Xiaomi က Redmi 6 Pro ရဲ႕ဓါတ္ပံုမ်ားကိုျပသလိုက္ၿပီ

0
2171

Redmi 6 Pro ရဲ႕မိတ္ဆက္ပြဲစဖို႔ ရက္အနည္းငယ္သာလိုပါေတာ့တယ္။ သူ႔ရဲ႕ ပံုသ႑ာန္နဲ႔ Specs အမ်ားစုကိုျမင္ေတြ႕ခဲ့ၿပီးပါၿပီ။ Xiaomi ကဓာတ္ပံုမ်ားကိုယခုတရား၀င္ျပသလိုက္ပါတယ္။ သူ႔ရဲ႕ တရား၀င္ Weibo စာမ်က္ႏွာမွာ Xiaomi ကမွ်ေ၀ထားတဲ့ ေရာင္စံုဓာတ္ပံုမ်ားက ဒီဇိုင္းနဲ႔ပတ္သက္ၿပီးပိုမိုသိလာရပါတယ္။ အဲ့ဒီဓါတ္ပံုမ်ားက ရႈေထာင့္မ်ိဴးစံုကေနဖုန္းကိုျပသထားပါတယ္။ အဲ့ဒီဓာတ္ပံုမ်ားက Notch ပါ၀င္လာေၾကာင္းေသခ်ာေစပါတယ္။

သူ႕မွာႀကီးမားတဲ့ 5.84 Inch မ်က္ႏွာျပင္ ႏွင့္ ေခတ္စားေနတဲ့ 19:9 Aspect Ratio ပါ၀င္တဲ့အတြက္ သူဟာ Redmi 5 ထက္သာလြန္တဲ့တိုးတက္မႈတစ္ခုျဖစ္ပါတယ္။ ဒါဟာ ဟိုးယခင္ကေပါက္ၾကားခဲ့တဲ့ TENAA ရဲ႕စာရင္းအတိုင္းျဖစ္ပါတယ္။ ဓာတ္ပံုမ်ားကိုၾကည့္ျခင္းအားျဖင့္ Micro USB Port နဲ႔အားသြင္းရမွာ ျဖစ္ၿပီး အေနာက္ဖက္ကို Aluminum နဲ႔ျပဳလုပ္ထားမယ္လို႔ယူဆရပါတယ္။

မေန႔ကလည္း ကုမၸဏီရဲ႕ တရားဝင္ Weibo အေကာင့္ကေနၿပီးေတာ့ Redmi 6 Pro ကိုတရားဝင္မိတ္ဆက္မယ့္ ရက္ကုိေၾကညာလုိက္ပါၿပီ။ Xiaomi ရဲ႕စမတ္ဖုန္းသစ္ျဖစ္တဲ့ Redmi 6 Pro ကိုယခုလ ၂၅ရက္ေန႔မွာ မိတ္ဆက္ေပးေတာ့မွာျဖစ္ပါတယ္။

ပါဝါစြမ္းအားပိုင္းအတြက္ Snapdragon 625 chip ကိုသုံးထားၿပီး ဗားရွင္း၃မ်ိဳးနဲ႔ ထြက္ရွိလာမွာပါ။ RAM နဲ႔ storage ပိုင္းမွာ ေရြးခ်ယ္ႏုိင္မွာျဖစ္ၿပီး 2GB RAM+16GB storage ၊ 3GB RAM+32GB storage နဲ႔ 4GB RAM+64GB ဆိုၿပီးခြဲျခားထားပါတယ္။ Redmi 6 Pro ရဲ႕လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ ေနာက္ေက်ာဘက္မွာ 12MP + 5MP ကင္မရာ၂လုံးတပ္ဆင္ထားမွာျဖစ္ၿပီး အေရွ႕ဘက္မွာေတာ့ 5MP ကိုသာတပ္ဆင္ေပးထားပါတယ္။

ဘက္ထရီစြမ္းအားကိုေတာ့ စြမ္းအားျပည့္ 3,900mAh နဲ႔ျဖစ္ၿပီး Android 8.1 Oreo သုံးလာမွာပါ။ ေစ်းႏႈန္းေတာ့ ထြက္ရွိလာျခင္း မရွိေသးေပမယ့္ Helio P22 chispet သုံးထားတဲ့ Redmi 6 ထက္ေစ်းႀကီးႏုိင္ပါတယ္။ သူ႕မွာ AI လုပ္ေဆာင္ခ်က္ေတြ သုံးစြဲႏုိင္မွာျဖစ္ၿပီး Redmi 6 Pro ဟာ Redmi စီးရီးဖုန္းေတြထဲမွာေတာ့ ပထမဆုံးထိပ္ဘက္မွာ Notch ပါဝင္တဲ့ ဖုန္းျဖစ္လာမွာပါ။ 6 Pro ကို Mi Pad 4 တစ္ရက္ထဲ မိတ္ဆက္မွာျဖစ္ပါတယ္။

