေမယ့်လည်း လက်မအရွယ်အစားလောက်သာ ပါဝင်နိုင်ပါသေးတယ်။
ဒီလိုခေတ်လွန်ခံစားမှုတွေနဲ့အတူ ဘာတွေပြန်လည်ပေးဆပ်ရမလဲဆိုတာလည်း စဉ်းစားရမယ်လေ။ ဒီတော့ အကြောင်းစုံကိုဆက်လက်နားစွင့်နေကြပါဦးစို့။
OPPO FIND X
• 6.4-inch 1080p OLED display, no notch
• 16-megapixel and 20-megapixel primary cameras
• Elevating 25-megapixel selfie camera
• 3D face scanning
• Snapdragon 845 processor
• 256GB of storage, 8GB of RAM
Oppo ရဲ့ flagship အသစ်ကတော့ Nex S နဲ့ ဆင်တူပါတယ်။ Notch Problem ကို ဖြေရှင်းဖို့အတွက် မော်တာတပ်ထားတဲ့ကင်မရာကို အသုံးပြုခဲ့ပါတယ်။ Find X ရဲ့နည်းလမ်းကတော့ ရှုပ်ထွေးပြီး မိုက်တော့မိုက်ပါတယ်။ ဖုန်းရဲ့အနောက်ဘက် panel လေးက ထိုးထွက်လာပြီးတော့ ကင်မရာလေးနဲ့ 3D face-scanning array လေးကို ထုတ်ပြပေးမှာပါ။
လက်ဗွေနှိပ်နေစရာ၊ တစ်နေရာရာကိုထိနေစရာမလိုအပ်ဘဲ ဖုန်းကို unlock လုပ်လိုက်တာနဲ့ အလိုအလျောက်တက်လာမှာပါ။ ဒီတော့ နည်းနည်းစဉ်းစားစရာပါပဲ။ မော်တာတပ်ထားတဲ့ကင်မရာလေးက ဆယ်လ်ဖီ၊ ဗွီဒီယိုဖုန်းခေါ်ဆိုမှုတွေကိုသာ လုပ်ဆောင်နိုင်မှာပါ။ လှုပ်ရှားနိုင်တဲ့အစိတ်အပိုင်းတွေ ပါဝင်နေတဲ့အတွက်ကြောင့် ဖုန်းကိုမာကျောတောင့်တင်းနေအောင် လုပ်ဆောင်ထားပါတယ်။
Find X ကတော့ notch ကိုဖြေရှင်းဖို့အတွက် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ Find X ကိုတော့ ယူအက်စ်မှာ တွေ့မြင်ရလိမ့်မယ်လို့ ပြောထားပါတယ်။ အသေးစိတ်ကတော့ မသိရသေးပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၆၀ ဖြစ်နိုင်ပါတယ်။
XIAOMI MI MIX 2S
• 6-inch 1080p LCD, no notch
• 12-megapixel dual cameras
• 5-megapixel selfie camera below screen
• Snapdragon 845 processor
• 256GB of storage, 8GB of RAM
• Rear-mounted fingerprint sensor
Xiaomi ရဲ့ စွမ်းဆောင်ရည်မြင့်ဖုန်းဖြစ်ပြီးတော့ ဘောင်နည်းဒီဇိုင်းကတော့ နောက်ထပ် iteration တစ်ခုကို ရောက်လာခဲ့ပါပြီ။ Mi Mix 2 ဟာ မူရင်းဗားရှင်းထက် ပိုကောင်းအောင်ပြင်ဆင်ထားပါတယ်။ ကြိုးမဲ့အားသွင်းစနစ်၊ ကင်မရာနှစ်လုံး ၊ Qualcomm ရဲ့ အမြန်ဆုံး ပရိုဆက်ဆာဖြစ်တဲ့ Snapdragon 845 ကို အသုံးပြုထားပါတယ်။
Display ရဲ့ထိပ်ပိုင်းမှာ notch မပါဝင်ပေမယ့်လည်း ကောင်းတာတော့ မဟုတ်ပါဘူး။ ဆယ်လ်ဖီကင်မရာကို အောက်ဘက်မှာထည့်သွင်းပေးထားတဲ့အတွက်ကြောင့် ပြောင်းပြန်ရိုက်ကူးရမယ့်အနေအထားမှာ ရှိနေပါတယ်။ သင့်ရဲ့အသုံးပြုမှုကိုလိုက်ပြီးတော့ အသုံးဝင်တယ် မဝင်ဘူးဆိုတာ ဆုံးဖြတ်ရမှာပါ။
HUAWEI P20 PRO
• 6.1-inch 1080p OLED display with notch
• Hisilicon Kirin 970 processor
