အိႏၵိယမွာ ေရာင္းခ်ေပးလိုက္တဲ့ Xiaomi Mi Pocket Speaker 2

0
1400

Xiaomi က စမတ္ဖုန္း ၊ တက္ဘလက္မ်ား အျပင္ ဖုန္စုပ္စက္၊ ေလသန္႔စင္စက္၊ စမတ္ စပီကာတို႔လို အီလက္ထေရာနစ္ ကိရိယာမ်ားကိုလည္း ထုတ္လုပ္ေရာင္းခ်ေပးေနပါတယ္။ အခုလည္း ေရွာင္မီက ဘလူးတု စပီကာ အသစ္တစ္ခုကို အိႏၵိယမွာ မိတ္ဆက္လိုက္ပါတယ္။ သူဟာ စမတ္ စပီကာေတာ့ မဟုတ္ဘဲ သာမာန္ စပီကာသာ ျဖစ္ပါတယ္။ ေရွာင္မီရဲ႕ ထံုးစံအတိုင္းပဲ ေစ်းသက္သာၿပီး ၂၂ ေဒၚလာသာ က်သင့္ပါတယ္။ အိႏၵိယမွာ ရူပီး ၁၄၉၉ ျဖင့္ ေရာင္းခ်ေပးမွာပါ။

သူဟာ အရြယ္အစား က်စ္လစ္တဲ့ စပီကာ ျဖစ္ၿပီး အျမင့္မွာ ၃.၆ လက္မသာ ရွိပါတယ္။ အက်ယ္မွာ ၂.၃ လက္မသာ ရွိပါတယ္။ ပိုလီကာဘိုနိတ္ ပလတ္စတစ္ျဖင့္ တည္ေဆာက္ထားတဲ့အတြက္ ေပါ့ပါးပါတယ္။ ထိပ္ဘက္ကိုေတာ့ အလူမီနီယမ္ျဖင့္ ဖန္တီးထားပါတယ္။ ဂ်ာမနီ အေျခစိုက္ အသံ အင္ဂ်င္နီယားရင္း ကုမၸဏီ Tymphany က ထုတ္လုပ္ေပးထားတဲ့ 5W Speaker ကို အသံုးျပဳထားပါတယ္။

Bluetooth 4.1 ဆက္သြယ္မႈဟာ မ်ိဳးဆက္သစ္ ဘလူးတု စံႏႈန္းျဖစ္တဲ့အတြက္ အလြန္ ေကာင္းမြန္ပါတယ္။ တစ္ခါအားအျပည့္သြင္းထားရင္ ၇ နာရီ သီခ်င္း နားဆင္ႏုိင္တဲ့ 1200mAh Battery ပါပါတယ္။ ထိပ္ဖက္မွာ ထိန္းခ်ဳပ္ ခလုတ္ တစ္ခုထည့္သြင္းထားၿပီး အဲဒီခလုတ္ကို ၂ စကၠန္႔ေလာက္ ဖိထားရင္ စပီကာကို ပါ၀ါ အဖြင့္၊ အပိတ္လုပ္ႏုိင္ပါတယ္။ ႏွစ္ခ်က္ ႏွိပ္ရင္ Device တစ္ခုနဲ႔ Pair ျပဳလုပ္ႏုိင္ပါတယ္။ ထိပ္ဖက္ကို လွည့္ျခင္းျဖင့္ အသံ အတိုး၊ အက်ယ္ ျပဳလုပ္ႏုိင္ပါတယ္။ ခလုတ္ကို ညင္သာစြာ ႏွိပ္ရင္ သီခ်င္းမ်ားကို ေက်ာ္ျခင္း၊ Pause လုပ္ျခင္းမ်ား ျပဳလုပ္နိုင္ပါတယ္။

