Xiaomi Mi Pad 4 တြင္ Snapdragon 660 သုံးလာမည္

0
1360

Xiaomi  အေနနဲ႔ Mi Pad 4 မိတ္ဆက္ဖုိ႔အတြက္ ရက္ပိုင္းေလာက္ပဲ လိုပါေတာ့တယ္။ ဒီေန႔မွာေတာ့ Xiaomi ဟာ Mi Pad 4 နဲ႔ပတ္သတ္တဲ့ တရားဝင္ပိုစတာတစ္ခုကို ထုတ္ျပန္လိုက္ပါတယ္။ အခုေတာ့ တက္ဘလက္အသစ္မွာ ပါဝင္မယ့္ hardware အခ်က္အလက္ေတြကို တိတိက်သိလာရပါၿပီ။ အခ်က္အလက္ေတြအရ Xiaomi  အေနနဲ႔ MI Pad 4 မွာ Snapdragon 660 Octa core ပရိုဆက္ဆာကို သုံးသြားမွာျဖစ္ၿပီး မ်က္ႏွာျပင္ ၈လက္မမွာ 16: 10 Aspect Ratio Display နဲ႔ျဖစ္မယ္လို႔ဆိုပါတယ္။

LCD display အမ်ိဳးအစားနဲ႔ျဖစ္ၿပီး 320 ppi ေထာက္ပံ့ေပးလာမွာပါ။ ယခင္မ်ိဳးဆက္ MI Pad 3 မွာေတာ့ Xiaomi အေနနဲ႔ 7.9 လက္မမွာ  2048×1536 screen နဲ႔ျဖစ္ၿပီး 326 ppi ေထာက္ပံ့ေပးထားပါတယ္။ MI Pad 4 မွာ ထပ္မံပါဝင္လာမွာေတြကေတာ့ အေရွ႕ဘက္မွာ 5MP Selfie ကင္မရာနဲ႔ျဖစ္ၿပီး AI ေထာက္ပံ့မႈပါဝင္မွာပါ။ေနာက္ေက်ာဘက္မွာေတာ့ 13MP အရြယ္အစားကို သုံးထားပါတယ္။  6,000mAh ဘက္ထရီစြမ္းအားကို သုံးထားၿပီး Android 8.1 OS အေျချပဳ MIUI 9 OS ကိုသုံးလာမွာပါ။ Snapdragon 660 ပရိုဆက္ဆာဟာ 8-core Kryo 260 core ကိုအသုံးျပဳထားၿပီး 2.2GHz အျမန္ႏႈန္းရွိမွာ ျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းမွာေတာ့ Adreno 512 နဲ႔ေထာက္ပံ့ေပးမွာပါ။ 4 / 6GB RAM ဆိုၿပီး ခြဲျခားထားၿပီး 64 / 128GB အခ်က္အလက္သိုေလွာင္မႈနဲ႔ျဖစ္မွာပါ။

3C ရဲ႕ခြင္႔ျပဳခ်က္မွာေတာ့  Xiaomi MI Pad 4 ကိုအားသြင္းတဲ့ အခ်က္အလက္အတြက္ 5V/2A, 10W ႏႈန္းလို႔ ျပသထားပါတယ္။ ဒါေၾကာင့္သူ႕မွာ အားသြင္းျမန္ဆန္တဲ့ စနစ္ကိုေထာက္ပံ့လာႏုိင္ပါတယ္။ ေစ်းႏႈန္းကေတာ့ အေျခခံေမာ္ဒယ္ကို ေဒၚလာ ၂၃၀ ဝန္းက်င္ျဖစ္မွာပါ။ စြမ္းေဆာင္ရည္ျမင္တဲ့ ဗားရွင္းကိုေတာ့ ယြမ္ ၁၉၉၉(ေဒၚလာ ၃၀၇) ဝန္းက်င္ရွိမွာ ျဖစ္ပါတယ္။ တရုတ္ႏုိင္ငံ အျပင္ႏုိင္ငံတကာေစ်းကြက္ကို ျဖန္႔ခ်ိသြားမလားဆိုတာကိုလည္း တရားဝင္မထုတ္ျပန္ေသးပါဘူး။

Unicode

Xiaomi  အနေနဲ့ Mi Pad 4 မိတ်ဆက်ဖို့အတွက် ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီနေ့မှာတော့ Xiaomi ဟာ Mi Pad 4 နဲ့ပတ်သတ်တဲ့ တရားဝင်ပိုစတာတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ အခုတော့ တက်ဘလက်အသစ်မှာ ပါဝင်မယ့် hardware အချက်အလက်တွေကို တိတိကျသိလာရပါပြီ။ အချက်အလက်တွေအရ Xiaomi  အနေနဲ့ MI Pad 4 မှာ Snapdragon 660 Octa core ပရိုဆက်ဆာကို သုံးသွားမှာဖြစ်ပြီး မျက်နှာပြင် ၈လက်မမှာ 16: 10 Aspect Ratio Display နဲ့ဖြစ်မယ်လို့ဆိုပါတယ်။

LCD display အမျိုးအစားနဲ့ဖြစ်ပြီး 320 ppi ထောက်ပံ့ပေးလာမှာပါ။ ယခင်မျိုးဆက် MI Pad 3 မှာတော့ Xiaomi အနေနဲ့ 7.9 လက်မမှာ  2048×1536 screen နဲ့ဖြစ်ပြီး 326 ppi ထောက်ပံ့ပေးထားပါတယ်။ MI Pad 4 မှာ ထပ်မံပါဝင်လာမှာတွေကတော့ အရှေ့ဘက်မှာ 5MP Selfie ကင်မရာနဲ့ဖြစ်ပြီး AI ထောက်ပံ့မှုပါဝင်မှာပါ။နောက်ကျောဘက်မှာတော့ 13MP အရွယ်အစားကို သုံးထားပါတယ်။  6,000mAh ဘက်ထရီစွမ်းအားကို သုံးထားပြီး Android 8.1 OS အခြေပြု MIUI 9 OS ကိုသုံးလာမှာပါ။ Snapdragon 660 ပရိုဆက်ဆာဟာ 8-core Kryo 260 core ကိုအသုံးပြုထားပြီး 2.2GHz အမြန်နှုန်းရှိမှာ ဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ Adreno 512 နဲ့ထောက်ပံ့ပေးမှာပါ။ 4 / 6GB RAM ဆိုပြီး ခွဲခြားထားပြီး 64 / 128GB အချက်အလက်သိုလှောင်မှုနဲ့ဖြစ်မှာပါ။

3C ရဲ့ခွင့်ပြုချက်မှာတော့  Xiaomi MI Pad 4 ကိုအားသွင်းတဲ့ အချက်အလက်အတွက် 5V/2A, 10W နှုန်းလို့ ပြသထားပါတယ်။ ဒါကြောင့်သူ့မှာ အားသွင်းမြန်ဆန်တဲ့ စနစ်ကိုထောက်ပံ့လာနိုင်ပါတယ်။ ဈေးနှုန်းကတော့ အခြေခံမော်ဒယ်ကို ဒေါ်လာ ၂၃၀ ဝန်းကျင်ဖြစ်မှာပါ။ စွမ်းဆောင်ရည်မြင်တဲ့ ဗားရှင်းကိုတော့ ယွမ် ၁၉၉၉(ဒေါ်လာ ၃၀၇) ဝန်းကျင်ရှိမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အပြင်နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိသွားမလားဆိုတာကိုလည်း တရားဝင်မထုတ်ပြန်သေးပါဘူး။

Leave a Reply