• 128GB of storage, 6GB of RAM
• Triple camera system with 40-megapixel primary sensor, 20-megapixel monochrome sensor, and 8-megapixel 3x telephoto lens
• 24-megapixel selfie camera
• Front-mounted fingerprint sensor
P20 Pro ကတော့ ၂၀၁၈ ရဲ့ အကောင်းဆုံးဖုန်းတစ်လုံးဖြစ်ပါတယ်။ ဘောင်နည်းဒီဇိုင်း၊ ဦးဆောင်နေတဲ့ ကင်မရာသုံးလုံးစနစ်၊ ဘတ်ထရီအလန်းစားတွေကြောင့် ဝေဖန်နေစရာမလိုအပ်တော့ပါဘူး။
Huawei ရဲ့ EMUI software ဟာ ကောင်းမွန်နေပြီးတော့ iOS ကို ကူးချသလိုတောင် ဖြစ်နေပါတယ်။ iOS ကို မှီငြမ်းထားတာဖြစ်ပေမယ့်လည်း hardware design ပိုင်းမှာတော့ ကိုယ်ပိုင်စိတ်ကူးတွေကို အသုံးပြုထားကြတာပါ။ software ပိုင်းမှာလည်း ဒီလိုဖြစ်ရင်ကောင်းမယ်ထင်ပါတယ်။
MEIZU 15
• 5.5-inch 1080p OLED display
• 12-megapixel and 20-megapixel primary cameras
• 20-megapixel selfie camera
• Snapdragon 660 processor
• 4GB of RAM, 128GB of storage
• Rear-mounted fingerprint sensor
• Headphone jack
Meizu ကတော့ အနောက်တိုင်းကိုထိုးဖောက်နေတဲ့ တရုတ်ဖုန်းလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ဈေးကွက်ရှယ်ယာတွေက Oppo နဲ့ Xiaomi တို့ဆီကို ပါနေပါပြီ။ Meizu 15 ကတော့ ဒီနှစ်အတွက် အကြိုက်ဆုံးဒီဇိုင်းဖြစ်နေပါတယ်။
15 က ၂၀၁၈ ရဲ့ ရေစီးကြောင်းကို လိုက်ထားတာမဟုတ်ပေမယ့်လည်း သူ့မှာ ၅.၅လက်မ 16:9 1080p panel ကို အသုံးပြုထားပါတယ်။ iPhone 8 Plus ကို စွမ်းဆောင်ရည်သင့် အချက်အလက်တွေနဲ့လို့ စိတ်ကူးကြည့်လိုက်ပါ။ ဘောင်တွေအများကြီးမပါဘူးဆိုရင် မြင်လောက်မလား။ ဒါပေမယ့်လည်း ဘယ်နဲ့ညာမှာတော့ ဘယ်လိုတွေဖြစ်နေလဲ မြင်သာမှာမဟုတ်ပါဘူး။ Meizu က ဘေးဘောင်တွေကျဉ်းအောင်လုပ်မထားသလို၊ မျက်နှာပြင်အောက်က လက်ဗွေစနစ်ကိုလည်း လုပ်ဆောင်ထားခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း သင့်တော်တဲ့ haptics system လေးကိုတော့ home button လေးမှာ ထည့်ပေးထားပါတယ်။
ဓါတ်ပုံတွေထဲကနဲ့ သိပ်မတူပေမယ့်လည်း Meizu 15 ကတော့ ဒီနှစ်အတွက် ကိုင်လို့ကောင်းမယ့်ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။
VIVO X21
• 6.3-inch 1080p OLED display
• In-display fingerprint sensor
• Snapdragon 660 processor
• 128GB of storage, 6GB of RAM
• 12-megapixel and 5-megapixel dual cameras, 12-megapixel selfie camera
• Headphone jack
• Micro USB charging