ေရွာင္မီက စပီကာကို ေရရွည္ အသံုးျပဳႏုိင္ၿပီး အၾကမ္းခံေအာင္ ျပဳလုပ္ထားတယ္လို႔ ေဖာ္ျပထားပါတယ္။ သူဟာ အရြယ္ႀကီး စပီကာ မဟုတ္တဲ့အတြက္ အလြန္ က်ယ္ေလာင္တဲ့ အသံကိုေတာ့ ပံ့ပိုးေပးႏုိင္ျခင္း မရွိပါဘူး။

unicode

အိန္ဒိယမှာ ရောင်းချပေးလိုက်တဲ့ Xiaomi Mi Pocket Speaker 2

Xiaomi က စမတ်ဖုန်း ၊ တက်ဘလက်များ အပြင် ဖုန်စုပ်စက်၊ လေသန့်စင်စက်၊ စမတ် စပီကာတို့လို အီလက်ထရောနစ် ကိရိယာများကိုလည်း ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အခုလည်း ရှောင်မီက ဘလူးတု စပီကာ အသစ်တစ်ခုကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။ သူဟာ စမတ် စပီကာတော့ မဟုတ်ဘဲ သာမာန် စပီကာသာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ ထုံးစံအတိုင်းပဲ ဈေးသက်သာပြီး ၂၂ ဒေါ်လာသာ ကျသင့်ပါတယ်။ အိန္ဒိယမှာ ရူပီး ၁၄၉၉ ဖြင့် ရောင်းချပေးမှာပါ။

သူဟာ အရွယ်အစား ကျစ်လစ်တဲ့ စပီကာ ဖြစ်ပြီး အမြင့်မှာ ၃.၆ လက်မသာ ရှိပါတယ်။ အကျယ်မှာ ၂.၃ လက်မသာ ရှိပါတယ်။ ပိုလီကာဘိုနိတ် ပလတ်စတစ်ဖြင့် တည်ဆောက်ထားတဲ့အတွက် ပေါ့ပါးပါတယ်။ ထိပ်ဘက်ကိုတော့ အလူမီနီယမ်ဖြင့် ဖန်တီးထားပါတယ်။ ဂျာမနီ အခြေစိုက် အသံ အင်ဂျင်နီယားရင်း ကုမ္ပဏီ Tymphany က ထုတ်လုပ်ပေးထားတဲ့ 5W Speaker ကို အသုံးပြုထားပါတယ်။

Bluetooth 4.1 ဆက်သွယ်မှုဟာ မျိုးဆက်သစ် ဘလူးတု စံနှုန်းဖြစ်တဲ့အတွက် အလွန် ကောင်းမွန်ပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် ၇ နာရီ သီချင်း နားဆင်နိုင်တဲ့ 1200mAh Battery ပါပါတယ်။ ထိပ်ဖက်မှာ ထိန်းချုပ် ခလုတ် တစ်ခုထည့်သွင်းထားပြီး အဲဒီခလုတ်ကို ၂ စက္ကန့်လောက် ဖိထားရင် စပီကာကို ပါဝါ အဖွင့်၊ အပိတ်လုပ်နိုင်ပါတယ်။ နှစ်ချက် နှိပ်ရင် Device တစ်ခုနဲ့ Pair ပြုလုပ်နိုင်ပါတယ်။ ထိပ်ဖက်ကို လှည့်ခြင်းဖြင့် အသံ အတိုး၊ အကျယ် ပြုလုပ်နိုင်ပါတယ်။ ခလုတ်ကို ညင်သာစွာ နှိပ်ရင် သီချင်းများကို ကျော်ခြင်း၊ Pause လုပ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

ရှောင်မီက စပီကာကို ရေရှည် အသုံးပြုနိုင်ပြီး အကြမ်းခံအောင် ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။ သူဟာ အရွယ်ကြီး စပီကာ မဟုတ်တဲ့အတွက် အလွန် ကျယ်လောင်တဲ့ အသံကိုတော့ ပံ့ပိုးပေးနိုင်ခြင်း မရှိပါဘူး။

Leave a Reply