unicode

Xiaomi က Redmi 6 Pro ရဲ့ဓါတ်ပုံများကိုပြသလိုက်ပြီ
Redmi 6 Pro ရဲ့မိတ်ဆက်ပွဲစဖို့ ရက်အနည်းငယ်သာလိုပါတော့တယ်။ သူ့ရဲ့ ပုံသဏ္ဍာန်နဲ့ Specs အများစုကိုမြင်တွေ့ခဲ့ပြီးပါပြီ။ Xiaomi ကဓာတ်ပုံများကိုယခုတရားဝင်ပြသလိုက်ပါတယ်။ သူ့ရဲ့ တရားဝင် Weibo စာမျက်နှာမှာ Xiaomi ကမျှဝေထားတဲ့ ရောင်စုံဓာတ်ပုံများက ဒီဇိုင်းနဲ့ပတ်သက်ပြီးပိုမိုသိလာရပါတယ်။ အဲ့ဒီဓါတ်ပုံများက ရှုထောင့်မျိူးစုံကနေဖုန်းကိုပြသထားပါတယ်။ အဲ့ဒီဓာတ်ပုံများက Notch ပါဝင်လာကြောင်းသေချာစေပါတယ်။

သူ့မှာကြီးမားတဲ့ 5.84 Inch မျက်နှာပြင် နှင့် ခေတ်စားနေတဲ့ 19:9 Aspect Ratio ပါဝင်တဲ့အတွက် သူဟာ Redmi 5 ထက်သာလွန်တဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ ဒါဟာ ဟိုးယခင်ကပေါက်ကြားခဲ့တဲ့ TENAA ရဲ့စာရင်းအတိုင်းဖြစ်ပါတယ်။ ဓာတ်ပုံများကိုကြည့်ခြင်းအားဖြင့် Micro USB Port နဲ့အားသွင်းရမှာ ဖြစ်ပြီး အနောက်ဖက်ကို Aluminum နဲ့ပြုလုပ်ထားမယ်လို့ယူဆရပါတယ်။

မနေ့ကလည်း ကုမ္ပဏီရဲ့ တရားဝင် Weibo အကောင့်ကနေပြီးတော့ Redmi 6 Pro ကိုတရားဝင်မိတ်ဆက်မယ့် ရက်ကိုကြေညာလိုက်ပါပြီ။ Xiaomi ရဲ့စမတ်ဖုန်းသစ်ဖြစ်တဲ့ Redmi 6 Pro ကိုယခုလ ၂၅ရက်နေ့မှာ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။

ပါဝါစွမ်းအားပိုင်းအတွက် Snapdragon 625 chip ကိုသုံးထားပြီး ဗားရှင်း၃မျိုးနဲ့ ထွက်ရှိလာမှာပါ။ RAM နဲ့ storage ပိုင်းမှာ ရွေးချယ်နိုင်မှာဖြစ်ပြီး 2GB RAM+16GB storage ၊ 3GB RAM+32GB storage နဲ့ 4GB RAM+64GB ဆိုပြီးခွဲခြားထားပါတယ်။ Redmi 6 Pro ရဲ့လုပ်ဆောင်ချက်တွေအနေနဲ့ နောက်ကျောဘက်မှာ 12MP + 5MP ကင်မရာ၂လုံးတပ်ဆင်ထားမှာဖြစ်ပြီး အရှေ့ဘက်မှာတော့ 5MP ကိုသာတပ်ဆင်ပေးထားပါတယ်။

ဘက်ထရီစွမ်းအားကိုတော့ စွမ်းအားပြည့် 3,900mAh နဲ့ဖြစ်ပြီး Android 8.1 Oreo သုံးလာမှာပါ။ ဈေးနှုန်းတော့ ထွက်ရှိလာခြင်း မရှိသေးပေမယ့် Helio P22 chispet သုံးထားတဲ့ Redmi 6 ထက်ဈေးကြီးနိုင်ပါတယ်။ သူ့မှာ AI လုပ်ဆောင်ချက်တွေ သုံးစွဲနိုင်မှာဖြစ်ပြီး Redmi 6 Pro ဟာ Redmi စီးရီးဖုန်းတွေထဲမှာတော့ ပထမဆုံးထိပ်ဘက်မှာ Notch ပါဝင်တဲ့ ဖုန်းဖြစ်လာမှာပါ။ 6 Pro ကို Mi Pad 4 တစ်ရက်ထဲ မိတ်ဆက်မှာဖြစ်ပါတယ်။

Leave a Reply