၂၀၁၈မှာ ခရီးရက်ရှည်သွားမလို့လား Android အတွက် အကောာင်းဆုံး app တွေကိုကြည့်လိုက်ရအောင်
0
1653
Zawgyi Version
Android Auto
Waze
Download: Waze (Free)
Google Trips
Yelp
Download: Yelp (Free)
GasBuddy
Spotify
Download: Spotify (Free)
Netflix
Download: Netflix (Free)
Unicode Version
လမ်းမထက်ကိုမသွားခင်မှာ ဒီ app တွေကိုဖုန်းထဲအရင်ထည့်လိုက်ပါ။
ကားပေါ်မှာဒီအတိုင်းအချိန်ကုန်ခံမှာလား။ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ခရီးသွားမှာလား၊ ကလေးတွေတင်ပြီးတော့ အမျိုးတွေဆီအလည်သွားမှာလည်း ဒီ app လေးတွေက လမ်းခရီးကို သာသာယာယာဖြစ်စေနိုင်ပါတယ်။
Android Auto
Android Auto functionality တွေကို သူ့ရဲ့ stereo system မှာ တိုက်ရိုက်မပါဝင်ဘူးဆိုရင်တော့ Google ရဲ့ app နဲ့ချိတ်ဆက်ပြီးတော့ ကားနဲ့ဖုန်းကို ချိတ်ဆက်ခြင်းက အကျိုးကျေးဇူးတွေရစေမှာပါ။ Android ဖုန်းတိုင်းမှာ ရနေပါပြီ။ ဒီတော့ ကားအသစ်ကိုဝယ်နေတာမျိုး၊ ကားရဲ့ စတူရီယိုနဲ့အဆင်ပြေအောင်ပြင်ဆင်တာမျိုးလုပ်စရာမလိုတော့ဘူးလေ။ ဖုန်းနဲ့ချိတ်ဆက်ပြီးတော့ Bluetooth or Bluetooth FM transmitter လေး အသုံးပြုလိုက်ရုံပါပဲ။
Android Auto က ကားမောင်းနေတဲ့အချိန်မှာ ဖုန်းသုံးဖို့အတွက်လည်း စိတ်ချရပါတယ်။ တစ်ချက်ထိတာနဲ့ လမ်းကြောင်း၊ သီချင်း၊ recent call တွေကို သိနိုင်ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း Google Assistant လည်း ပါဝင်နေတဲ့အတွက်ကြောင့် ဝင်လာတဲ့မက်ဆေ့ချ်တွေကို အသံထွက်ပြီးတော့ ဖတ်ပြပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း သူငယ်ချင်း၊ မိသားစုတွေနဲ့ အတူသွားတာမဟုတ်ရင်တော့ ဒီဟာလေးကိုသုံးတာမကောင်းပါဘူး။
Android Auto ဟာ Google Maps နဲ့ လမ်းကြောင်းပြပေးနိုင်ပြီးတော့ သီချင်းတွေကိုလည်း အကြိုက်ဆုံး app တွေကနေ နားထောင်ခွင့်ပြုနိုင်ပါသေးတယ်။ ပြီးတော့ အသံနဲ့လည်း မက်ဆေ့ချ်တွေပို့ပေးနိုင်ပါတယ်။ ဖုန်းကိုကြည့်နေရလို့ လမ်းမပေါ်မှာအနှောင့်အယှက်ဖြစ်တာမျိုးတွေကနေ ကင်းဝေးစေပါတယ။် ဒီနှစ်မှာ ခရီးသွားမယ်ဆိုရင်တော့ ဒီ app လေးကို ဒေါင်းလုတ်ဆွဲထားသင့်ပါတယ်။
