AI Dual ကင်မရာ လုပ်ဆောင်ချက်ပါဝင်လာမယ့် Xiaomi Redmi 6 Pro

0
1368




Unicode

ဒီနေ့မှာတော့ Xiaomi ရဲ့ဘတ်ဂျတ်စမတ်ဖုန်းဖြစ်တဲ့ Xiaomi Redmi 6 Pro ရဲ့ကင်မရာကိုအသုံးပြုပြီး ရိုက်ထားတဲ့ ပုံရိပ်တွေ ထွက်ရှိလာပါတယ်။ သူ့မှာ AI Dual ကင်မရာတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။  Redmi 6 Pro ကိုအသုံးပြုပြီးရိုက်ကူးထားတဲ့ ပုံတွေမှာတော့ အရည်အသွေးအတော် ကောင်းတာကိုတွေ့ရပါတယ်။ နောက်ကျောဘက်မှာ  12MP + 5MP AI Dual ကင်မရာ တပ်ဆင်ထားမှာဖြစ်ပြီး အရှေ့ဘက်မှာတော့ 5MP ကိုသာတပ်ဆင်ပေးထားပါတယ်။ AI beautification နဲ့ HDR ရိုက်ကူးမှုတွေအပြင် နောက်ခံရှုခင်းတွေကို ဝါးအောင်ရိုက်ကူးလို့တဲ့  bokeh လုပ်ဆောင်ချက်ကို သုံးနိုင်မှာပါ။ နောက်ဘက်က အဓိက ကင်မရာအတွက် 1.25μm နဲ့ PDAF စွမ်းဆောင်ချက်တွေ ထောက်ပံ့ပေးထားပါတယ်။

Redmi 6 Pro ဟာအလယ်အလတ်ဆင့် စမတ်ဖုန်းဖြစ်ပြီး 5.45 လက်မ(2280×1080 pixels) Full-HD+ နဲ့အတူ 19:9 aspect ratio နဲ့လာမှာဖြစ်ပါတယ်။ ပါဝါစွမ်းအားပိုင်းအတွက် Snapdragon 625 chip ကိုသုံးထားပြီး ဗားရှင်း၃မျိုးနဲ့ ထွက်ရှိလာမှာပါ။ RAM နဲ့ storage ပိုင်းမှာ ရွေးချယ်နိုင်မှာဖြစ်ပြီး 2GB RAM+16GB storage ၊ 3GB RAM+32GB storage နဲ့ 4GB RAM+64GB ဆိုပြီးခွဲခြားထားပါတယ်။

ဘက်ထရီစွမ်းအားကိုတော့ စွမ်းအားပြည့် 3,900mAh နဲ့ဖြစ်ပြီး Android 8.1 Oreo သုံးလာမှာပါ။ ဈေးနှုန်းတော့ ထွက်ရှိလာခြင်း မရှိသေးပေမယ့် Helio P22 chispet သုံးထားတဲ့ Redmi 6 ထက်ဈေးကြီးနိုင်ပါတယ်။ သူ့မှာ AI လုပ်ဆောင်ချက်တွေ သုံးစွဲနိုင်မှာဖြစ်ပြီး Redmi 6 Pro ဟာ Redmi စီးရီးဖုန်းတွေထဲမှာတော့ ပထမဆုံးထိပ်ဘက်မှာ Notch ပါဝင်တဲ့ ဖုန်းဖြစ်လာမှာပါ။  6 Pro ကို Mi Pad 4 တစ်ရက်ထဲ မိတ်ဆက်မှာဖြစ်ပါတယ်။

Leave a Reply