Blue Origin က ၂၀၁၉ ခုႏွစ္မွာ အာကာသခရီးသြား လက္မွတ္မ်ား ေရာင္းမယ္လို႔ ေၾကညာ

0
1239

အာကာသကို ဟန္းနီးမြန္း ထြက္မယ့္ စံုတြဲေတြ အတြက္ေတာ့ အခ်ိန္နီးလာပါၿပီ။ အေမရိကန္ ပုဂၢလိက အာကာသ ကုမၸဏီ Blue Origin က လာမယ့္ႏွစ္မွာ လက္မွတ္မ်ားကို စတင္ ေရာင္းခ်ေပးမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ Blue Origin ဟာ အေမဇုန္ သူေဌး Jeff Bezos ပိုင္တဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။

လက္မွတ္ေစ်းႏႈန္းမ်ားကိုေတာ့ မသိရေသးပါဘူး။ မၾကာခင္မွာ ခရီးသည္မ်ားအား အာကာသသို႔ ပထမဆံုး အႀကိမ္ ပို႔ေဆာင္ျခင္းကို စမ္းသပ္ေတာ့မယ္လို႔ ေျပာပါတယ္။ Blue Origin ရဲ႕ အႀကီးတန္း ဒုတိယ ဥကၠဌ ျဖစ္သူ Rob Meyerson က လက္မွတ္ေစ်းႏႈန္းကို မသတ္မွတ္ရေသးေသာ္လညး္ လူတစ္ဦးလွ်င္ ေဒၚလာ ၅၀၀၀၀ ကေန ၂၅၀၀၀၀ အၾကားမွာ ရွိမယ္လို႔ ခန္႔မွန္းထားေၾကာင္း ေျပာပါတယ္။

Blue Origin က New Shepard အမည္ရ အာကာသယာဥ္ကို အသံုးျပဳမွာ ျဖစ္ၿပီး လူေျခာက္ဦး လိုက္ပါ စီးနင္းႏုိင္ပါတယ္။ အာကာသယာဥ္ဟာ နာဆာရဲ႕ အာကာသယာဥ္ထက္ ၁၀ ဆ ပိုမို က်ယ္၀န္းပါတယ္။ ကမာၻ႕ေလထုနဲ႔ အာကာသအၾကားမွ Karman Line ကို ေက်ာ္သြားတာနဲ႔ ခရီးသည္မ်ားဟာ ထိုင္ခံုခါးပတ္မ်ားကို ျဖဳတ္ၿပီး ဆြဲငင္အားမဲ့တ့ဲ ခံစားမႈကို စတင္ ရရွိမွာ ျဖစ္ပါတယ္။ အဲဒီ လို္င္းဟာ ကမာၻေျမျပင္ရဲ႕ အထက္ မိုင္ ၆၀ သို႔မဟုတ္ ၃၂၈ ၀၈၀ ေပေလာက္မွာ ရွိပါတယ္။

အာကာသယာဥ္ကို BE-3 Engine တစ္လံုးထဲကေန ေမာင္းႏွင္မွာ ျဖစ္ပါတယ္။ အာကာသကို လည္ပတ္ၿပီးရင္ ခရီးသည္မ်ားဟာ ကမာၻေျမရဲ႕ တကၠဆပ္ သဲကႏၱာရထဲကို ေလထီးျဖင့္ ျပန္လည္ ဆင္းသက္ရမွာ ျဖစ္ပါတယ္။ လာမယ့္ႏွစ္မွာ လက္မွတ္မ်ား စတင္ ေရာင္းခ်မွာ ျဖစ္ေပမယ့္ ခ်က္ခ်င္းေတာ့ ပို႔ေဆာင္ေပးမွာ မဟုတ္ဘူးလို႔ ကြ်မ္းက်င္သူမ်ားက သံုးသပ္ပါတယ္။ Virgin Galactic ကလည္း လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုကတည္းက အာကာသ ခရီးသြား လက္မွတ္မ်ား ေရာင္းခ်ထားေပမယ့္ ယခုအခ်ိန္အထိ ခရီးစဥ္ စတင္ျခင္း မရွိေသးပါဘူး။

unicode

Blue Origin က ၂၀၁၉ ခုနှစ်မှာ အာကာသခရီးသွား လက်မှတ်များ ရောင်းမယ်လို့ ကြေညာ

အာကာသကို ဟန်းနီးမွန်း ထွက်မယ့် စုံတွဲတွေ အတွက်တော့ အချိန်နီးလာပါပြီ။ အမေရိကန် ပုဂ္ဂလိက အာကာသ ကုမ္ပဏီ Blue Origin က လာမယ့်နှစ်မှာ လက်မှတ်များကို စတင် ရောင်းချပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ Blue Origin ဟာ အမေဇုန် သူဌေး Jeff Bezos ပိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းများကိုတော့ မသိရသေးပါဘူး။ မကြာခင်မှာ ခရီးသည်များအား အာကာသသို့ ပထမဆုံး အကြိမ် ပို့ဆောင်ခြင်းကို စမ်းသပ်တော့မယ်လို့ ပြောပါတယ်။ Blue Origin ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Rob Meyerson က လက်မှတ်ဈေးနှုန်းကို မသတ်မှတ်ရသေးသော်လည်း လူတစ်ဦးလျှင် ဒေါ်လာ ၅၀၀၀၀ ကနေ ၂၅၀၀၀၀ အကြားမှာ ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

Blue Origin က New Shepard အမည်ရ အာကာသယာဉ်ကို အသုံးပြုမှာ ဖြစ်ပြီး လူခြောက်ဦး လိုက်ပါ စီးနင်းနိုင်ပါတယ်။ အာကာသယာဉ်ဟာ နာဆာရဲ့ အာကာသယာဉ်ထက် ၁၀ ဆ ပိုမို ကျယ်ဝန်းပါတယ်။ ကမ္ဘာ့လေထုနဲ့ အာကာသအကြားမှ Karman Line ကို ကျော်သွားတာနဲ့ ခရီးသည်များဟာ ထိုင်ခုံခါးပတ်များကို ဖြုတ်ပြီး ဆွဲငင်အားမဲ့တဲ့ ခံစားမှုကို စတင် ရရှိမှာ ဖြစ်ပါတယ်။ အဲဒီ လိုင်းဟာ ကမ္ဘာမြေပြင်ရဲ့ အထက် မိုင် ၆၀ သို့မဟုတ် ၃၂၈ ၀၈၀ ပေလောက်မှာ ရှိပါတယ်။

အာကာသယာဉ်ကို BE-3 Engine တစ်လုံးထဲကနေ မောင်းနှင်မှာ ဖြစ်ပါတယ်။ အာကာသကို လည်ပတ်ပြီးရင် ခရီးသည်များဟာ ကမ္ဘာမြေရဲ့ တက္ကဆပ် သဲကန္တာရထဲကို လေထီးဖြင့် ပြန်လည် ဆင်းသက်ရမှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ လက်မှတ်များ စတင် ရောင်းချမှာ ဖြစ်ပေမယ့် ချက်ချင်းတော့ ပို့ဆောင်ပေးမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ Virgin Galactic ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းက အာကာသ ခရီးသွား လက်မှတ်များ ရောင်းချထားပေမယ့် ယခုအချိန်အထိ ခရီးစဉ် စတင်ခြင်း မရှိသေးပါဘူး။

Leave a Reply