In-Display Fingerprint ပါဝင္လာမယ့္ Meizu Pro 8 ရဲ႕ဒီဇိုင္းနဲ႔ ေစ်းႏႈန္းထြက္ရွိလာ

0
1437

2017 မွာ Meizu အေနနဲ႔ စမတ္ဖုန္းေလာကအတြက္ တီထြင္ဆန္းသစ္မႈ အရွိဆုံးလုိ႔သတ္မွတ္ႏုိင္တဲ့  Pro 7 ဖုန္းကို ထုတ္လုပ္ခဲ့ပါတယ္။ သူ႕မွာ အေရွ႕ဘက္နဲ႔ ေနာက္ဘက္၂ခုလုံးမွာ display ေတြပါဝင္လာၿပီး ႏွစ္ဘက္လုံးမွာလည္း ကင္မရာေတြ ပါဝင္လာပါတယ္။ အခု Meizu အေနနဲ႔ 2018 ခုႏွစ္မွာလည္း Pro 7 လိုဆန္းသစ္မႈရွိတဲ့ Meizu Pro 8 ဖုန္းကုိထုတ္လုပ္ဖုိ႔ ျပင္ဆင္လ်က္ရွိေနပါတယ္။ Igeekphone ကေနထြက္လာတဲ့ အခ်က္အလက္ေတြမွာေတာ့ အသစ္ထြက္မယ့္ဖုန္းနဲ႔ ပတ္သတ္တဲ့ ေစ်းႏႈန္းနဲ႔ အခ်က္အလက္ေတြ သိခဲ့ရပါတယ္။

Meizu Pro 8 ရဲ႕ဒီဇုိင္းပိုင္းမွာေတာ့full screen နဲ႔အတူ 18:9 ratio ကိုသုံးလာမွာ ျဖစ္ပါတယ္။ သူ႕မွာအေရွ႕ဘက္ကင္မရာ တပ္ဆင္ထားတာေတာ့ မေတြ႕ခဲ့ရပါဘူး။ ေရစိုဒဏ္နဲ႔ ဖုန္ဒဏ္အတြက္ IP67 / 68 ေထာက္ပံ့ႏိုင္ပါတယ္။ Meizu Pro 8 ရဲ႕ပရိုဆက္ဆာပိုင္းမွာေတာ့ ယခုႏွစ္ေနာက္ဆုံးေပၚ မျမင့္စားစမတ္ဖုန္းေတြမွာ သုံးေနတဲ့ SD845 ကိုထည့္သြင္းေပးလာမွာ ျဖစ္ၿပီး 6GB RAM + 64GB ROM ပါဝင္မယ့္ အလတ္အလတ္တန္းစား ဗားရွင္းနဲ႔8GB RAM + 256GB ROM သုံးထားမယ့္ အျမင့္စားဖုန္းဆိုၿပီး သတ္မွတ္ထားပါလိမ့္မယ္။

ေနာက္ေက်ာဘက္မွာ ကင္မရာ၂လုံးတပ္ဆင္ေပးထားမွာ ျဖစ္ၿပီး  dual 20-megapixel ကိုသုံးလာႏုိင္ပါတယ္။ ဖုန္းသစ္ရဲ႕ေထာက္ပံ့ခ်က္ေတြအေနနဲ႔ ကင္မရာပိုင္းမွာ optical image stabilization ၊ မ်က္ႏွာျပင္ေအာက္လက္ေဗြဖတ္စနစ္ေတြအျပင္ wireless charging စနစ္ပါသုံးလာဖို႔ မ်ားပါတယ္။ pro 8 ကိုမိတ္ဆက္မယ့္ အခ်ိန္ကေတာ့ ေစာင့္ေမွ်ာ္ရအုံးမွာျဖစ္ၿပီး ေစ်းႏႈန္းကေတာ့ အေျခခံေမာ္ဒယ္ $556.96 နဲ႔စတင္ေရာင္းခ်ႏုိင္ပါတယ္။ Meizu  အေနနဲ႔ Pro 8 Plus ဗားရွင္းကိုပါ ထုတ္လုပ္လာႏုိင္ၿပီး RAM စြမ္းေဆာင္ခ်က္အပိုင္းမွာ ပိုမိုအဆင့္ျမင့္ပါလိမ့္မယ္။

