HTC U12+ review

0
922
OLYMPUS DIGITAL CAMERA

Zawgyi version



Pros




Cons




Image result for HTC U12+

Hardware



Image result for HTC U12+
HTC U12+
RAM / storage 6GB / 64GB
Battery 3,420mAh
Weight 188g (6.6 ounces)
Waterproofing IP68
NFC Yes

Display and audio


Related image


Squeeze me


Camera



Image result for HTC U12+ camera shooting


 






 

The competition



Unicode version

ထိပ်တန်းစမတ်ဖုန်းတွေထဲက တစ်ခုဖြစ်တဲ့ HTC က သူ့ရဲ့ Vive VR headset တွေနဲ့ နာမည်ကြီးပြီးသားပဲဖြစ်ပါတယ်။
သူ့ရဲ့ နောက်ထွက်ရှိမဲ့ ဖုန်းအသစ်ဖြစ်တဲ့ U12+ ရဲ့ အောင်မြင်မှုကိုလဲ စောင့်ကြည့်ရမှာပါပဲ။

Pros
ကြီးမားတဲ့ မျက်မှာပြင်နဲ့ ကောင်းမွန်တဲ့အသံစနစ်
ကင်မရာရဲ့ ကြည်လင်ပြတ်သားမှု
နောက်ဆုံးပေါ် chip နဲ့ စွမ်းဆောင်ရည်မြင့်မားမှု
Cons
pressure-sensitive ဖြစ်တဲ့ power key နဲ့ volume key
တုန့်ပြန်ချက်တွေရဲ့ ရလဒ်က အခြေနေသိပ်မကောင်း
ဖုန်းရဲ့ ရှေ့မျက်နှာပြင်မှာရှိတဲ့ ကင်မရာ နှစ်လုံးက သိပ်တော့အလုပ်မဖြစ်
Hardware
HTC ရဲ့ U11+ ကိုတော့ U12+ လို US ကိုမဖြန့်ချီခဲ့ပါဘူး။ U11+ နဲ့ မတူတာကတော့ U12+ မှာ ဖုန်းရဲ့ ရှေ့ရောနောက်ရောမှ ကင်မရာနှစ်လုံးတပ်ဆင်ပေးထားတာဖြစ်ပါတယ်။ HTC ကကိုယ်ထည်ကို glass နဲ့ လုပ်ထားပြီး ရှေ့မျက်နှာပြင်နဲ့ နောက်ဘက်က မျက်နှာပြင်ကွေးကြားမှာ flat pane လေးကို ညှပ်ထားပါတယ်။ သူ့ရဲ့ ပုံစံက ဖန်သားမျက်နှာပြင်တွေနဲ့လုပ်ထားတဲ့ Galaxy S9 , Xperia XZ2 နဲ့ Nokia 8 Sirocco တွေလိုမျိုး အထာကျကျနဲ့ အထက်တန်းကျကျပုံစံ ထုတ်လုပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ ရေစိုခံမှုကလဲ IP68 ထိရှိပါတယ်။ high-end device ဖြစ်ပေမဲ့လဲ Wireless charging စနစ်တော့ မပါဝင်သေးပါဘူး။
ဖုန်းနောက်ကျောဘက်ကတော့ ကြည်လင်ပြတ်သားပြီး မှန်ပြင် အတိုင်း တောက်ပနေမှာ ဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ဆိုရင် U11+ ရော U12+ ရောက ကိုယ်ထည်နဲနဲကြီးတဲ့အတွက် 188g လောက်လေးပါတယ်။ Galaxy S9+ နဲ့ အလေးချိန်တူတူလောက်ပါပဲ။ Xperia XZ2 ထက် 10g လောက် ပေါ့ပါးပြီးတော့ iPhone X ထက်တော့ 14g လောက်လေးပါတယ်။ HTC ကမျက်နှာပြင်အပြည့်နီးပါးဒီဇိုင်းရအောင် width ကို 1mm ချုံ့ထားပါတယ်။ display ကိုလဲ 6 လက်မ ထိရအောင်လုပ်ထားပြီး ဖုန်းရဲ့ အမြင့်ကိုလဲ 2mm ထိ ချုံ့ထားပါတယ်။
HTC U12+
Processor Octa-core Snapdragon 845
RAM / storage 6GB / 64GB
MicroSD card support Up to 400GB
Display 6-inch LCD, HDR 10
Display resolution 2,880 x 1,440 (18:9)
Rear camera 12MP wide-angle + 16MP telephoto
Front-facing camera 8MP + 8MP
OS Android 8.0 Oreo with HTC Sense
Battery 3,420mAh
Charging USB-C with quick-charging