Download: Android Auto (Free)
Waze
Google Maps ဆိုတာကတော့ Android အတွက် လမ်းကြောင်းပြပေးနိုင်တဲ့ app ထဲမှာ လူကြိုက်အများဆုံးပါပဲ။ Android အတော်များများမှာလည်း တစ်ပါတည်း ထည့်ပေးထားပါတယ်။ Waze ကလည်း စဉ်းစားသင့်တဲ့ app တစ်ခုပါပဲ။
Waze သုံးစွဲသူတွေအနေနဲ့ အခြားသော Waze သုံးစွဲသူတွေဆီကနေလည်း သတင်းအချက်အလက်တွေရနိုင်ပါတယ်။ အက်ဆီးဒင့်အခြေအနေတွေ၊ ရဲလမ်းကြောင်းတွေနဲ့ ဘေးအန္တရာယ်၊ လမ်းပြင်တာမျိုးတွေလည်း အချိန်နဲ့တစ်ပြေးညီ သိနိုင်ပါတယ်။ ဒီတော့ သင်ကိုယ်တိုင်လည်း သတင်းတွေတင်ပြီးတော့ Waze community ကို အားဖြည့်ပေးနိုင်ပါတယ်။ အဲဒီအချက်အလက်တွေကိုအသုံးပြုပြီးတော့ Waze က သင့်ကိုလာမယ့်ဘေးတွေကို ရှောင်သွားနိုင်အောင် ကူညီပေးမှာပါ။ ဈေးအသက်သာဆုံးဆီဆိုင်ကို ရှာပေးနိုင်တဲ့ feature လည်း ပါဝင်နေပါတယ်။
Download: Waze (Free)
Google Trips
ဒါလေးကတော့ ခရီးသွားတဲ့အချိန်မှာ စီစဉ်စရာရှိတာတွေကို ပြင်ဆင်ထားနိုင်တဲ့ app လေးတစ်ခုပါပဲ။ မြို့အသစ်မှာ ဘာတွေလုပ်မလဲဆိုတာကိုလည်း သင့်ရဲ့စိတ်ဝင်စားမှုနဲ့ အချိန်အပေါ်မှာမူတည်ပြီးတော့ အကြံပြုပေးနိုင်ပါသေးတယ်။
ဒီတော့ သွားလိုတဲ့နေရာလေးကို သတ်မှတ်ပေးထားလိုက်ပြီးတော့ app ထဲမှာထည့်လိုက်တာနဲ့ ဘာတွေတွေ့မြင်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။ offline အသုံးပြုလို့ရတဲ့အတွက်ကြောင့် အချိန်နဲ့တစ်ပြေးညီ ဘာတွေလုပ်ရမလဲဆိုတာ သိနိုင်ပါတယ်။
Download: Google Trips (Free)
Yelp
မြို့အသစ်ကိုအလည်သွားပြီးတော့ ဘာတွေလုပ်သင့်လဲဆိုတာ ကြည့်ချင်တဲ့အခါမျိုးမှာ ဒေသခံတွေဘာလုပ်လေ့ရှိသလဲဆိုတာလည်း စပ်စုလို့ရပါတယ်။ Yelp ကတော့ စားသောက်ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် review တွေ ၁၀၀မီလျံလောက်ရှိပါတယ်။ သင့်လိုမျိုးလူတွေက ရေးသားထားကြတာပါ။
လမ်းမှာ ယာဉ်တစ်ခုခုစီးရင် ဘာကောင်းလဲသိချင်တဲ့အခါ Yelp က စားသောက်ဆိုင်အမိုက်စားကို ပြသပေးနိုင်ပြီး ခရီးဆက်ဖို့ ဝမ်းဖြည့်စေနိုင်ပါတယ်။
Download: Yelp (Free)
GasBuddy
