တန်ဖိုးသင့်တင့်ပြီး ခပ်လန်းလန်းလုပ်ဆောင်ချက်တွေပါဝင်တဲ့ Huawei Y6 Prime and Y5 Prime

0
4306

Huawei ကနေပြီးတော့ အခုတလောမှာ တန်ဖိုးသင့်တင့်ပြီး ခပ်လန်းလန်းလုပ်ဆောင်ချက်တွေပါဝင်တဲ့ ဖုန်းတွေကို ခပ်စိတ်စိတ်လေး ဈေးကွက်ထဲကို တင်သွင်းလာတာတွေ့ရပါတယ်။ Huawei ရဲ့ လူကြိုက်အများဆုံး Series တွေထဲက တစ်ခုဖြစ်တဲ့ Y Series ကိုတော့ မသိသူရှားပါတယ်။ အခုတစ်ခါမှာလည်း Huawei က ဈေးနှုန်းသက်သာပြီး တခြားပြိုင်ဘက်တွေထက် သာလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ Y5 နှင့် Y6 Prime ဖုန်းအမျိုးအစားကို မိတ်ဆက်လိုက်ပြန်ပါပြီ။

ဈေးနှုန်းအားဖြင့် Y6 Prime ကို ၁၄၉,၀၀၀ ကျပ် နဲ့ Y5 Prime ကိုတော့ ၁၂၉,၀၀၀ ကျပ် သာ ကျသင့်သော်လည်း ပေးရတဲ့ ဈေးထပ်  ဘယ်လို သာလွန်တဲ့ လုပ်ဆောင်ချက်တွေပါသလဲဆိုတော့

Huawei Y6 Prime

Huawei Y6 Prime မှာ Memory 2GB နဲ့  ROM 16GB အထိ ပါဝင်ပါတယ်။  ဖုန်းမျက်နှာပြင်မှာ 5.7 လက်မကျယ်ဝန်းပြီး  HD+ (1440 x 720)  resolution ပါဝင်ပြီး Huawei FullView Display ရဲ့ ကြီးမားတဲ့မျက်နှာပြင်ကြောင့် ဗီဒီယိုတွေကြည့်တဲ့အခါ နဲ့ ဂိမ်းကစားတဲ့ အချိန်တွေမှာ မှာ ကောင်းမွန်တဲ့အတွေ့အကြုံကို ရရှိနိုင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနှင့် နောက်ကင်မရာ 13 MP နှင့် ရှေ့ကင်မရာ 8 MP ပါဝင်တဲ့အပြင် ဆယ်ဖီရိုက်ကူးရာမှာ  Selfie Toning Flash လည်းပါဝင်တာကြောင့် အလင်းရောင်နည်းတဲ့အချိန်မှာပါ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် 87.5 dB အထိ volume မြှင့်တင်နိုင်တဲ့ High Volume Speaker ကိုထည့်သွင်းတပ်ဆင်ထားတာကြောင့် ညက်ညောချောမွေ့တဲ့ အသံ quality ကို ရရှိနိုင်မှာပါ။ ဒီဖုန်းမှာ Power Saving Mode နှင့် Ultra Power Saving Mode တွေပါ ပါဝင်လာပြီး ဘတ္ထရီရဲ့ 55% ကို ၂ရက်နှင့် နာရီ၂၀ အထိ အသုံးပြုနိုင်စေမှာ ဖြစ်တဲ့အတွက် ခရီးသွားရာမှာ သို့မဟုတ် ဖုန်းအားသွင်းဖို့ အဆင်မပြေတဲ့အခါမျိုးတွေအတွက် အထူးသင့်တော်ပါတယ်။

Operating System အနေနှင့်လည်း နောက်ဆုံးပေါ် Android 8.0 + EMUI 8.0 နှင့် 3000mAh ဘတ္ထရီပါဝင်ပြီး မလိုအပ်ဘဲ ဘက်ထရီအားကုန်မှုကို လျော့ချပေးမယ့် Smart Power Saving Mode နဲ့ Ultra Power Saving Mode တို့ ပါဝင်တာကို တွေ့ရပါတယ်။ Dual Nano SIM Slot အမျိုးအစားဖြစ်တာကြောင့်လည်း ဖုန်းတစ်လုံးတည်းမှာတင် ဖုန်းနံပါတ်နှစ်မျိုးထည့်ပြီးအသုံးပြုနိုင်ပါတယ်။ Face Unlock စနစ်အပြင် Fingerprint 4.0 စနစ်ထည့်သွင်းထားတာကြောင့် လုံခြုံမှုရှိုပြီး 0.37s အတွင်း unlock ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။