Dimensions 156.6 x 73.9 x 9.7mm (6.2 x 2.9 x 0.4 inches)
Weight 188g (6.6 ounces)
Fingerprint sensor Yes
Waterproofing IP68
NFC Yes
Headphone jack No (USB-C only)
Display and audio
ဖုန်းက ကိုယ်ထည်ကြီးမားတဲ့ အတွက် display ကလဲ မျက်နှာပြင် အပြည့်ပါပဲ။ ပုံစံကလဲ U11+ နဲ့ တူပါတယ်။ ratio က 18:9 ဖြစ်ပြီး HDR 10 support နဲ့ 6 လက်မ Super LCD 6 display ပါ။ Quad HD+ resolution (2,880 x 1,440) ဖြစ်ပါတယ်။ ကာလာပိုင်းကလဲ အရောင်တွေက စိုအိနေတာပါပဲ။
HTCရဲ့ BoomSound stereo speaker နဲ့ ပေါင်းစပ်ထားတာဆိုတော့ audio ပိုင်းကလဲပြောစရာမလိုလောက်ပါဘူး။ YouTube video တွေနဲ့ Twitch stream တွေကြည့်ဖို့လဲတော်တော်အဆင်ပြေပါတယ်။ သူက note တွေ bass tone တွေကိုလဲပြောင်းနိုင်ပါတယ်။
Squeeze me
U11 နဲ့ U11+ မှာHTC က feature အသစ်ဖြစ်တဲ့ Edge Sense ကိုမိတ်ဆက်ပြီးသားဖြစ်ပါတယ်။ squeeze ပေါ်မူတည်ပြီး action တွေကလဲပြောင်းလဲသွားမှာပါ။ action ကို 2 မျိုး ပြုလုပ် ပေးထားပါတယ်။ ခု U 12+ မှာတော့ Edge Sense 2ကိုထည့်သွင်းပေးထားတာကြောင့် double-tap နှိပ်ပေးခြင်းဖြင့် action 2 ခုအပြင် action 1 ခုတိုးပေးထားပါတယ်။ action တွေအတွက် gesture တွေကိုသတ်မှတ်ပေးနိုင်ပါတယ်။ ကင်မရာဖွင့်ဖိုသီချင်းဖွင့်ဖို့ Google’s Assistant or Amazon’s Alexaဖွင့်ဖို့အတွက် screenshotရိုက်ဖို့အတွက်တို့ flashlightဖွင့်ဖို့အတွက်တွေကို gesture တွေအလိုက်သတ်မှတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် contact နဲ့ setting app တွေကိုလွယ်လွယ်ကူကူနဲ့ one-handed mode လဲပြုလုပ်ပေးထားပါတယ်။ single tap နဲ့ double tap ပေါ်မူတည်ပြီး gesture တွေကို စိတ်ကြိုက် ပြောင်းနိုင်ပါတယ်။
Camera
ကင်မရာကတော့ ရှေ့ရောနောက်ရောမှာ နှစ်လုံးစီပါဝင်ပါတယ်။ ရှေ့ selfie ကင်မရာမှာeight-megapixel sensorပါရှိပြီးတော့ selfieရိုက်တဲ့အချိန်မှာနောက်ခံအဝါးပုံစံတွေနဲ့ လဲရိုက်နိုင်မှာဖြစ်ပါတယ်။ ဖုန်းတော်တော်များများက ရှေ့ကင်မရာကိုတစ်ခုပဲထားကြတာများပါတယ်။
နောက်ကင်မရာကတော့ 16-megapixel telephotoရှိပြီးတော့ one 12-megapixel wide-angle lens လဲပါရှိပါတယ်။ နောက်ကင်မရာကလဲclose-upsရိုက်နိုင်ပြီးတော့ နောက်ခံအဝါးတွေလဲ လုပ်နိုင်ပါတယ်။ တစ်ခြား dual-camera တွေနဲ့မတူတာကသူက artificial နည်းပညာတွေပါဝင်တာကြောင့် effect ကောင်းကောင်းတွေနဲ့ ရိုက်နိုင်မှာပဲ ဖြစ်ပါတယ်။
သူကကင်မရာတွေထဲမှာ Huawei P20 Pro ပြီးရင် ဒုတိယအကောင်းဆုံးလောက်သွားကျပါတယ်။ သင့်ရဲ့ ရိုက်ချက်တိုင်းကိုcolor saturation, white balance and contrastတွေကိုသေချာချိန်ညှိနိုင်မှာပဲ ဖြစ်ပါတယ်။ optical zoom က 2x ထိပါပြီးတော့ digital zoom က 10xထိဖြစ်ပါတယ်။ 240 fps slow-mo videoရိုက်နိုင်ပါသေးတယ်။ U12+ က 60 fps နဲ့ 4K videoလဲရိုက်နိုင်ပါသေးတယ်။

