Posted on Leave a comment

Smartwatch လိုေရာ Fitness Tracker လိုပါ သံုးႏုိင္မယ့္ Garmin 5 Plus Series မ်ား

စမတ္နာရီမ်ားဟာ ဖုန္းနဲ႔ ခ်ိတ္ဆက္ထားရင္ ဖုန္းထံ ၀င္လာတဲ့ Messages မ်ားကို ျပသေပးပါတယ္။ Phone Call မ်ား ၀င္လာရင္လည္း နာရီက အသိေပးႏုိင္ပါတယ္။ ဒါ့အျပင္ နာရီမ်ားမွာ App မ်ားကိုလည္း သံုးႏုိင္ပါတယ္။ အခုေတာ့ စမတ္နာရီမ်ားဟာ ပိုမို စြမ္းရည္ျမင့္မားလာၾကပါၿပီ။ သူတို႔က ၀တ္ဆင္ထားသူရဲ႕ ကိုယ္လက္လႈပ္ရွားမႈနဲ႔က်န္းမာေရး အေျခအေနမ်ားကိုပါ တိုင္းတာတြက္ခ်က္ေပးႏုိင္လာၾကပါၿပီ။

အေမရိကန္ နည္းပညာ ကုမၸဏီ Garmin က Smartwatch လိုေရာ Fitness Tracker လိုပါ သံုးႏုိင္မယ့္ နာရီအသစ္မ်ားကို ေၾကညာလိုက္ပါတယ္။ Fenix 5 Plus ၊ Fenix 5S Plus နဲ႔ Fenix 5X Plus တို႔ ျဖစ္ၿပီး ယခင္ေမာ္ဒယ္မ်ားထက္ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ သီခ်င္း အပုဒ္ေရ ၅၀၀ အထိ သိမ္းႏုိင္တဲ့ လုပ္ေဆာင္ခ်က္ အသစ္ပါလာပါတယ္။ iHeartRadio , Deezer တို႔လို Online Music Streaming Service မ်ားနဲ႔ သင့္ ကြန္ျပဴတာမွ သီခ်င္းမ်ားနဲ႔ Playlists မ်ားကို ေဒါင္းလုပ္လုပ္ႏုိင္ပါတယ္။

သင္ ေျပးခ်င္ သို႔မဟုတ္ စက္ဘီးစီးခ်င္တဲ့ အကြာအေ၀းကို သတ္မွတ္လိုက္တာနဲ႔ နာရီက အေကာင္းဆံုး လမ္းေၾကာင္းကို ေရြးခ်ယ္ေပးတဲ့ လုပ္ေဆာင္ခ်က္ ပါလာပါတယ္။ Garmin Pay ေငြေပးေခ်မႈစနစ္လည္း ထည့္သြင္းေပးထားပါတယ္။ ၿဗိတိန္နဲ႔ အေမရိကန္ဘဏ္မ်ားရဲ႕ Customer မ်ားဟာ အဲဒီ ေငြေပးေခ်မႈစနစ္ကို အသံုးျပဳႏုိင္ပါတယ္။

အျခား Fitness Tracker မ်ားလိုပဲ နာရီမ်ားက ၀တ္ဆင္သူရဲ႕ ကိုယ္လက္လႈပ္ရွားမႈမ်ားကို တိုင္းတာတြက္ခ်က္ေပးပါတယ္။ စကရင္မွ Widgets, Apps နဲ႔ အျခား အရာမ်ားကို ဖယ္ရွားျခင္း၊ ထည့္သြင္းျခင္းမ်ားလို Watch Face မ်ားကို Customize ျပဳလုပ္ႏုိင္တဲ့ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။ စတာလင္ေပါင္ ၆၀၀ ကေန ၁၀၀၀ အတြင္းမွာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

unicode

Smartwatch လိုရော Fitness Tracker လိုပါ သုံးနိုင်မယ့် Garmin 5 Plus Series များ

စမတ်နာရီများဟာ ဖုန်းနဲ့ ချိတ်ဆက်ထားရင် ဖုန်းထံ ဝင်လာတဲ့ Messages များကို ပြသပေးပါတယ်။ Phone Call များ ဝင်လာရင်လည်း နာရီက အသိပေးနိုင်ပါတယ်။ ဒါ့အပြင် နာရီများမှာ App များကိုလည်း သုံးနိုင်ပါတယ်။ အခုတော့ စမတ်နာရီများဟာ ပိုမို စွမ်းရည်မြင့်မားလာကြပါပြီ။ သူတို့က ဝတ်ဆင်ထားသူရဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ကျန်းမာရေး အခြေအနေများကိုပါ တိုင်းတာတွက်ချက်ပေးနိုင်လာကြပါပြီ။

အမေရိကန် နည်းပညာ ကုမ္ပဏီ Garmin က Smartwatch လိုရော Fitness Tracker လိုပါ သုံးနိုင်မယ့် နာရီအသစ်များကို ကြေညာလိုက်ပါတယ်။ Fenix 5 Plus ၊ Fenix 5S Plus နဲ့ Fenix 5X Plus တို့ ဖြစ်ပြီး ယခင်မော်ဒယ်များထက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ သီချင်း အပုဒ်ရေ ၅၀၀ အထိ သိမ်းနိုင်တဲ့ လုပ်ဆောင်ချက် အသစ်ပါလာပါတယ်။ iHeartRadio , Deezer တို့လို Online Music Streaming Service များနဲ့ သင့် ကွန်ပြူတာမှ သီချင်းများနဲ့ Playlists များကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

သင် ပြေးချင် သို့မဟုတ် စက်ဘီးစီးချင်တဲ့ အကွာအဝေးကို သတ်မှတ်လိုက်တာနဲ့ နာရီက အကောင်းဆုံး လမ်းကြောင်းကို ရွေးချယ်ပေးတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ Garmin Pay ငွေပေးချေမှုစနစ်လည်း ထည့်သွင်းပေးထားပါတယ်။ ဗြိတိန်နဲ့ အမေရိကန်ဘဏ်များရဲ့ Customer များဟာ အဲဒီ ငွေပေးချေမှုစနစ်ကို အသုံးပြုနိုင်ပါတယ်။

အခြား Fitness Tracker များလိုပဲ နာရီများက ဝတ်ဆင်သူရဲ့ ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာတွက်ချက်ပေးပါတယ်။ စကရင်မှ Widgets, Apps နဲ့ အခြား အရာများကို ဖယ်ရှားခြင်း၊ ထည့်သွင်းခြင်းများလို Watch Face များကို Customize ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။ စတာလင်ပေါင် ၆၀၀ ကနေ ၁၀၀၀ အတွင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.