Vivo X21 က NEX S လောက် အရမ်းမမိုက်ပေမယ့်လည်း ဂယက်ထစေနိုင်တဲ့ဖုန်းတစ်လုံးပါပဲ။ မျက်နှာပြင်အောက်က လက်ဗွေစနစ်ပါဝင်တဲ့ဖုန်းအဖြစ်နဲ့ သတ်မှတ်လို့ရပါတယ်။ အချိန်အတော်ကြာအောင် ဖုန်းလောကမှာ လုပ်ဆောင်နေခဲ့ကြတဲ့ဒီဇိုင်းလေးပါ။ လုပ်ဆောင်မှုကောင်းကောင်းလည်းရှိတာဆိုတော့ မိုက်ပြီလေ။
သာမန်လက်ဗွေစနစ်ထက်တော့ နည်းနည်းလေးနှေးနိုင်တယ်ဆိုပေမယ့်လည်း ကျွန်တော်တို့ သတိမထားမိလောက်တဲ့အနေအထားပါ။ Vivo X21 သုံးပြီးသွားရင် အနောက်ဘက်လက်ဗွေစနစ်တွေကို သုံးရတာ ခက်ခဲသလိုတောင် ဖြစ်သွားလိမ့်မယ်။
X21 ကတော့ Nex S ထက် ဈေးသက်သာပါတယ်။ ဈေးကွက်အမျိုးမျိုးမှာလည်း ရနိုင်စွမ်းရှိပါတယ်။ soccer World Cup နဲ့လည်း ဈေးကွက်ထိုးဖောက်သွားဦးမှာပါ။
OPPO R15 PRO
• 6.3-inch 1080p OLED display
• Rear-mounted fingerprint sensor
• Snapdragon 660 processor
• 128GB of storage, 6GB of RAM
• 16-megapixel and 20-megapixel dual cameras
• 20-megapixel selfie camera
• Headphone jack
• Micro USB charging
Oppo ရဲ့ R15 Pro ကတော့ Vivo X21 နဲ့ OnePlus 6 ကြားကဖုန်းလေးတစ်လုံး ဖြစ်ပါတယ်။ X21 ရဲ့ မျက်နှာပြင်အောက်က လက်ဗွေစနစ်မပါဝင်ပေမယ့်လည်း 6 ရဲ့ main ကင်မရာနဲ့ အားအမြန်သွင်းစနစ်ကို အသုံးပြုထားပါတယ်။ ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းလို့ မြင်မိတယ်။ အနီရောင်လေးက ကျက်သရေနဲ့ပြည့်စုံလွန်းလှတယ်။
X21 လိုပဲ စွမ်းဆောင်ရည်ကတော့ Qualcomm Snapdragon 660 processor ကို အသုံးပြုထားပါတယ်။ Micro USB port ကို တွေ့မြင်ရမှာဖြစ်ပြီးတော့ Oppo ရဲ့ VOOC အားအမြန်သွင်းစနစ်ကို ခံစားရမှာပါ။
XIAOMI MI 8
• 6.2-inch 1080p OLED with notch
• 12-megapixel dual cameras with telephoto
• 20-megapixel selfie camera
• 6GB of RAM, up to 256GB of storage
• Transparent “Explorer Edition” with 8GB of RAM and 128GB of storage
• Rear-mounted fingerprint sensor
Xiaomi ရဲ့ နောက်ထပ် flagship ကတော့ သမားရိုးကျနဲ့ ခွဲထွက်နေပါတယ်။ Mi 8 ကတော့ notch ပါဝင်ပြီးတော့ မထူးခြားနားပေမယ့် Explorer Edition ကတော့ လန်ထွက်နေတာပဲမဟုတ်လား။
Xiaomi Mi လိုင်းကတော့ ဒီဇိုင်းကန့်သတ်ချက်တွေကို တွန်းဖယ်လိုက်ပါပြီ။ ဈေးနှုန်းခပ်မိုက်မိုက်နဲ့ လမ်းကြောင်းပေါ်ကမဆင်းဘဲ ထုတ်လုပ်နေခဲ့တာပါ။ အထက်တန်းအချက်အလက်တွေနဲ့၊ Snapdragon 845 processor တို့ကြောင့် ဒေါ်လာ၄၂၀ ပတ်ဝန်းကျင်ရှိပါတယ်။ ဒါပေမယ့်လည်း OnePlus 6 ထက်တော့ သက်သာပါတယ်။
Snapdragon 770 ကိုတော့ Mi 8 SE မှာ အသုံးပြုထားမှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ၂၈၀ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ အချက်အလက်တွေကတော့ စဉ်းစားဖို့ကောင်းနေပါတယ်။

Leave a Reply