Super VOOC အားသြင္းစနစ္နဲ႔ Find X Lamborghini edition ကိုပါ Oppo မိတ္ဆက္

0
1521

OPPO အေနနဲ႔ pop-up ကင္မရာနဲ႔ Find X စမတ္ဖုန္းနဲ႔အတူ  Lamborghini နဲ႔ပူးေပါင္းၿပီးေတာ့  Lamborghini ဗားရွင္း Oppo Find X ဖုန္းကိုပါမိတ္ဆက္လိုက္ပါတယ္။  အီတလီဇိမ္ခံကား အမွတ္တံဆိပ္နဲ႔ ပူးတြဲထုတ္လုပ္မယ့္ ဖုန္းဟာ ေစ်းႏႈန္းအားျဖင့္ 1,699 ယူရို ($1,966) က်သင့္မွာျဖစ္ပါတယ္။ အထူးဗားရွင္း စမတ္ဖုန္းမွာေတာ့ Super VOOC charging ကိုေထာက္ပံ့ေပးထားမွာျဖစ္ၿပီး 3,400mAh စြမ္းအားကို အားသြင္းဖို႔အတြက္ၾကာခ်ိန္ဟာ 0 to 100 % ရရွိဖို႔အတြက္ 35မိနစ္သာ ၾကာမယ္လို႔ သိရပါတယ္။

ဖုန္းမွာပါဝင္တဲ့ အခ်က္အလက္ေတြဟာ ပုံမွန္ Find X ဖုန္းနဲ႔ကြဲျပားမႈ ရွိမွာမဟုတ္ပဲ၊ Lamborghini edition ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာေတာ့ carbon fiber texture ေလးေတြသုံးထားမွာျဖစ္ပါတယ္။ ၿပီးေတာ့ ေအာက္ဘက္မွာ Lamborghini အမွတ္တံဆိပ္ကိုပါ ခပ္ႏွိပ္ထားမွာပါ။ ၿပိဳင္ဘက္စမတ္ဖုန္း ကုမၸဏီျဖစ္တဲ့ Huawei အေနနဲ႔ Porsche နဲ႔ပူးေပါင္းၿပီး Porsche Design Mate RS ထုတ္လုပ္ခဲ့သလိုမ်ိဳး OPPO အေနနဲ႔လည္း ေစ်းကြက္ၿပိဳင္ဆိုင္လိုက္တာ ျဖစ္ပါတယ္။ အခ်က္အလက္သိုေလွာင္မႈအတြက္ေတာ့ ဒီဖုန္းဟာ 8GB RAM နဲ႔ 512GB storage တစ္မ်ိဳးထဲသာ ထုတ္လုပ္ထားပါတယ္။

Find X စမတ္ဖုန္းမွာ စိတ္ဝင္စားစရာအေကာင္းဆုံးနဲ႔ စိတ္လႈပ္ရွားစရာ ထည့္သြင္းေပးထားတာကေတာ့ ကင္မရာဒီဇုိင္းပဲ ျဖစ္ပါတယ္။ ကင္မရာကိုဖုန္းကိုယ္ထည္ထဲမွာ ျမဳပ္ႏွံထားတာျဖစ္ပါတယ္။ camera app ကိုဖြင္လိုက္တဲ့အခ်ိန္မွသာ ကင္မရာဟာထိပ္ဘက္ေနထိုးထြက္လာမွာ ျဖစ္ပါတယ္။ motorize နည္းလမ္းနဲ႔သြားတာျဖစ္ၿပီး၊သူရဲ႕ကင္မရာတပ္ဆင္ထားတဲ့ ပုံစံဟာ Vivo Nex မွာပါဝင္တဲ့ pop-up ကင္မရာနဲ႔လုံးဝကြဲ ျပားပါတယ္။ Vivo NEX မွာက အေရွ႕ဘက္ကင္မရာကိုသာ ျပဳလုပ္ထားတာျဖစ္ၿပီး၊ Find X စမတ္ဖုန္းမွာေတာ့ အေရွ႕အေနာက္ကင္မရာ ၂ဘက္လုံးကို motorize နည္းလမ္းသုံးထားတာပါ။ ကင္မရာapp ကိုဖြင့္မွ ကင္မရာထြက္လာမွာပါ။

အေရွ႕ဘက္မွာ 25-megapixel (f/2.0)ကင္မရာကိုတပ္ဆင္ေပးထားၿပီး 3D facial scanning စနစ္နဲ႔ ေထာက္ပံ့ေပးထားပါတယ္။ pop-up ကင္မရာရဲ႕ slide ျပဳလုပ္ႏုိင္စြမ္းအတြက္  အႀကိမ္ေရ ၃သိန္းအထိ စမ္းသပ္ခ်က္ထားတယ္လို႔ သိရပါတယ္။ OPPO ရဲ႕ေျပာၾကားခ်က္အရ ခန္႔မွန္းေျခအားျဖင့္ လူတစ္ဦးဟာ တစ္ေန႔တာမွာ ဖုန္းကို အႀကိမ္ေရေပါင္း 100-150 အတြင္း unlock ျပဳလုပ္ၾကပါတယ္။ ဒီ unlock ့ျပဳလုပ္မႈကို ပွ်မ္းမွ်တြက္လိုက္မယ္ဆိုရင္ ၅ႏွစ္နီးပါးေလာက္ကို slide ကအၾကမ္းခံႏုိင္စြမ္းရွိမွာ ျဖစ္တယ္လို႔ဆိုပါတယ္။ Find X စမတ္ဖုန္းရဲ႕ Lamborghini ဗားရွင္းကိုေတာ့ ၾသဂုတ္လမွာ ရရွိႏုိင္မွာျဖစ္ၿပီး  ထြက္ရွိမယ့္ရက္ကိုေတာ့မသိရွိရေသးပါဘူး။