Huawei Y6 Prime ကို အရောင်အားဖြင့် အနက်ရောင်၊ အပြာရောင်နဲ့ ရွှေရောင်ဆိုပြီး အရောင် ၃ မျိုး ထွက်ရှိလာပါတယ်။

Huawei Y5 Prime

Huawei Y5 Prime ဟာလည်း တန်ဖိုးသင့်တင့်ပြီး ခပ်လန်းလန်းလုပ်ဆောင်ချက်တွေပါဝင်တဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။

Huawei Y5 Prime ဟာ 5.45 လက်မကျယ်ဝန်းပြီး မျက်နှာပြင်ကျယ်ဒီဇိုင်း (FullView Display) နှင့် ထွက်ရှိလာပြီး ကိုင်ဆောင်ရတာ သက်တောင့်သက်သာရှိအောင် ဒီဇိုင်းပြုလုပ်ထားပါတယ်။ အရောင်အားဖြင့်လည်း ရွှေရောင်၊ အနက်ရောင်၊ အပြာရောင်ဆိုပြီး ၃ မျိုးထွက်ရှိထားပါတယ်။

ဒီဖုန်းမှာ အနောက်ကင်မရာ 13MP ပါဝင်ပြီး ဆယ်ဖီရိုက်ကူးရန်အတွက် အရှေ့ကင်မရာ 5 MP ပါဝင်ပါတယ်။ ဒါ့အပြင် Y6 Prime လိုပဲ ဆယ်ဖီရိုက်ကူးရာမှာ ပိုမိုအရောင်အသွေးကြွစေတဲ့ Selfie Toning Flash ပါဝင်လာတာကို တွေ့ရပါတယ်။ Huawei Y5 Prime 2018 မှာ ဖုန်း Storage အနေနှင့် RAM 2GB နှင့် ROM 16GB ပါဝင်ပြီး 3020mAh ဘတ္ထရီတပ်ဆင်ထားပါတယ်။

ဒီဖုန်းတွေမှာ တခြား Huawei flagship ဖုန်းတွေရဲ့ အထူးလုပ်ဆောင်မှုတွေဖြစ်တဲ့ လက်သုံးချောင်းကို အပေါ်အောက်ဆွဲ၍ Screen Shot ရိုက်နိုင်တဲ့ Gesture Screenshot နှင့် App နှစ်ခုကို မျက်နှာပြင်ပေါ်မှာ တစ်ပြိုင်နက်တည်း ခွဲယူအသုံးပြုနိုင်တဲ့ Split-screen mode  စနစ်တွေလည်းပါဝင်ပါသေးတယ်။

အားလုံးခြုံပြီးပြောရရင်တော့ ပေးရတဲ့ဈေးနှုန်းထက် အများကြီးတန်တဲ့ လုပ်ဆောင်မှုတွေပါဝင်ပြီး အသွင်အပြင်အားဖြင့်လည်း အထာကျတဲ့ Huawei Y6 နှင့် Y5 Prime ဟာ ဓာတ်ပုံ (သို့) ဆယ်ဖီဝါသနာရှင်များအတွက်သာမက မိုဘိုင်းဂိမ်းကစားသူတွေနဲ့  ခေတ်နှင့်အမီစမတ်ဖုန်းကောင်းကောင်း ဝယ်ယူလိုသူတွေ ဦးစားပေးစဉ်းစားသင့်တဲ့ဖုန်းတွေဖြစ်ပြီး Huawei Fan တွေအတွက် Flagship ဖုန်းတွေရဲ့လုပ်ဆောင်ချက်တွေပါထည့်သွင်းပေးထားသေးတာမို့ အလေးပေးစဉ်းစားသင့်တဲ့ဖုန်းတွေဖြစ်ပါတယ်။

 

Leave a Reply