မနက္ျဖန္မွာ ေၾကညာမယ့္ Xiaomi Mi Pad 4 ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာ

0
1280

ေရွာင္မီက Mi Pad 4 အတြက္ သံုးမယ့္ ေၾကာ္ညာ ဓါတ္ပံုမ်ားနဲ႔ ေစ်းႏႈန္းမ်ား အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ဓါတ္ပံုမ်ားအရ သူ႔ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားဟာ ၈ လက္မ ရွိမယ္လို႔ ထင္ရပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးမွာ 16:10 ျဖစ္ႏိုင္ပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ ပါးလႊာပါတယ္။

အေျခခံေမာ္ဒယ္ ျဖစ္တဲ့ 4GB RAM , 64GB Storage မွာ ၀ိုင္ဖုိင္သာပါပါတယ္။ တရုတ္ယြမ္ ၁၄၉၉ ျဖင့္ ေရာင္းခ်ႏုိင္ၿပီး ၂၃၀ ေဒၚလာ ၀န္းက်င္ က်သင့္ႏုိင္ပါတယ္။ ပိုမိုစြမ္းရည္ျမင့္မားတဲ့ 6GB RAM , 128GB Storage ကို ယြမ္ ၁၉၉၉ ျဖင့္ ေရာင္းခ်ႏုိင္ၿပီး ၃၀၈ ေဒၚလာ က်သင့္ပါတယ္။ သူ႔မွာ LTE ဆက္သြယ္မႈ ပါပါတယ္။

ယခင္ကလည္း သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ား ေပါက္ၾကားထြက္ေပၚဖူးပါတယ္။ သူ႔မွာ စြမ္းေဆာင္ရည္သင့္ Qualcomm Snapdragon 660 Chipset ေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္။ အရြယ္အစား ႀကီးမားတဲ့ 6000mAh Battery ပါလာႏုိင္ပါတယ္။

အေနာက္ဘက္မွာ 13 Megapixel Camera နဲ႔ အေရွ႕ဘက္မွာ 5 Megapixel Camera မ်ားပါလာႏုိင္ပါတယ္။ AI အထူးျပဳ Face Unlock စနစ္လည္း ထည့္သြင္းထားႏုိင္ပါတယ္။ Xiaomi Mi Pad 4 ကို ၂၅ ရက္ေန႔မွာ Redmi 6 Pro နဲ႔ အတူ မိတ္ဆက္မွာ ျဖစ္ပါတယ္။

unicode

မနက်ဖြန်မှာ ကြေညာမယ့် Xiaomi Mi Pad 4 ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

ရှောင်မီက Mi Pad 4 အတွက် သုံးမယ့် ကြော်ညာ ဓါတ်ပုံများနဲ့ ဈေးနှုန်းများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဓါတ်ပုံများအရ သူ့ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၈ လက်မ ရှိမယ်လို့ ထင်ရပါတယ်။ မျက်နှာပြင် အချိုးမှာ 16:10 ဖြစ်နိုင်ပါတယ်။ မျက်နှာပြင် ဘေးဘောင်များဟာ ပါးလွှာပါတယ်။

အခြေခံမော်ဒယ် ဖြစ်တဲ့ 4GB RAM , 64GB Storage မှာ ဝိုင်ဖိုင်သာပါပါတယ်။ တရုတ်ယွမ် ၁၄၉၉ ဖြင့် ရောင်းချနိုင်ပြီး ၂၃၀ ဒေါ်လာ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ ပိုမိုစွမ်းရည်မြင့်မားတဲ့ 6GB RAM , 128GB Storage ကို ယွမ် ၁၉၉၉ ဖြင့် ရောင်းချနိုင်ပြီး ၃၀၈ ဒေါ်လာ ကျသင့်ပါတယ်။ သူ့မှာ LTE ဆက်သွယ်မှု ပါပါတယ်။

ယခင်ကလည်း သူ့ရဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်ဖူးပါတယ်။ သူ့မှာ စွမ်းဆောင်ရည်သင့် Qualcomm Snapdragon 660 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ 6000mAh Battery ပါလာနိုင်ပါတယ်။

အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera များပါလာနိုင်ပါတယ်။ AI အထူးပြု Face Unlock စနစ်လည်း ထည့်သွင်းထားနိုင်ပါတယ်။ Xiaomi Mi Pad 4 ကို ၂၅ ရက်နေ့မှာ Redmi 6 Pro နဲ့ အတူ မိတ်ဆက်မှာ ဖြစ်ပါတယ်။

Leave a Reply