Unicode

OPPO အနေနဲ့ pop-up ကင်မရာနဲ့ Find X စမတ်ဖုန်းနဲ့အတူ  Lamborghini နဲ့ပူးပေါင်းပြီးတော့  Lamborghini ဗားရှင်း Oppo Find X ဖုန်းကိုပါမိတ်ဆက်လိုက်ပါတယ်။  အီတလီဇိမ်ခံကား အမှတ်တံဆိပ်နဲ့ ပူးတွဲထုတ်လုပ်မယ့် ဖုန်းဟာ ဈေးနှုန်းအားဖြင့် 1,699 ယူရို ($1,966) ကျသင့်မှာဖြစ်ပါတယ်။ အထူးဗားရှင်း စမတ်ဖုန်းမှာတော့ Super VOOC charging ကိုထောက်ပံ့ပေးထားမှာဖြစ်ပြီး 3,400mAh စွမ်းအားကို အားသွင်းဖို့အတွက်ကြာချိန်ဟာ 0 to 100 % ရရှိဖို့အတွက် 35မိနစ်သာ ကြာမယ်လို့ သိရပါတယ်။

ဖုန်းမှာပါဝင်တဲ့ အချက်အလက်တွေဟာ ပုံမှန် Find X ဖုန်းနဲ့ကွဲပြားမှု ရှိမှာမဟုတ်ပဲ၊ Lamborghini edition ဖုန်းရဲ့နောက်ကျောဘက်မှာတော့ carbon fiber texture လေးတွေသုံးထားမှာဖြစ်ပါတယ်။ ပြီးတော့ အောက်ဘက်မှာ Lamborghini အမှတ်တံဆိပ်ကိုပါ ခပ်နှိပ်ထားမှာပါ။ ပြိုင်ဘက်စမတ်ဖုန်း ကုမ္ပဏီဖြစ်တဲ့ Huawei အနေနဲ့ Porsche နဲ့ပူးပေါင်းပြီး Porsche Design Mate RS ထုတ်လုပ်ခဲ့သလိုမျိုး OPPO အနေနဲ့လည်း ဈေးကွက်ပြိုင်ဆိုင်လိုက်တာ ဖြစ်ပါတယ်။ အချက်အလက်သိုလှောင်မှုအတွက်တော့ ဒီဖုန်းဟာ 8GB RAM နဲ့ 512GB storage တစ်မျိုးထဲသာ ထုတ်လုပ်ထားပါတယ်။

Find X စမတ်ဖုန်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ ထည့်သွင်းပေးထားတာကတော့ ကင်မရာဒီဇိုင်းပဲ ဖြစ်ပါတယ်။ ကင်မရာကိုဖုန်းကိုယ်ထည်ထဲမှာ မြုပ်နှံထားတာဖြစ်ပါတယ်။ camera app ကိုဖွင်လိုက်တဲ့အချိန်မှသာ ကင်မရာဟာထိပ်ဘက်နေထိုးထွက်လာမှာ ဖြစ်ပါတယ်။ motorize နည်းလမ်းနဲ့သွားတာဖြစ်ပြီး၊သူရဲ့ကင်မရာတပ်ဆင်ထားတဲ့ ပုံစံဟာ Vivo Nex မှာပါဝင်တဲ့ pop-up ကင်မရာနဲ့လုံးဝကွဲ ပြားပါတယ်။ Vivo NEX မှာက အရှေ့ဘက်ကင်မရာကိုသာ ပြုလုပ်ထားတာဖြစ်ပြီး၊ Find X စမတ်ဖုန်းမှာတော့ အရှေ့အနောက်ကင်မရာ ၂ဘက်လုံးကို motorize နည်းလမ်းသုံးထားတာပါ။ ကင်မရာapp ကိုဖွင့်မှ ကင်မရာထွက်လာမှာပါ။

အရှေ့ဘက်မှာ 25-megapixel (f/2.0)ကင်မရာကိုတပ်ဆင်ပေးထားပြီး 3D facial scanning စနစ်နဲ့ ထောက်ပံ့ပေးထားပါတယ်။ pop-up ကင်မရာရဲ့ slide ပြုလုပ်နိုင်စွမ်းအတွက်  အကြိမ်ရေ ၃သိန်းအထိ စမ်းသပ်ချက်ထားတယ်လို့ သိရပါတယ်။ OPPO ရဲ့ပြောကြားချက်အရ ခန့်မှန်းခြေအားဖြင့် လူတစ်ဦးဟာ တစ်နေ့တာမှာ ဖုန်းကို အကြိမ်ရေပေါင်း 100-150 အတွင်း unlock ပြုလုပ်ကြပါတယ်။ ဒီ unlock့ပြုလုပ်မှုကို ပျှမ်းမျှတွက်လိုက်မယ်ဆိုရင် ၅နှစ်နီးပါးလောက်ကို slide ကအကြမ်းခံနိုင်စွမ်းရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ Find X စမတ်ဖုန်းရဲ့ Lamborghini ဗားရှင်းကိုတော့ သြဂုတ်လမှာ ရရှိနိုင်မှာဖြစ်ပြီး  ထွက်ရှိမယ့်ရက်ကိုတော့မသိရှိရသေးပါဘူး။

Leave a Reply