Sony Xperia XZ3 Premium ရဲ႕ သတင္းထြက္ေပၚလာ

0
1249

လက္ရွိမွာ Sony Xperia XZ2 Premium ကို မေရာင္းခ်ေပးေသးပါဘူး။ ဒါေပမယ့္ ဆိုနီက သူ႔ရဲ႕ မ်ိဳးဆက္သစ္ Xperia XZ3 Premium ကို ဖန္တီးေနပါၿပီ။ ေပါက္ၾကားထြက္ေပၚလာတဲ့ စာရြက္စာတမ္းမ်ားအရ သူ႔မွာ 18:9 Screen ထည့္သြင္းထားႏုိ္င္ပါတယ္။

ဆိုနီဟာ 16:9 Screen မ်ားကိုသာ သူ႔ရဲ႕ ဖုန္းမ်ားမွာ ထည့္သြင္းေပးထားတာ ျဖစ္ၿပီး မ်က္ႏွာျပင္ေဘးေဘာင္မ်ားဟာလည္း ထူထဲပါတယ္။ အခုေတာ့ ေခတ္စားေနတဲ့ မ်က္ႏွာျပင္ အခ်ိဳး ဒီဇိုင္းကို ေနာက္မ်ိဳးဆက္ စြမ္းရည္ျမင့္ စမတ္ဖုန္းမွာ ထည့္သြင္းေပးေတာ့မွာ ျဖစ္ပါတယ္။

ယခုသတင္းအခ်က္အလက္မ်ားဟာ Sumahoinfo မွာ စာရင္းတင္ထားတဲ့ User Agent Profile ကေန ရရွိလာတာ ျဖစ္ပါတယ္။ အဲဒီ ဖုန္းရဲ႕ ေမာ္ဒယ္နံပါတ္မွာ H8616 ျဖစ္ပါတယ္။ သူ႔ရဲ႕ မ်က္ႏွာျပင္ အရည္အေသြးမွာ 3840x1920p ျဖစ္ၿပီး ဆိုနီရဲ႕ ဖုန္းအမ်ားစုထက္ေတာ့ ပိုမို အရည္အေသြး ျမင့္ေနပါတယ္။ ဒါေပမယ့္ Xperia XZ2 Premium ထက္ေတာ့ မ်က္ႏွာျပင္ အရည္အေသြးက နိမ့္က်ေနပါတယ္။ Xperia XZ3 Premium မွာ Android P ထည့္သြင္းထားမယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ဒီေလာက္သာ သိရပါေသးတယ္။ ဒီဖုန္းဟာ Sony Xperia Z3 Premium ျဖစ္ႏုိင္သလို ဆိုနီရဲ႕ စြမ္းရည္ျမင့္ အျခား စမတ္ဖုန္းတစ္လံုးလည္း ျဖစ္ႏုိင္ပါတယ္။ Xperia XZ2 Premium ကို ယခုႏွစ္ဧၿပီလကမွ မိတ္ဆက္သြားတာ ျဖစ္တဲ့အတြက္ သူ႔ရဲ႕ မ်ိဳးဆက္ကို ျမင္ရဖို႔ အခ်ိိန္ၾကာျမင့္ဦးမွာ ျဖစ္ပါတယ္။

unicode

Sony Xperia XZ3 Premium ရဲ့ သတင်းထွက်ပေါ်လာ

လက်ရှိမှာ Sony Xperia XZ2 Premium ကို မရောင်းချပေးသေးပါဘူး။ ဒါပေမယ့် ဆိုနီက သူ့ရဲ့ မျိုးဆက်သစ် Xperia XZ3 Premium ကို ဖန်တီးနေပါပြီ။ ပေါက်ကြားထွက်ပေါ်လာတဲ့ စာရွက်စာတမ်းများအရ သူ့မှာ 18:9 Screen ထည့်သွင်းထားနိုင်ပါတယ်။

ဆိုနီဟာ 16:9 Screen များကိုသာ သူ့ရဲ့ ဖုန်းများမှာ ထည့်သွင်းပေးထားတာ ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်များဟာလည်း ထူထဲပါတယ်။ အခုတော့ ခေတ်စားနေတဲ့ မျက်နှာပြင် အချိုး ဒီဇိုင်းကို နောက်မျိုးဆက် စွမ်းရည်မြင့် စမတ်ဖုန်းမှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။

ယခုသတင်းအချက်အလက်များဟာ Sumahoinfo မှာ စာရင်းတင်ထားတဲ့ User Agent Profile ကနေ ရရှိလာတာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းရဲ့ မော်ဒယ်နံပါတ်မှာ H8616 ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာပြင် အရည်အသွေးမှာ 3840x1920p ဖြစ်ပြီး ဆိုနီရဲ့ ဖုန်းအများစုထက်တော့ ပိုမို အရည်အသွေး မြင့်နေပါတယ်။ ဒါပေမယ့် Xperia XZ2 Premium ထက်တော့ မျက်နှာပြင် အရည်အသွေးက နိမ့်ကျနေပါတယ်။ Xperia XZ3 Premium မှာ Android P ထည့်သွင်းထားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့ သတင်းအချက်အလက်များကို ဒီလောက်သာ သိရပါသေးတယ်။ ဒီဖုန်းဟာ Sony Xperia Z3 Premium ဖြစ်နိုင်သလို ဆိုနီရဲ့ စွမ်းရည်မြင့် အခြား စမတ်ဖုန်းတစ်လုံးလည်း ဖြစ်နိုင်ပါတယ်။ Xperia XZ2 Premium ကို ယခုနှစ်ဧပြီလကမှ မိတ်ဆက်သွားတာ ဖြစ်တဲ့အတွက် သူ့ရဲ့ မျိုးဆက်ကို မြင်ရဖို့ အချိန်ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

Leave a Reply