4G LTE ဗားရွင္းပါထြက္လာမယ့္ Xiaomi Mi Pad 4

0
1654

မနက္ျဖန္ဆိုရင္ Mi Pad 4 ထြက္ပါၿပီ။ ဒါေၾကာင့္ Mi Pad 4 ကိုတရားဝင္ဝက္ဘ္ဆိုက္မွာ အခ်က္အလက္ေတြ တင္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ တရားဝင္ဆိုက္မွာ တင္လိုက္တဲ့အခ်က္အလက္ေတြအရ Mi Pad 4 ကိုေစာင့္ေမွ်ာ္ေနသူေတြအတြက္ သတင္းေကာင္းတစ္ခုပါဝင္လာပါတယ္။ အဲ့ဒါကေတာ့ Mi Pad 4 ကို WiFi Edition အျပင္ 4G LTE ကြန္ရက္ဗားရွင္းပါ ထုတ္ေပးေတာ့မွာ ျဖစ္ပါတယ္။

အခ်က္အလက္ေတြအရ Xiaomi  အေနနဲ႔ MI Pad 4 မွာ Snapdragon 660 Octa core ပရိုဆက္ဆာကို သုံးသြားမွာျဖစ္ၿပီး မ်က္ႏွာျပင္ ၈လက္မမွာ 16: 10 Aspect Ratio Display နဲ႔ထြက္လာမွာပါ။ LCD display အမ်ိဳးအစားနဲ႔ျဖစ္ၿပီး 320 ppi ေထာက္ပံ့ေပးလာမွာပါ။ ယခင္မ်ိဳးဆက္ MI Pad 3 မွာေတာ့ Xiaomi အေနနဲ႔ 7.9 လက္မမွာ  2048×1536 screen နဲ႔ျဖစ္ၿပီး 326 ppi ေထာက္ပံ့ေပးထားပါတယ္။ MI Pad 4 မွာ ထပ္မံပါဝင္လာမွာေတြကေတာ့ အေရွ႕ဘက္မွာ 5MP Selfie ကင္မရာနဲ႔ျဖစ္ၿပီး AI ေထာက္ပံ့မႈပါဝင္မွာပါ။ေနာက္ေက်ာဘက္မွာေတာ့ 13MP အရြယ္အစားကို သုံးထားပါတယ္။

6,000mAh ဘက္ထရီစြမ္းအားကို သုံးထားၿပီး Android 8.1 OS အေျချပဳ MIUI 10 OS ကိုသုံးလာမွာပါ။ Snapdragon 660 ပရိုဆက္ဆာဟာ 8-core Kryo 260 core ကိုအသုံးျပဳထားၿပီး 2.2GHz အျမန္ႏႈန္းရွိမွာ ျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းမွာေတာ့ Adreno 512 နဲ႔ေထာက္ပံ့ေပးမွာပါ။ 4 / 3GB RAM ဆိုၿပီး ခြဲျခားထားၿပီး 64 / 128GB အခ်က္အလက္သိုေလွာင္မႈနဲ႔ျဖစ္မွာပါ။ 6GB RAM ဗားရွင္းကိုေတာ့ျပသထားျခင္းမရွိပါဘူး။ အားသြင္းျမန္ဆန္တဲ့ စနစ္ျဖစ္တဲ့ Quick Charge 3.0 ကိုေထာက္ပံ့ေပးလာမွာပါ။  ေစ်းႏႈန္းကေတာ့ 3GB Wi-Fi ကို ယြမ္ 1199 ($184) (သို႔)  ယြမ္ 1299 ( $199) နဲ႔ေရာင္းခ်သြားႏုိင္ၿပီး 4GB Wi-Fi model ကိုေတာ့ ယြမ္ 1399 ($215) နဲ႔ျဖစ္ၿပီး စြမ္းေဆာင္ရည္ျမင္တဲ့ 4G LTE ကြန္ရက္ ဗားရွင္းကိုေတာ့ ယြမ္ ၁၉၉၉(ေဒၚလာ ၃၀၉) ဝန္းက်င္ရွိမွာ ျဖစ္ပါတယ္။

