၂၅ရက္ေန႔မွာ ထြက္ရွိလာေတာ့မယ္ XIAOMI REDMI 6 PRO

0
1376

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Xiaomi အေနနဲ႔ ယခုလ ၁၂ရက္ေန႕က Redmi 6 နဲ႔ Redmi 6A စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့ပါတယ္။ Redmi 6 ဖုန္းေတြရဲ႕ ပရိုဗားရွင္းဖုန္းကိုေတာ့ ထုတ္ေဖာ္ျပသခဲ့ျခင္းမရွိပါဘူး။ အခုေတာ့ ကုမၸဏီရဲ႕ တရားဝင္ Weibo အေကာင့္ကေနၿပီးေတာ့  Redmi 6 Pro ကိုတရားဝင္မိတ္ဆက္မယ့္ ရက္ကုိေၾကညာလုိက္ပါၿပီ။ Xiaomi ရဲ႕စမတ္ဖုန္းသစ္ျဖစ္တဲ့ Redmi 6 Pro ကိုယခုလ ၂၅ရက္ေန႔မွာ မိတ္ဆက္ေပးေတာ့မွာျဖစ္ပါတယ္။ notch မပါဝင္တဲ့ စမတ္ဖုန္းရဲ႕ အခ်က္အလက္ေတြဟာ TENAA ရဲ႕ခြင့္ျပဳခ်က္ ရရွိထားၿပီဲျဖစ္ပါတယ္။

Xiaomi Redmi 6 Pro to arrive officially on June 25

Redmi 6 Pro ဟာအလယ္အလတ္ဆင့္ စမတ္ဖုန္းျဖစ္ၿပီး 5.45 လက္မ Full-HD+ နဲ႔အတူ 19:9 aspect ratio နဲ႔လာမွာျဖစ္ပါတယ္။ ပါဝါစြမ္းအားပိုင္းအတြက္ Snapdragon 625 chip ကိုသုံးထားၿပီး ဗားရွင္း၃မ်ိဳးနဲ႔ ထြက္ရွိလာမွာပါ။ RAM နဲ႔ storage ပိုင္းမွာ ေရြးခ်ယ္ႏုိင္မွာျဖစ္ၿပီး 2GB RAM+16GB storage ၊ 3GB RAM+32GB storage နဲ႔ 4GB RAM+64GB ဆိုၿပီးခြဲျခားထားပါတယ္။ Redmi 6 Pro  ရဲ႕လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ ေနာက္ေက်ာဘက္မွာ  12MP + 5MP ကင္မရာ၂လုံးတပ္ဆင္ထားမွာျဖစ္ၿပီး အေရွ႕ဘက္မွာေတာ့ 5MP ကိုသာတပ္ဆင္ေပးထားပါတယ္။

ဘက္ထရီစြမ္းအားကိုေတာ့ စြမ္းအားျပည့္ 3,900mAh နဲ႔ျဖစ္ၿပီး Android 8.1 Oreo သုံးလာမွာပါ။ ေစ်းႏႈန္းေတာ့ ထြက္ရွိလာျခင္း မရွိေသးေပမယ့္ Helio P22 chispet သုံးထားတဲ့ Redmi 6 ထက္ေစ်းႀကီးႏုိင္ပါတယ္။ သူ႕မွာ AI လုပ္ေဆာင္ခ်က္ေတြ သုံးစြဲႏုိင္မွာျဖစ္ၿပီး Redmi 6 Pro ဟာ Redmi စီးရီးဖုန္းေတြထဲမွာေတာ့ ပထမဆုံးထိပ္ဘက္မွာ Notch ပါဝင္တဲ့ ဖုန္းျဖစ္လာမွာပါ။  6 Pro ကို Mi Pad 4 တစ္ရက္ထဲ မိတ္ဆက္မွာျဖစ္ပါတယ္။

Unicode

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အနေနဲ့ ယခုလ ၁၂ရက်နေ့က Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ Redmi 6 ဖုန်းတွေရဲ့ ပရိုဗားရှင်းဖုန်းကိုတော့ ထုတ်ဖော်ပြသခဲ့ခြင်းမရှိပါဘူး။ အခုတော့ ကုမ္ပဏီရဲ့ တရားဝင် Weibo အကောင့်ကနေပြီးတော့  Redmi 6 Pro ကိုတရားဝင်မိတ်ဆက်မယ့် ရက်ကိုကြေညာလိုက်ပါပြီ။ Xiaomi ရဲ့စမတ်ဖုန်းသစ်ဖြစ်တဲ့ Redmi 6 Pro ကိုယခုလ ၂၅ရက်နေ့မှာ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ notch မပါဝင်တဲ့ စမတ်ဖုန်းရဲ့ အချက်အလက်တွေဟာ TENAA ရဲ့ခွင့်ပြုချက် ရရှိထားပြီဲဖြစ်ပါတယ်။

Redmi 6 Pro ဟာအလယ်အလတ်ဆင့် စမတ်ဖုန်းဖြစ်ပြီး 5.45 လက်မ Full-HD+ နဲ့အတူ 19:9 aspect ratio နဲ့လာမှာဖြစ်ပါတယ်။ ပါဝါစွမ်းအားပိုင်းအတွက် Snapdragon 625 chip ကိုသုံးထားပြီး ဗားရှင်း၃မျိုးနဲ့ ထွက်ရှိလာမှာပါ။ RAM နဲ့ storage ပိုင်းမှာ ရွေးချယ်နိုင်မှာဖြစ်ပြီး 2GB RAM+16GB storage ၊ 3GB RAM+32GB storage နဲ့ 4GB RAM+64GB ဆိုပြီးခွဲခြားထားပါတယ်။ Redmi 6 Pro  ရဲ့လုပ်ဆောင်ချက်တွေအနေနဲ့ နောက်ကျောဘက်မှာ  12MP + 5MP ကင်မရာ၂လုံးတပ်ဆင်ထားမှာဖြစ်ပြီး အရှေ့ဘက်မှာတော့ 5MP ကိုသာတပ်ဆင်ပေးထားပါတယ်။

ဘက်ထရီစွမ်းအားကိုတော့ စွမ်းအားပြည့် 3,900mAh နဲ့ဖြစ်ပြီး Android 8.1 Oreo သုံးလာမှာပါ။ ဈေးနှုန်းတော့ ထွက်ရှိလာခြင်း မရှိသေးပေမယ့် Helio P22 chispet သုံးထားတဲ့ Redmi 6 ထက်ဈေးကြီးနိုင်ပါတယ်။ သူ့မှာ AI လုပ်ဆောင်ချက်တွေ သုံးစွဲနိုင်မှာဖြစ်ပြီး Redmi 6 Pro ဟာ Redmi စီးရီးဖုန်းတွေထဲမှာတော့ ပထမဆုံးထိပ်ဘက်မှာ Notch ပါဝင်တဲ့ ဖုန်းဖြစ်လာမှာပါ။  6 Pro ကို Mi Pad 4 တစ်ရက်ထဲ မိတ်ဆက်မှာဖြစ်ပါတယ်။

Leave a Reply