Android Go စမတ္ဖုန္း Alcatel 1 ရဲ႕အခ်က္အလက္မ်ားေပါက္ၾကား

0
1320

Alcatel ရဲ႕ေနာက္ထပ္ထြက္လာမယ့္ Android Go စမတ္ဖုန္းျဖစ္တဲ့ Alcatel 1 ရဲ႕အခ်က္အလက္ေတြဟာဒီေန႔မွာေတာ့  ရုရွဝက္ဘ္ဆိုက္တစ္ခုမွာ ထြက္ေပၚလာပါတယ္။ သူ႕မွာ Alcatel 1X ထက္စြမ္းေဆာင္ရည္ပိုင္းမွာ နိမ့္သြားမွာ ျဖစ္ၿပီး လုံးဝေစ်း သက္သာဖုိ႔ ႀကိမ္းေသပါတယ္။ ေနာက္ဆုံးထြက္ထားတဲ့ သတင္းေတြအရ Alcatel 1 မွာ ပါဝါပိုင္းအတြက္ MT6739 Octa core ပရိုဆက္ဆာကို သုံးထားမွာျဖစ္ၿပီး RAM 1GB နဲ႔အတူ ROM 8GB storage နဲ႔ျဖစ္ပါတယ္။

မ်က္ႏွာျပင္အက်ယ္ 5 လက္မမွာ 18:9 display, 960×480 resolution ျဖစ္ပါတယ္။ ကင္မရာပိုင္းမွာေတာ့ တန္ဖိုးနည္းဖုန္း ျဖစ္တာနဲ႔အညီ ေနာက္ေက်ာဘက္မွာ  5MP နဲ႔ အေရွ႕ဘက္မွာ 2MP သာထည့္သြင္းေပးထားမွာပါ။ ကင္မရာ၂ခုလံုံးမွာ auto-focus လုပ္ေဆာင္ခ်က္ ပါဝင္မွာမဟုတ္ပါဘူး။ အရြယ္အစားကေတာ့ 137.6 x 65.7 x 9.8 ျဖစ္ၿပီး၊ အေလးခ်ိန္ 134g ရွိမွာျဖစ္ပါတယ္။ 2,000mAh ဘက္ထရီထည့္သြင္းေပးထားၿပီး Android 8.1 OS အေျချပဳ Android Go OS ကိုသုံးႏုိင္မွာပါ။ အေရာင္ကိုေတာ့ေရြ၊အနက္နဲ႔ အျပာဆိုၿပီး ထုတ္လာမွာျဖစ္ပါတယ္။

Android Oreo (Go Edition) ကို ၂၀၁၇ ဇြန္လက မိတ္ဆက္ေၾကညာခဲ့ၿပီး စြမ္းေဆာင္ရည္နိမ့္ဖုန္းေတြကို တြင္က်ယ္စြာ အသံုးျပဳၾကတဲ့ ဖြံ႕ၿဖိဳးဆဲေစ်းကြက္ေတြအတြက္ နာမည္ေက်ာ္ Google app ေတြကို ျပန္လည္ဖန္တီးထားတာပါ။ Android Go ဟာ RAM နဲ႔ Processing Power နည္းပါးတဲ့ စြမ္းေဆာင္ရည္နိမ့္ စမတ္ဖုန္းမ်ားအတြက္ အထူး ဖန္တီးထားတဲ့ Google ရဲ႕ Operating System ျဖစ္ၿပီး ပင္မ Android OS ရဲ႕ ေပါ့ပါးတဲ့ ဗားရွင္းျဖစ္ၿပီး စြမ္းေဆာင္ရည္နိမ့္ Specification မ်ား ပါတဲ့ ဖုန္းမ်ားမွာ လွ်င္ျမန္စြာ အလုပ္လုပ္မွာပါ။ သူ႕ကို 512MB ကေန 1GB RAM သာပါတဲ့ ဖုန္းမ်ားအတြက္ အထူး ဖန္တီးထားတာပဲျဖစ္ပါတယ္။

unicode

Alcatel ရဲ့နောက်ထပ်ထွက်လာမယ့် Android Go စမတ်ဖုန်းဖြစ်တဲ့ Alcatel 1 ရဲ့အချက်အလက်တွေဟာဒီနေ့မှာတော့  ရုရှဝက်ဘ်ဆိုက်တစ်ခုမှာ ထွက်ပေါ်လာပါတယ်။ သူ့မှာ Alcatel 1X ထက်စွမ်းဆောင်ရည်ပိုင်းမှာ နိမ့်သွားမှာ ဖြစ်ပြီး လုံးဝဈေး သက်သာဖို့ ကြိမ်းသေပါတယ်။ နောက်ဆုံးထွက်ထားတဲ့ သတင်းတွေအရ Alcatel 1 မှာ ပါဝါပိုင်းအတွက် MT6739 Octa core ပရိုဆက်ဆာကို သုံးထားမှာဖြစ်ပြီး RAM 1GB နဲ့အတူ ROM 8GB storage နဲ့ဖြစ်ပါတယ်။

မျက်နှာပြင်အကျယ် 5 လက်မမှာ 18:9 display, 960×480 resolution ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ တန်ဖိုးနည်းဖုန်း ဖြစ်တာနဲ့အညီ နောက်ကျောဘက်မှာ  5MP နဲ့ အရှေ့ဘက်မှာ 2MP သာထည့်သွင်းပေးထားမှာပါ။ ကင်မရာ၂ခုလုံံးမှာ auto-focus လုပ်ဆောင်ချက် ပါဝင်မှာမဟုတ်ပါဘူး။ အရွယ်အစားကတော့ 137.6 x 65.7 x 9.8 ဖြစ်ပြီး၊ အလေးချိန် 134g ရှိမှာဖြစ်ပါတယ်။ 2,000mAh ဘက်ထရီထည့်သွင်းပေးထားပြီး Android 8.1 OS အခြေပြု Android Go OS ကိုသုံးနိုင်မှာပါ။ အရောင်ကိုတော့ရွေ၊အနက်နဲ့ အပြာဆိုပြီး ထုတ်လာမှာဖြစ်ပါတယ်။

Android Oreo (Go Edition) ကို ၂၀၁၇ ဇွန်လက မိတ်ဆက်ကြေညာခဲ့ပြီး စွမ်းဆောင်ရည်နိမ့်ဖုန်းတွေကို တွင်ကျယ်စွာ အသုံးပြုကြတဲ့ ဖွံ့ဖြိုးဆဲဈေးကွက်တွေအတွက် နာမည်ကျော် Google app တွေကို ပြန်လည်ဖန်တီးထားတာပါ။ Android Go ဟာ RAM နဲ့ Processing Power နည်းပါးတဲ့ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများအတွက် အထူး ဖန်တီးထားတဲ့ Google ရဲ့ Operating System ဖြစ်ပြီး ပင်မ Android OS ရဲ့ ပေါ့ပါးတဲ့ ဗားရှင်းဖြစ်ပြီး စွမ်းဆောင်ရည်နိမ့် Specification များ ပါတဲ့ ဖုန်းများမှာ လျှင်မြန်စွာ အလုပ်လုပ်မှာပါ။ သူ့ကို 512MB ကနေ 1GB RAM သာပါတဲ့ ဖုန်းများအတွက် အထူး ဖန်တီးထားတာပဲဖြစ်ပါတယ်။

Leave a Reply