unicode

2017 မှာ Meizu အနေနဲ့ စမတ်ဖုန်းလောကအတွက် တီထွင်ဆန်းသစ်မှု အရှိဆုံးလို့သတ်မှတ်နိုင်တဲ့  Pro 7 ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ သူ့မှာ အရှေ့ဘက်နဲ့ နောက်ဘက်၂ခုလုံးမှာ display တွေပါဝင်လာပြီး နှစ်ဘက်လုံးမှာလည်း ကင်မရာတွေ ပါဝင်လာပါတယ်။ အခု Meizu အနေနဲ့ 2018 ခုနှစ်မှာလည်း Pro 7 လိုဆန်းသစ်မှုရှိတဲ့ Meizu Pro 8 ဖုန်းကိုထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ Igeekphone ကနေထွက်လာတဲ့ အချက်အလက်တွေမှာတော့ အသစ်ထွက်မယ့်ဖုန်းနဲ့ ပတ်သတ်တဲ့ ဈေးနှုန်းနဲ့ အချက်အလက်တွေ သိခဲ့ရပါတယ်။

Meizu Pro 8 ရဲ့ဒီဇိုင်းပိုင်းမှာတော့full screen နဲ့အတူ 18:9 ratio ကိုသုံးလာမှာ ဖြစ်ပါတယ်။ သူ့မှာအရှေ့ဘက်ကင်မရာ တပ်ဆင်ထားတာတော့ မတွေ့ခဲ့ရပါဘူး။ ရေစိုဒဏ်နဲ့ ဖုန်ဒဏ်အတွက် IP67 / 68 ထောက်ပံ့နိုင်ပါတယ်။ Meizu Pro 8 ရဲ့ပရိုဆက်ဆာပိုင်းမှာတော့ ယခုနှစ်နောက်ဆုံးပေါ် မမြင့်စားစမတ်ဖုန်းတွေမှာ သုံးနေတဲ့ SD845 ကိုထည့်သွင်းပေးလာမှာ ဖြစ်ပြီး 6GB RAM + 64GB ROM ပါဝင်မယ့် အလတ်အလတ်တန်းစား ဗားရှင်းနဲ့8GB RAM + 256GB ROM သုံးထားမယ့် အမြင့်စားဖုန်းဆိုပြီး သတ်မှတ်ထားပါလိမ့်မယ်။

နောက်ကျောဘက်မှာ ကင်မရာ၂လုံးတပ်ဆင်ပေးထားမှာ ဖြစ်ပြီး  dual 20-megapixel ကိုသုံးလာနိုင်ပါတယ်။ ဖုန်းသစ်ရဲ့ထောက်ပံ့ချက်တွေအနေနဲ့ ကင်မရာပိုင်းမှာ optical image stabilization ၊ မျက်နှာပြင်အောက်လက်ဗွေဖတ်စနစ်တွေအပြင် wireless charging စနစ်ပါသုံးလာဖို့ များပါတယ်။ pro 8 ကိုမိတ်ဆက်မယ့် အချိန်ကတော့ စောင့်မျှော်ရအုံးမှာဖြစ်ပြီး ဈေးနှုန်းကတော့ အခြေခံမော်ဒယ် $556.96 နဲ့စတင်ရောင်းချနိုင်ပါတယ်။ Meizu  အနေနဲ့ Pro 8 Plus ဗားရှင်းကိုပါ ထုတ်လုပ်လာနိုင်ပြီး RAM စွမ်းဆောင်ချက်အပိုင်းမှာ ပိုမိုအဆင့်မြင့်ပါလိမ့်မယ်။

 

Leave a Reply