ဆီဖြည့်ရတယ်ဆိုတာ လမ်းကြောင်းအရှည်ကြီးသွားမယ်ဆိုရင် အကြီးမားဆုံးသော ကုန်ကျစရိတ်ဖြစ်နိုင်ပါတယ်။ GasBuddy ကတော့ ဈေးအသက်ဆုံးဆိုင်တွေကို လမ်းတစ်လျှောက်ပြသပေးနိုင်ပါတယ်။ ခရီးထွက်ချိန်သာမက နေ့စဉ်သုံးမယ်ဆိုရင်တောင် သင့်ကိုသက်သာမှုတွေ ပေးနိုင်ပါတယ်။
အချက်အလက်တွေအားလုံးက သုံးစွဲသူတွေထည့်သွင်းထားတာဖြစ်လို့ သင်ကိုယ်တိုင်လည်း အချက်အလက်တွေထည့်သွင်းပြီးတော့ GasBuddy community မှာ သတင်းပေးလို့ရပါသေးတယ်။
Download: GasBuddy (Free)
Spotify
ခရီးသွားတဲ့အခါ သီချင်းမဖွင့်ဘဲနေရင် အဆင်ပြေပါ့မလား။ ဒါမှမဟုတ် podcast လေးနားမထောင်ချင်ဘူးလား။ ဘာပဲနားထောင်ချင်ချင်ပ။ Spotify ကတော့ ၂၀၁၈ခုနှစ်အတွက် အကောင်းဆုံး streaming ဝန်ဆောင်မှု ဖြစ်ပါတယ်။
Spotify မှာ သူ့ရဲ့ အခမဲ့ ad-supported mobile app လေးကို သင့်အတွက်ဆိုတဲ့ playlist တွေနဲ့ မိတ်ဆက်ထားပါတယ်။ သင်နားထောင်တဲ့သီချင်းတွေနဲ့ band တွေကို လေ့လာပြီးဖော်ပြပေးထားတာဖြစ်ပါတယ်။ premium subscription နဲ့ဆိုရင်တော့ ၄၀မီလျံရှိတဲ့ သီချင်းတွေကို အကန့်အသတ်မဲ့ ခံစားနိုင်မှာဖြစ်ပါတယ်။ ဒီတော့ လမ်းတစ်လျှောက်မှာ သီချင်းသံတွေ မရပ်တံ့တော့ဘူးပေါ့။ Spotify မှာက podcast တွေလည်းပါဝင်ပြီးတော့ သီချင်းတွေကို ဒေါင်းလုတ်ဆွဲခွင့်ပေးထားလို့ offline နားထောင်လို့ရပါတယ်။ ဖုန်းလိုင်းမမိလည်း အေးဆေးပါပဲ။ လမ်းပေါ်ရောက်နေချိန်မှာ Android Auto နဲ့နားထောင်မယ်ဆိုရင်တော့ လက်နဲ့ထိနေစရာမလိုအပ်ပါဘူး။
ကားထဲမှာ ဒီဂျေပွတ်နေဦးမလား။ သတိတော့ထားနော်။
Download: Spotify (Free)
Netflix
နောက်ဆုံးထွက် update ကတော့ offline ကြည့်လို့ရအောင်ပြင်ဆင်ထားပါတယ်။ Netflix က မိဘတွေအတွက်လည်း အခွင့်မရှိတဲ့ကားတွေကြည့်မှာကို ပိတ်ထားလို့ရအောင် ကူညီပေးထားပါတယ်။
ကလေးတွေအတွက် ထည့်သွင်းထားတဲ့ဇာတ်ကားလေးတွေလည်း offline ကြည့်လို့ရပါတယ်။ ဖုန်း၊ တက်ဘလက်မှာ ကလေးတွေအကြိုက်ကားတွေကို ထည့်ပေးထားပြီးတော့ လမ်းတစ်လျှောက် ဆည်းလည်းသံလေးတွေ ခံစားနိုင်ပါပြီ။ လူကြီးတွေကိုလည်း ငြိမ်ဆေးကျွေးထားလို့ရပါတယ်။ subscription တော့ လိုအပ်ပါတယ်။ သင့်မှာမရှိရင်တောင် တစ်ယောက်ယောက်မှာ ရှိချင်ရှိနေမှာ။
Download: Netflix (Free)
Leave a Reply