SAMSUNG ရဲ႕ ANDROID GO ဖုန္းအခ်က္အလက္မ်ား GEEKBENCH မွာထြက္ေပၚ

0
1216

Android Go ဟာ RAM နဲ႔ Processing Power နည္းပါးတဲ့ စြမ္းေဆာင္ရည္နိမ့္ စမတ္ဖုန္းမ်ားအတြက္ အထူး ဖန္တီးထားတဲ့ Google ရဲ႕ Operating System ျဖစ္ၿပီး ပင္မ Android OS ရဲ႕ ေပါ့ပါးတဲ့ ဗားရွင္းျဖစ္ၿပီး စြမ္းေဆာင္ရည္နိမ့္ Specification မ်ား ပါတဲ့ ဖုန္းမ်ားမွာ လွ်င္ျမန္စြာ အလုပ္လုပ္မွာပါ။ သူ႕ကို 512MB ကေန 1GB RAM သာပါတဲ့ ဖုန္းမ်ားအတြက္ အထူး ဖန္တီးထားတာပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ANDROID GO သုံးထားတဲ့ တန္ဘိုးနည္း စမတ္ဖုန္းအမ်ားစုဟာေစ်းကြက္ထဲကို လက္ခ်ိဳးေရလို႔ ရေလာက္ေအာင္ ေရာက္ရွိေနပါၿပီ။

ZTE နဲ႔ Nokia တို႔ကထုတ္ထားတဲ့ ANDROID GO ဖုန္းေတြဆိုရင္ အာရွႏုိင္ငံေတြမွာ အေတာ္ေလးအသုံးျပဳေနၾကပါၿပီ။ အခုေနာက္ထပ္ Go ဗားရွင္းစမတ္ဖုန္း နယ္ပယ္ထဲကိုဝင္ေရာက္ဖို႔ ျပင္ဆင္ေနတာကေတာ့ ကိုရီးယားစမတ္ဖုန္းထုတ္လုပ္သူႀကီး Samsung ပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ကလည္း Sammobile မွာ ဖုန္းအသစ္ေတြလို႔သတ္မွတ္ႏိုင္တဲ့ SM-J260F, SM-J260M နဲ႔ SM-J260G(Android Go)တို႔ရဲ႕ ေမာ္ဒယ္နံပတ္ေတြ ထြက္ရွိလာပါေသးတယ္။

ဒီေန႔မွာေတာ့ Android Go စမတ္ဖုန္းလို႔ေသခ်ာေစႏုိင္မယ့္  ေမာ္ဒယ္နံပါတ္ SM-J260G ရဲ႕အခ်က္အလက္ေတြ GEEKBENCH မွာထြက္ရွိလာပါတယ္။ SM-J260G မွာ  Android 8.1 ကိုျပန္လည္ဆန္းသစ္ထားတဲ့ Android Go ပါဝင္လာမွာျဖစ္ပါတယ္။ OS ေပၚမူတည္ၿပီး သူ႕မွာ 1GB  RAM  သာသံုးလို႔ရႏိုင္ပါလိမ့္မယ္။ quad-core ပရိုဆက္ဆာသုံးလာမွာ ျဖစ္ၿပီး 1.43GHz clock speed ရွိပါလိမ့္မယ္။ ႏုိင္ငံတကာေစ်းကြက္ကို တူညီတဲ့ေမာ္ဒယ္နံပတ္နဲ႔သာ တင္သြားလာႏိုင္ၿပီး သူရဲ႕တရားဝင္နာမည္နဲ႔ ေစ်းႏႈန္းဘယ္ေလာက္ ရွိႏုိင္မလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

Unicode

Android Go ဟာ RAM နဲ့ Processing Power နည်းပါးတဲ့ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများအတွက် အထူး ဖန်တီးထားတဲ့ Google ရဲ့ Operating System ဖြစ်ပြီး ပင်မ Android OS ရဲ့ ပေါ့ပါးတဲ့ ဗားရှင်းဖြစ်ပြီး စွမ်းဆောင်ရည်နိမ့် Specification များ ပါတဲ့ ဖုန်းများမှာ လျှင်မြန်စွာ အလုပ်လုပ်မှာပါ။ သူ့ကို 512MB ကနေ 1GB RAM သာပါတဲ့ ဖုန်းများအတွက် အထူး ဖန်တီးထားတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ANDROID GO သုံးထားတဲ့ တန်ဘိုးနည်း စမတ်ဖုန်းအများစုဟာဈေးကွက်ထဲကို လက်ချိုးရေလို့ ရလောက်အောင် ရောက်ရှိနေပါပြီ။

ZTE နဲ့ Nokia တို့ကထုတ်ထားတဲ့ ANDROID GO ဖုန်းတွေဆိုရင် အာရှနိုင်ငံတွေမှာ အတော်လေးအသုံးပြုနေကြပါပြီ။ အခုနောက်ထပ် Go ဗားရှင်းစမတ်ဖုန်း နယ်ပယ်ထဲကိုဝင်ရောက်ဖို့ ပြင်ဆင်နေတာကတော့ ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူကြီး Samsung ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း Sammobile မှာ ဖုန်းအသစ်တွေလို့သတ်မှတ်နိုင်တဲ့ SM-J260F, SM-J260M နဲ့ SM-J260G(Android Go)တို့ရဲ့ မော်ဒယ်နံပတ်တွေ ထွက်ရှိလာပါသေးတယ်။

ဒီနေ့မှာတော့ Android Go စမတ်ဖုန်းလို့သေချာစေနိုင်မယ့်  မော်ဒယ်နံပါတ် SM-J260G ရဲ့အချက်အလက်တွေ GEEKBENCH မှာထွက်ရှိလာပါတယ်။ SM-J260G မှာ  Android 8.1 ကိုပြန်လည်ဆန်းသစ်ထားတဲ့ Android Go ပါဝင်လာမှာဖြစ်ပါတယ်။ OS ပေါ်မူတည်ပြီး သူ့မှာ 1GB  RAM  သာသုံးလို့ရနိုင်ပါလိမ့်မယ်။ quad-core ပရိုဆက်ဆာသုံးလာမှာ ဖြစ်ပြီး 1.43GHz clock speed ရှိပါလိမ့်မယ်။ နိုင်ငံတကာဈေးကွက်ကို တူညီတဲ့မော်ဒယ်နံပတ်နဲ့သာ တင်သွားလာနိုင်ပြီး သူရဲ့တရားဝင်နာမည်နဲ့ ဈေးနှုန်းဘယ်လောက် ရှိနိုင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Leave a Reply