unicode

မနက်ဖြန်ဆိုရင် Mi Pad 4 ထွက်ပါပြီ။ ဒါကြောင့် Mi Pad 4 ကိုတရားဝင်ဝက်ဘ်ဆိုက်မှာ အချက်အလက်တွေ တင်ပေးလိုက်ပြီ ဖြစ်ပါတယ်။ တရားဝင်ဆိုက်မှာ တင်လိုက်တဲ့အချက်အလက်တွေအရ Mi Pad 4 ကိုစောင့်မျှော်နေသူတွေအတွက် သတင်းကောင်းတစ်ခုပါဝင်လာပါတယ်။ အဲ့ဒါကတော့ Mi Pad 4 ကို WiFi Edition အပြင် 4G LTE ကွန်ရက်ဗားရှင်းပါ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ Xiaomi  အနေနဲ့ MI Pad 4 မှာ Snapdragon 660 Octa core ပရိုဆက်ဆာကို သုံးသွားမှာဖြစ်ပြီး မျက်နှာပြင် ၈လက်မမှာ 16: 10 Aspect Ratio Display နဲ့ထွက်လာမှာပါ။ LCD display အမျိုးအစားနဲ့ဖြစ်ပြီး 320 ppi ထောက်ပံ့ပေးလာမှာပါ။ ယခင်မျိုးဆက် MI Pad 3 မှာတော့ Xiaomi အနေနဲ့ 7.9 လက်မမှာ  2048×1536 screen နဲ့ဖြစ်ပြီး 326 ppi ထောက်ပံ့ပေးထားပါတယ်။ MI Pad 4 မှာ ထပ်မံပါဝင်လာမှာတွေကတော့ အရှေ့ဘက်မှာ 5MP Selfie ကင်မရာနဲ့ဖြစ်ပြီး AI ထောက်ပံ့မှုပါဝင်မှာပါ။နောက်ကျောဘက်မှာတော့ 13MP အရွယ်အစားကို သုံးထားပါတယ်။

6,000mAh ဘက်ထရီစွမ်းအားကို သုံးထားပြီး Android 8.1 OS အခြေပြု MIUI 10 OS ကိုသုံးလာမှာပါ။ Snapdragon 660 ပရိုဆက်ဆာဟာ 8-core Kryo 260 core ကိုအသုံးပြုထားပြီး 2.2GHz အမြန်နှုန်းရှိမှာ ဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ Adreno 512 နဲ့ထောက်ပံ့ပေးမှာပါ။ 4 / 3GB RAM ဆိုပြီး ခွဲခြားထားပြီး 64 / 128GB အချက်အလက်သိုလှောင်မှုနဲ့ဖြစ်မှာပါ။ 6GB RAM ဗားရှင်းကိုတော့ပြသထားခြင်းမရှိပါဘူး။ အားသွင်းမြန်ဆန်တဲ့ စနစ်ဖြစ်တဲ့ Quick Charge 3.0 ကိုထောက်ပံ့ပေးလာမှာပါ။  ဈေးနှုန်းကတော့ 3GB Wi-Fi ကို ယွမ် 1199 ($184) (သို့)  ယွမ် 1299 ( $199) နဲ့ရောင်းချသွားနိုင်ပြီး 4GB Wi-Fi model ကိုတော့ ယွမ် 1399 ($215) နဲ့ဖြစ်ပြီး စွမ်းဆောင်ရည်မြင်တဲ့ 4G LTE ကွန်ရက် ဗားရှင်းကိုတော့ ယွမ် ၁၉၉၉(ဒေါ်လာ ၃၀၉) ဝန်းကျင်ရှိမှာ ဖြစ်ပါတယ်။

Leave a Reply