Huawei Mate X တြင္ Kirin 980 ပရိုဆက္ဆာသုံးလာမည္

0
1465

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Huawei ဟာ Mate စီးရီးစမတ္ဖုန္း သစ္တစ္လုံးကိုမိတ္ဆက္ဖို႔ ျပဳလုပ္လ်က္ရွိေနၿပီး စမတ္ဖုန္းသစ္ရဲ႕နာမည္ကိုေတာ့ Huawei Mate X လို႔နာမည္ေပးထားတယ္လို႔ ဆိုပါတယ္။ ကင္မရာပိုင္းမွာ Leica lens ျဖစ္တဲ့ 40MP+20MP dual နဲ႔ အေရွ႕ဘက္မွာ 24MP Selfie ကင္မရာပါမယ္ဆိုတဲ့ Huawei Mate X ကို တန္ဖိုးနည္းဗားရွင္းပါ ထုတ္လုပ္ဖို႔ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

တရုတ္စမတ္ဖုန္း ထုတ္လုပ္သူရဲ႕ အသစ္ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတဲ့ဖုန္းအသစ္မွာ ကုမၸဏီရဲ႕ကိုယ္ပိုင္ Kirin 980 ကိုသုံးလာၿပီး အခ်က္အလက္သိုေလွာင္ႏုိင္စြမ္းကိုလည္း 1024GB storage တိုးျမင့္လာႏိုင္မယ္လို႔ သိရပါတယ္။ ဂိမ္းပိုင္းဆိုင္ရာ ေထာက္ပံ့မႈေတြအတြက္ GPU Turbo နည္းပညာကိုပါ ထည့္သြင္းေပးလာဖို႔ကေတာ့ ေသခ်ာသေလာက္ရွိေနပါတယ္။  Mate X ဖုန္းနဲ႔ပတ္သတ္တဲ့ ဒီဇုိင္းပုံရိပ္ေတြ ျမင္ေတြ႕ခဲ့ရၿပီး ထိပ္ဘက္မွာ Notch တပ္ဆင္ထားျခင္းမရွိပါဘူး။ ေဘးေဘာင္ေလးေတြကလဲ အရမ္းေသးသြယ္ၿပီး မ်က္ႏွာျပင္ေတာ္ေတာ္ေလးက်ယ္တာကိုေတြ႕ရပါတယ္။ ေရွ႕ဘက္ကင္မရာတပ္ဆင္ထားတာကိုလည္း မေတြ႕ရပါဘူး။

Huawei Mate X ရဲ႕ အခ်က္အလက္ေတြအေနနဲ႔ 6.2 inch 2960×1440 pixels နဲ႔568 ppi အထိ ပုံရိပ္ေဖာ္ျပႏိုင္စြမ္းေပးထားပါတယ္။ Chip ထုတ္လုပ္သူ Qualcomm ရဲ႕ Snapdragon 855 ကိုအေကာင္းဆုံး ယွဥ္ၿပိဳင္ႏိုင္မယ့္ Kirin 980 Octa core ပရိုဆက္ဆာကိုသုံးမွာ ျဖစ္ၿပီး RAM 6GB/8GB ROM ဗားရွင္းနဲ႔အတူ 128GB/256GB/ 512GB internal storage ဆိုၿပီးေရြးခ်ယ္ႏိုင္ပါလိမ့္မယ္။ Sd ကတ္ကေန 1024GB storage တိုးျမင့္ႏိုင္စြမ္းရွိပါလိမ့္မယ္။

Unicode

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Huawei ဟာ Mate စီးရီးစမတ်ဖုန်း သစ်တစ်လုံးကိုမိတ်ဆက်ဖို့ ပြုလုပ်လျက်ရှိနေပြီး စမတ်ဖုန်းသစ်ရဲ့နာမည်ကိုတော့ Huawei Mate X လို့နာမည်ပေးထားတယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းမှာ Leica lens ဖြစ်တဲ့ 40MP+20MP dual နဲ့ အရှေ့ဘက်မှာ 24MP Selfie ကင်မရာပါမယ်ဆိုတဲ့ Huawei Mate X ကို တန်ဖိုးနည်းဗားရှင်းပါ ထုတ်လုပ်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူရဲ့ အသစ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတဲ့ဖုန်းအသစ်မှာ ကုမ္ပဏီရဲ့ကိုယ်ပိုင် Kirin 980 ကိုသုံးလာပြီး အချက်အလက်သိုလှောင်နိုင်စွမ်းကိုလည်း 1024GB storage တိုးမြင့်လာနိုင်မယ်လို့ သိရပါတယ်။ ဂိမ်းပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေအတွက် GPU Turbo နည်းပညာကိုပါ ထည့်သွင်းပေးလာဖို့ကတော့ သေချာသလောက်ရှိနေပါတယ်။  Mate X ဖုန်းနဲ့ပတ်သတ်တဲ့ ဒီဇိုင်းပုံရိပ်တွေ မြင်တွေ့ခဲ့ရပြီး ထိပ်ဘက်မှာ Notch တပ်ဆင်ထားခြင်းမရှိပါဘူး။ ဘေးဘောင်လေးတွေကလဲ အရမ်းသေးသွယ်ပြီး မျက်နှာပြင်တော်တော်လေးကျယ်တာကိုတွေ့ရပါတယ်။ ရှေ့ဘက်ကင်မရာတပ်ဆင်ထားတာကိုလည်း မတွေ့ရပါဘူး။

Huawei Mate X ရဲ့ အချက်အလက်တွေအနေနဲ့ 6.2 inch 2960×1440 pixels နဲ့568 ppi အထိ ပုံရိပ်ဖော်ပြနိုင်စွမ်းပေးထားပါတယ်။ Chip ထုတ်လုပ်သူ Qualcomm ရဲ့ Snapdragon 855 ကိုအကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ့် Kirin 980 Octa core ပရိုဆက်ဆာကိုသုံးမှာ ဖြစ်ပြီး RAM 6GB/8GB ROM ဗားရှင်းနဲ့အတူ 128GB/256GB/ 512GB internal storage ဆိုပြီးရွေးချယ်နိုင်ပါလိမ့်မယ်။ Sd ကတ်ကနေ 1024GB storage တိုးမြင့်နိုင်စွမ်းရှိပါလိမ့်မယ်။

Leave a Reply