ေနာက္ေက်ာဘက္မွာ AI ကင္မရာ ၃ခုတပ္ဆင္ထားတဲ့ Oneplus 7 Concept ဒီဇုိင္းထြက္လာ

0
1601

2018 ခုႏွစ္အတြင္းမွာေတာ့ Oneplus အေနနဲ႔ စြမ္းေဆာင္ရည္ေကာင္းၿပီး Notch တပ္ဆင္ထားတဲ့ Oneplus 6 စမတ္ဖုန္းကို ေရာင္းခ်ေပးခဲ့ပါၿပီ။ စမတ္ဖုန္းသစ္ထြက္ၿပီး အခ်ိန္အနည္းငယ္ၾကာတဲ့ အခ်ိန္မွာေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္လာမယ့္ဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြ ထြက္ေပၚလာပါတယ္။ တရုတ္ဝက္ဘ္ဆိုက္တစ္ခုကေန Oneplus 7 နဲ႔ပတ္သတ္လို႔ Concept ပုံေတြထြက္ရွိလာၿပီး သူ႕ရဲ႕ထိပ္ဘက္မွာ notch ကိုဖယ္ရွားထားပါတယ္။

ဖုန္းရဲ႕ screen ေလးဘက္လုံးဟာက်ဥ္းေျမာင္းတဲ့ အနားသတ္ေလးေတြနဲ႔ျဖစ္ၿပီး ကိုယ္ထည္တစ္ခုလုံးရဲ႕  96% ရာခိုင္ႏႈန္းရွိေနပါတယ္။ မ်က္ႏွာျပင္ပိုင္းမွာ 6.4 inch AMOLED display ကိုသုံးလာမယ္ လို႔ဆိုၿပီး ေနာက္ဘက္မွာ ကင္မရာ၃လုံးတပ္ဆင္ထားပါတယ္။ လက္ေဗြဖတ္စနစ္ကိုေတာ့ display ရဲ႕ေအာက္မွာထည့္သြင္းထားၿပီး Corning Gorilla ၆နဲ႔ ကာကြယ္ေပးထားပါတယ္။

ပုံမွန္ပါဝင္ေနၾက ေနာက္ေက်ာဘက္ကင္မရာရဲ႕ေအာက္က လက္ေဗြဖတ္စနစ္ကို ဖယ္ရွားထားၿပီးHuawei P20 Pro လို ကင္မရာ၃လုံးကို ေဒါင္လိုက္အေနအထားနဲ႔ တပ္ဆင္ထားပါတယ္။ကင္မရာ ၃လုံးဟာ 20MP (f/1.6)+ 20MP (f/1.6) နဲ႔ 8MP (f/2.2) ျဖစ္ၿပီး OIS ေထာက္ပံ့မႈနဲ႔အတူ Sony IMX363 sensor ကိုသုံးထားပါတယ္။ အေရွ႕ဘက္မွာ 20MP ကင္မရာကိုတပ္ဆင္ထားၿပီး ဖုန္းရဲ႕ကင္မရာ၄ခုလုံးဟာ AI လုပ္ေဆာင္ခ်က္ကို သုံးႏုိင္မယ္လို႔ သိရပါတယ္။ RAM 10GB နဲ႔အတူ  RAM 12GB ကအေျခခံေမာ္ဒယ္ျဖစ္ႏုိင္ၿပီး ROM 256GB/516GB storage ေတြလည္း ထုတ္လုပ္လာႏုိင္ပါတယ္။ Dual-Sim သုံးစြဲႏုိင္မွာျဖစ္ၿပီး ကြန္ရက္ခ်ိတ္ဆက္မႈမွာေတာ့ 5G/4G ကြန္ရက္ကို ေထာက္ပံ့ေပးလာနိုင္ပါတယ္။

unicode

2018 ခုနှစ်အတွင်းမှာတော့ Oneplus အနေနဲ့ စွမ်းဆောင်ရည်ကောင်းပြီး Notch တပ်ဆင်ထားတဲ့ Oneplus 6 စမတ်ဖုန်းကို ရောင်းချပေးခဲ့ပါပြီ။ စမတ်ဖုန်းသစ်ထွက်ပြီး အချိန်အနည်းငယ်ကြာတဲ့ အချိန်မှာတော့ ၂၀၁၉ခုနှစ်မှာ ထွက်လာမယ့်ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ တရုတ်ဝက်ဘ်ဆိုက်တစ်ခုကနေ Oneplus 7 နဲ့ပတ်သတ်လို့ Concept ပုံတွေထွက်ရှိလာပြီး သူ့ရဲ့ထိပ်ဘက်မှာ notch ကိုဖယ်ရှားထားပါတယ်။

ဖုန်းရဲ့ screen လေးဘက်လုံးဟာကျဉ်းမြောင်းတဲ့ အနားသတ်လေးတွေနဲ့ဖြစ်ပြီး ကိုယ်ထည်တစ်ခုလုံးရဲ့  96% ရာခိုင်နှုန်းရှိနေပါတယ်။ မျက်နှာပြင်ပိုင်းမှာ 6.4 inch AMOLED display ကိုသုံးလာမယ် လို့ဆိုပြီး နောက်ဘက်မှာ ကင်မရာ၃လုံးတပ်ဆင်ထားပါတယ်။ လက်ဗွေဖတ်စနစ်ကိုတော့ display ရဲ့အောက်မှာထည့်သွင်းထားပြီး Corning Gorilla ၆နဲ့ ကာကွယ်ပေးထားပါတယ်။

ပုံမှန်ပါဝင်နေကြ နောက်ကျောဘက်ကင်မရာရဲ့အောက်က လက်ဗွေဖတ်စနစ်ကို ဖယ်ရှားထားပြီးHuawei P20 Pro လို ကင်မရာ၃လုံးကို ဒေါင်လိုက်အနေအထားနဲ့ တပ်ဆင်ထားပါတယ်။ကင်မရာ ၃လုံးဟာ 20MP (f/1.6)+ 20MP (f/1.6) နဲ့ 8MP (f/2.2) ဖြစ်ပြီး OIS ထောက်ပံ့မှုနဲ့အတူ Sony IMX363 sensor ကိုသုံးထားပါတယ်။ အရှေ့ဘက်မှာ 20MP ကင်မရာကိုတပ်ဆင်ထားပြီး ဖုန်းရဲ့ကင်မရာ၄ခုလုံးဟာ AI လုပ်ဆောင်ချက်ကို သုံးနိုင်မယ်လို့ သိရပါတယ်။ RAM 10GB နဲ့အတူ  RAM 12GB ကအခြေခံမော်ဒယ်ဖြစ်နိုင်ပြီး ROM 256GB/516GB storage တွေလည်း ထုတ်လုပ်လာနိုင်ပါတယ်။ Dual-Sim သုံးစွဲနိုင်မှာဖြစ်ပြီး ကွန်ရက်ချိတ်ဆက်မှုမှာတော့ 5G/4G ကွန်ရက်ကို ထောက်ပံ့ပေးလာနိုင်ပါတယ်။

Leave a Reply