Performance and battery life
U12+ က Android 8.0 Oreoပေါ်မှာ run နိုင်ပြီးတော့ သူ့ရဲ့ Zoe video နဲ့ gallery ထဲကပုံတွေကို slideshow လုပ်လို့ရပါသေးတယ်။ HTC Sense Companion က Google’s or Amazon’s Alexa ရဲ့ AI assistant ကိုသုံးပြီးတော့ သင့်ရဲ့ လှုပ်ရှားမှုကိုတိုင်းတာတာမျိုးတွေလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကိုလဲ စစ်ဆေး ပေးဦးမှာဖြစ်ပြီး သင့်ကိုလဲ အလုပ်သွားဖို့အချိန်ကို သတိပေးဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီဥတုအခြေနေကိုလဲ ဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။ ဖုန်းကိုပဲကြည့်နေဖို့အချိန်မရှိတဲ့သူတွေအတွက် ဖုန်းခေါ်ဆိုပြီး ရာသီဥတုအခြေအနေ အကြောင်းကို သတိပေးခိုင်းတာတွေမျိုးကိုလဲ လုပ်ခိုင်းလို့ရပါတယ်။
U12+ မှာ octa-core Qualcomm Snapdragon 845 သုံးထားပြီး RAM ကလဲ 6GB ပါရှိပါတယ်။
ဘက်ထရီသက်တမ်းကလဲ ပုံမှန်ဖုန်းတွေလိုပါပဲ။ ထူးထူးခြားခြားကြီးတော့ မရှိပါဘူး။
ဘက်ထရီအပြည့်သွင်းထားရင် 13 နာရီလောက်ထိခံပါတယ်။ သူ့မှာ Quick Charge 3.0 ထိပါဝင်ပါတယ်။

The competition
HTC U12+ ကို 64GB model အတွက် $799 နဲ့ 128GB အတွက် $849 ဈေးသတ်မှတ်ထားပြီး US မှာ pre-order တင်ထားလို့ရပါပြီ။ UK မှာတော့ 64GB ကို £699 ဖြစ်မှာပါ။ ခုစမတ်ဖုန်းဈေးကွက်မှာက Galaxy S9 နဲ့ S9+ က $720 နဲ့ $840 ရှိပြီး Xperia XZ2 ကတော့ $800 ရှိပြီး LG G7 ThinQ ကတော့ $750 ရှိပါတယ်။ အားလုံးကသူတို့ရဲ့ လုပ်ဆောင်ချက်တွေပေါ်မူတည်ပြီး သူ့ဈေးနဲ့သူ အပြိုင်အဆိုင်တွေ ဖြစ်နေကြပါတယ်။ သိပ်မကြာသေးခင်ကမှာ လောလောလတ်လတ်ထွက်ရှိထားတဲ့ OnePlus 6 ကလဲ သူတို့လောက်ဈေးမများပေမဲ့ ဖုန်းဈေးကွက်ထဲမှာ အောင်အောင်မြင်မြင်ရပ်တည်နေပါတယ်။
HTC’s U12+ အနေနဲ့ သူ့ရဲ့ ကြီးမားတဲ့ screen, BoomSound speakers နဲ့ USonic earbuds တွေကြောင့် ဂိမ်းဆော့ရတာလဲ အဆင်ပြေစေနိုင်ပြီး media ပိုင်းမှာလဲ တော်တော်ကောင်းကောင်းမွန်မွန်ဖြစ်မှာပါ။ ကင်မရာပိုင်းကလဲ အားသာပြီးတော့ နောက်ဆုံးပေါ်နဲ့ အကောင်းဆုံး chipset ကိုသုံးထားတဲ့ အတွက်ကြောင့်လဲ performance ကလဲ မြန်ဆန်သွက်လက်နေမှာပါ။ pressure-sensitive ဖြစ်တဲ့ power key နဲ့ volume key ကိုဘူတော့ သိပ်တော့ သဘောမတွေ့လှပါဘူး။

Leave a Reply