ဇြန္လ၂၅ရက္ေန႔မွာ ထြက္ရွိလာမယ့္ Xiaomi MI Pad 4

0
1433

တရုတ္ႏုိင္ငံရဲ႕ ထိပ္တန္းစမတ္ဖုန္း ထုတ္လုပ္သူ Xiaomi အေနနဲ႔ ကုမၸဏီရဲ႕ တက္ဘလက္အသစ္ျဖစ္တဲ့ Mi Pad 4 မိတ္ဆက္မယ့္ ရက္ကို Weibo လူမႈကြန္ရက္ကေန တစ္ဆင့္ေၾကညာလိုက္ပါၿပီ။  ယခုလ ၂၅ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး Redmi 6 Pro နဲ႔တစ္ၿပိဳင္တည္း မိတ္ဆက္သြားမွာပါ။ သူ႕မွာ 7.9 inch FHD screen ကိုသုံးလာမွာ ျဖစ္ပါတယ္။

XDA မွာ အေစာပိုင္းထြက္ထားတဲ့ အခ်က္အလက္ေတြအရ Xiaomi  အေနနဲ႔ MI Pad 4 မွာ Snapdragon 660 Octa core ပရိုဆက္ဆာကို သုံးသြားမွာျဖစ္ၿပီး 18:9 aspect ratio နဲ႔ျဖစ္မယ္လို႔ဆိုပါတယ္။ LCD display အမ်ိဳးအစားနဲ႔ျဖစ္ၿပီး 320 ppi ေထာက္ပံ့ေပးလာမွာပါ။ ယခင္မ်ိဳးဆက္ MI Pad 3 မွာေတာ့ Xiaomi အေနနဲ႔ 7.9 လက္မမွာ  2048×1536 screen နဲ႔ျဖစ္ၿပီး 326 ppi ေထာက္ပံ့ေပးထားပါတယ္။ စိတ္မေကာင္းစရာကေတာ့ ယခင္မ်ိဳဳးဆက္တက္ဘလက္ကို တရုတ္ႏုိင္ငံတြင္းမွာသာ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

MI Pad 4 မွာ ထပ္မံပါဝင္လာႏုိင္တာေတြကေတာ့ အေရွ႕ဘက္မွာ 5MP Selfie ကင္မရာနဲ႔ျဖစ္ၿပီး ေနာက္ေက်ာဘက္မွာေတာ့ 13MP အရြယ္အစားကို သုံးထားပါတယ္။  6,000mAh ဘက္ထရီစြမ္းအားကို သုံးထားၿပီး Android 8.1 OS အေျချပဳ  MIUI OS ကိုသုံးႏုိင္မွာပါ။  MIUI 10 ေတာင္ျဖစ္ႏုိင္ပါတယ္။ 3C ရဲ႕ခြင္႔ျပဳခ်က္မွာေတာ့  Xiaomi MI Pad 4 ကိုအားသြင္းတဲ့ အခ်က္အလက္အတြက္ 5V/2A, 10W ႏႈန္းလို႔ ျပသထားပါတယ္။ ဒါေၾကာင့္သူ႕မွာ အားသြင္းျမန္ဆန္တဲ့ စနစ္ကိုေထာက္ပံ့လာႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာ အသစ္ထြက္မယ့္ MI Pad 4 နဲ႔ပတ္သတ္လို႔ ေစ်းႏႈန္းေတြမသိရွိရေသးတဲ့ အျပင္ႏုိင္ငံတကာေစ်းကြက္ကို ျဖန္႔ခ်ိသြားမလားဆိုတာကိုလည္း တရားဝင္မထုတ္ျပန္ေသးပါဘူး။

Unicode

တရုတ်နိုင်ငံရဲ့ ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူ Xiaomi အနေနဲ့ ကုမ္ပဏီရဲ့ တက်ဘလက်အသစ်ဖြစ်တဲ့ Mi Pad 4 မိတ်ဆက်မယ့် ရက်ကို Weibo လူမှုကွန်ရက်ကနေ တစ်ဆင့်ကြေညာလိုက်ပါပြီ။  ယခုလ ၂၅ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး Redmi 6 Pro နဲ့တစ်ပြိုင်တည်း မိတ်ဆက်သွားမှာပါ။ သူ့မှာ 7.9 inch FHD screen ကိုသုံးလာမှာ ဖြစ်ပါတယ်။

XDA မှာ အစောပိုင်းထွက်ထားတဲ့ အချက်အလက်တွေအရ Xiaomi  အနေနဲ့ MI Pad 4 မှာ Snapdragon 660 Octa core ပရိုဆက်ဆာကို သုံးသွားမှာဖြစ်ပြီး 18:9 aspect ratio နဲ့ဖြစ်မယ်လို့ဆိုပါတယ်။ LCD display အမျိုးအစားနဲ့ဖြစ်ပြီး 320 ppi ထောက်ပံ့ပေးလာမှာပါ။ ယခင်မျိုးဆက် MI Pad 3 မှာတော့ Xiaomi အနေနဲ့ 7.9 လက်မမှာ  2048×1536 screen နဲ့ဖြစ်ပြီး 326 ppi ထောက်ပံ့ပေးထားပါတယ်။ စိတ်မကောင်းစရာကတော့ ယခင်မျိုုးဆက်တက်ဘလက်ကို တရုတ်နိုင်ငံတွင်းမှာသာ ရောင်းချခဲ့တာဖြစ်ပါတယ်။

MI Pad 4 မှာ ထပ်မံပါဝင်လာနိုင်တာတွေကတော့ အရှေ့ဘက်မှာ 5MP Selfie ကင်မရာနဲ့ဖြစ်ပြီး နောက်ကျောဘက်မှာတော့ 13MP အရွယ်အစားကို သုံးထားပါတယ်။  6,000mAh ဘက်ထရီစွမ်းအားကို သုံးထားပြီး Android 8.1 OS အခြေပြု  MIUI OS ကိုသုံးနိုင်မှာပါ။  MIUI 10 တောင်ဖြစ်နိုင်ပါတယ်။ 3C ရဲ့ခွင့်ပြုချက်မှာတော့  Xiaomi MI Pad 4 ကိုအားသွင်းတဲ့ အချက်အလက်အတွက် 5V/2A, 10W နှုန်းလို့ ပြသထားပါတယ်။ ဒါကြောင့်သူ့မှာ အားသွင်းမြန်ဆန်တဲ့ စနစ်ကိုထောက်ပံ့လာနိုင်ပါတယ်။

လက်ရှိအချိန်မှာ အသစ်ထွက်မယ့် MI Pad 4 နဲ့ပတ်သတ်လို့ ဈေးနှုန်းတွေမသိရှိရသေးတဲ့ အပြင်နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိသွားမလားဆိုတာကိုလည်း တရားဝင်မထုတ်ပြန်သေးပါဘူး။

Leave a Reply