Stylus ပါတဲ့ တန္ဖိုးနည္း LG Stylo 4 ကို ေရာင္းၿပီ

0
1452

Samsung ရဲ႕ ဒစ္ဂ်စ္တယ္ ေဘာပင္ပါတဲ့ Note Series မ်ားဟာ တန္ဖိုးႀကီးမားပါတယ္။ LG ကေတာ့ ဒစ္ဂ်စ္တယ္ ေဘာပင္ပါတဲ့ တန္ဖိုးနည္း ဖုန္းမ်ားကို ထုတ္လုပ္ေရာင္းခ်ေပးေနပါတယ္။ အခုလည္း LG က အေမရိကန္မွာ Stylo 4 ကို ေရာင္းခ်ေပးလိုက္ပါတယ္။ အဲဒီ ဖုန္းကို MetroPCS ကေန ၁၇၉ ေဒၚလာျဖင့္ ေရာင္းခ်ေပးမွာပါ။

LG Stylo 4 ရဲ႕ အေနာက္ဘက္မွာ 13MP Camera နဲ႔ အေရွ႕ဘက္မွာ 5MP Camera မ်ား တပ္ဆင္ထားပါတယ္။ LG က ဒစ္ဂ်စ္တယ္ ေဘာပင္ အမည္ကို Stylus Pen လို႔ေပးထားပါတယ္။ ၆.၂ လက္မ 2160x1080p Display တပ္ဆင္ထားပါတယ္။ 2GB RAM , 32GB Internal Storage မ်ားပါပါတယ္။

သူ႔မွာ 1.8GHz Octa-Core Processor ပါတဲ့ Qualcomdmd Snapdragon 450 Chipset ထည့္သြင္းထားပါတယ္။ လက္ေဗြရာ ကိရိယာကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ 3300mAh Battery တပ္ဆင္ထားပါတယ္။ NFC ဆက္သြယ္မႈလည္း ထည့္ထားပါတယ္။

ဒစ္ဂ်စ္တယ္ ေဘာပင္ကို ဖုန္းကေန ဆြဲထုတ္လုိက္တာနဲ႔ စကရင္ကို ဖြင့္စရာ မလိုဘဲ စာတန္းေရးႏုိင္တဲ့ Screen Off Memo လုပ္ေဆာင္ခ်က္ ပါပါတယ္။ ဗီဒီယိုမ်ားမွ အစိတ္အပိုင္းမ်ားကို GIF အျဖစ္ ေျပာင္းေပးႏုိင္တဲ့ GIF Capture ပါလာပါတယ္။ Google Lens လိုမ်ိဳး Qlens စြမ္းရည္ ပါပါတယ္။ Stylo 4 ရဲ႕ Specs အမ်ားစုဟာ Q Stylus a နဲ႔ တူညီေပမယ့္ သူ႔မွာ RAM ပမာဏ ပိုမိုမ်ားျပားပါတယ္။

unicode

Stylus ပါတဲ့ တန်ဖိုးနည်း LG Stylo 4 ကို ရောင်းပြီ

Samsung ရဲ့ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ Note Series များဟာ တန်ဖိုးကြီးမားပါတယ်။ LG ကတော့ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ တန်ဖိုးနည်း ဖုန်းများကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အခုလည်း LG က အမေရိကန်မှာ Stylo 4 ကို ရောင်းချပေးလိုက်ပါတယ်။ အဲဒီ ဖုန်းကို MetroPCS ကနေ ၁၇၉ ဒေါ်လာဖြင့် ရောင်းချပေးမှာပါ။

LG Stylo 4 ရဲ့ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များ တပ်ဆင်ထားပါတယ်။ LG က ဒစ်ဂျစ်တယ် ဘောပင် အမည်ကို Stylus Pen လို့ပေးထားပါတယ်။ ၆.၂ လက်မ 2160x1080p Display တပ်ဆင်ထားပါတယ်။ 2GB RAM , 32GB Internal Storage များပါပါတယ်။

သူ့မှာ 1.8GHz Octa-Core Processor ပါတဲ့ Qualcomdmd Snapdragon 450 Chipset ထည့်သွင်းထားပါတယ်။ လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ 3300mAh Battery တပ်ဆင်ထားပါတယ်။ NFC ဆက်သွယ်မှုလည်း ထည့်ထားပါတယ်။

ဒစ်ဂျစ်တယ် ဘောပင်ကို ဖုန်းကနေ ဆွဲထုတ်လိုက်တာနဲ့ စကရင်ကို ဖွင့်စရာ မလိုဘဲ စာတန်းရေးနိုင်တဲ့ Screen Off Memo လုပ်ဆောင်ချက် ပါပါတယ်။ ဗီဒီယိုများမှ အစိတ်အပိုင်းများကို GIF အဖြစ် ပြောင်းပေးနိုင်တဲ့ GIF Capture ပါလာပါတယ်။ Google Lens လိုမျိုး Qlens စွမ်းရည် ပါပါတယ်။ Stylo 4 ရဲ့ Specs အများစုဟာ Q Stylus a နဲ့ တူညီပေမယ့် သူ့မှာ RAM ပမာဏ ပိုမိုများပြားပါတယ်။

Leave a Reply