Meizu 16 မွာ SD845 အတြက္အပူေလွွ်ာ့ခ်ေပးတဲ့နည္းပညာပါမည္

0
1363

Meizu ကုမၼဏီတည္ေထာင္သူဟာတစ္ေန႔တစ္မ်ိဳး Meizu 16 ရဲ႕သတင္းအခ်က္လက္ေတြကိုထုတ္ျပန္ေနပါတယ္။ ဒီတစ္ခါမွာေတာ့ Meizu 16 ရဲ႕စြမ္းေဆာင္ရည္ႏွင့္သက္ေတာင့္သက္သာရွိမႈနဲ႔ပတ္သက္တဲ့ သတင္းျဖစ္ပါတယ္။ Meizu 16 မွာ SD845 အတြက္အပူေလွ်ာ့ခ်ေပးတဲ့နည္းပညာပါ၀င္လာမွာျဖစ္ပါတယ္။

Meizu 16 ဟာ Snapdrragon 845 ရဲ႕စြမ္းရည္မ်ားကိုရယူသံုးစြဲထားတဲ့ စြမ္းရည္ျမင့္ဖုန္း ၁ လံုးျဖစ္ပါတယ္။ အရင္သတင္းမ်ားက Meizu 16 ဟာ Model ၂ မ်ိဴးထြက္ေပၚလာလိမ့္မယ္လို႔ေဖာ္ျပထားပါတယ္။ သာမန္ Model နဲ႔ အရြယ္ႀကီး Model ျဖစ္ပါတယ္။ သာမန္ Model မွာ Snapdragon 710 ပါရွိၿပီး အရြယ္ႀကီး Model မွာ Snapdragon 845 ပါရွိမွာျဖစ္ပါတယ္။

စိတ္၀င္စားစရာေကာင္းတာက SD845 ပါတဲ့ အရြယ္ႀကီး Model မွာ Copper Heat Pipe ပါမွာပါ။ အဲ့ဒီအတြက္ ဒီဖုန္းဟာ SD845 ရဲ႕စြမ္းေဆာင္ရည္အားလံုးကိုရရွိၿပီး ဂိမ္းအၾကာႀကီးကစားစဥ္မွာကိုင္တြယ္ရတာသက္ေတာင့္သက္သာရွိပီးေအးျမေစပါတယ္။

အပူေလွ်ာ့ခ်ေပးတဲ့စနစ္ကို Smartphone မွာသံုးတာဒါပထမဆံုးအႀကိမ္မဟုတ္ပါဘူး။ The Galaxy S7 နဲ႔ S7 Edge မွာအဲ့ဒီစနစ္ပါရွိၿပီးသားပါ။ Meizu 16 ဟာ ျမင့္မားတဲ့ Screen To Body Ratio နဲ႔ မ်က္ႏွာျပင္ေအာက္လက္ေဗြကိရိယာပါတဲ့ စြမ္းေဆာင္ရည္ျမင့္ Device ၁ လံုးျဖစ္လာနိုင္ပါတယ္။

unicode

Meizu 16 မှာ SD845 အတွက်အပူလျှော့ချပေးတဲ့နည်းပညာပါမည်

Meizu ကုမ္မဏီတည်ထောင်သူဟာတစ်နေ့တစ်မျိုး Meizu 16 ရဲ့သတင်းအချက်လက်တွေကိုထုတ်ပြန်နေပါတယ်။ ဒီတစ်ခါမှာတော့ Meizu 16 ရဲ့စွမ်းဆောင်ရည်နှင့်သက်တောင့်သက်သာရှိမှုနဲ့ပတ်သက်တဲ့ သတင်းဖြစ်ပါတယ်။ Meizu 16 မှာ SD845 အတွက်အပူလျှော့ချပေးတဲ့နည်းပညာပါဝင်လာမှာဖြစ်ပါတယ်။

Meizu 16 ဟာ Snapdrragon 845 ရဲ့စွမ်းရည်များကိုရယူသုံးစွဲထားတဲ့ စွမ်းရည်မြင့်ဖုန်း ၁ လုံးဖြစ်ပါတယ်။ အရင်သတင်းများက Meizu 16 ဟာ Model ၂ မျိူးထွက်ပေါ်လာလိမ့်မယ်လို့ဖော်ပြထားပါတယ်။ သာမန် Model နဲ့ အရွယ်ကြီး Model ဖြစ်ပါတယ်။ သာမန် Model မှာ Snapdragon 710 ပါရှိပြီး အရွယ်ကြီး Model မှာ Snapdragon 845 ပါရှိမှာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက SD845 ပါတဲ့ အရွယ်ကြီး Model မှာ Copper Heat Pipe ပါမှာပါ။ အဲ့ဒီအတွက် ဒီဖုန်းဟာ SD845 ရဲ့စွမ်းဆောင်ရည်အားလုံးကိုရရှိပြီး ဂိမ်းအကြာကြီးကစားစဉ်မှာကိုင်တွယ်ရတာသက်တောင့်သက်သာရှိပီးအေးမြစေပါတယ်။

အပူလျှော့ချပေးတဲ့စနစ်ကို Smartphone မှာသုံးတာဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ The Galaxy S7 နဲ့ S7 Edge မှာအဲ့ဒီစနစ်ပါရှိပြီးသားပါ။ Meizu 16 ဟာ မြင့်မားတဲ့ Screen To Body Ratio နဲ့ မျက်နှာပြင်အောက်လက်ဗွေကိရိယာပါတဲ့ စွမ်းဆောင်ရည်မြင့် Device ၁ လုံးဖြစ်လာနိုင်ပါတယ်။

Leave a Reply