Full View Display 3.0 နဲ႔ထြက္လာမယ့္ Nubia Z18

0
1226

လက္ရွိအခ်ိန္မွာေတာ့ Xiaomi, Oneplus, VIVO, Smartisan, OPPO နဲ႔အျခားစမတ္ဖုန္းထုတ္လုပ္သူေတြဟာ Snapdragon 845 သုံးထားတဲ့  flagship ဖုန္းေတြကို ေစ်းကြက္ထဲ ထုတ္လုပ္ေရာင္းခ်ေနၾကပါၿပီ။ စမတ္ဖုန္းထုတ္လုပ္သူ Nubia အေနနဲ႔လည္း အေရွ႕ကစမတ္ဖုန္း ကုမၸဏီေတြရဲ႕လမ္းစဥ္ကိုလိုက္ဖုိ႔ ျပင္ဆင္ေနပါၿပီ။ မေန႔ကေတာ့ Nubia Z18 မိတ္ဆက္ပြဲအတြက္ ျပင္ဆင္ထားတဲ့ ဖိတ္စာေတြေပါက္ၾကားလာပါတယ္။ ဒီေန႔မွာလည္း OPPO Find X လိုမ်ိဳး မ်က္ႏွာျပင္အျပည့္နီးပါးသုံးထားတဲ့ Nubia Z18 ရဲ႕ ဓာတ္ပုံေတြထပ္မံထြက္ေပၚလာပါတယ္။

Nubia ရဲ႕ဖိတ္စာမွာေတာ့  ‘Open the future’ လို႔ေရးထားတာေၾကာင့္ အနာဂတ္စမတ္ဖုန္းေတြမွာ သုံးလာမယ့္ နည္းပညာသစ္ေတြထည့္သြင္းလာမွာကေတာ့ အေသအခ်ာပါဘဲ။ TENAA ကထြက္လာတဲ့အခ်က္အလက္ေတြမွာ Nubia Z18 ဖုန္းမွာ 5.99 လက္မရွိမယ့္ bezel-less screen ကိုသုံးထားၿပီး ရွည္ေမ်ာေမ်ာဒီဇုိင္းပုံစံေလးပါ။ သူ႕မွာ စြမ္းအားပိုင္းအတြက္ Snapdragon 845 Octa core ပရိုဆက္ဆာကို သုံးထားၿပီး RAM 8GB နဲ႔အတူ ROM 128GB storage နဲ႔ျဖစ္လာမွာပါ။ ဘက္ထရီစြမ္းအားပိုင္းမွာေတာ့ 3350mAh  နဲ႔ျဖစ္ၿပီး  Android 8.0 OS တစ္ပါတည္း ထည့္သြင္းေပးထားပါလိမ့္မယ္။

မေန႔ကထြက္လာတဲ့ ပံုမွာေတာ့  Nubia Z18 ရဲ႕အေရွ႕ဘက္ျခမ္းမွာ Essential ဖုန္းပုံစံ Notch ေသးေသးေလးတပ္ဆင္ထားၿပီး၊ ဒီေန႔ထြက္လာတဲ့ ဓာတ္ပုံမွာေတာ့  ကိုယ္ထည္တစ္ခုလုံးရဲ႕ 90%,ရာခိုင္ႏႈန္းနီးပါးရွိတဲ့Display သုံးထားတာကို ေတြ႕ရပါတယ္။ Nubia Z18 ကိုမိတ္ဆက္ဖုိ႔ လိုေသးတာေၾကာင့္ တရားဝင္ထြက္လာမယ့္ ဓာတ္ပုံေတြကိုေတာ့ ေစာင့္ၾကည့္ရအုံးမွာပါ။ တကယ္လို႔ full view အျပည့္နဲ႔သာထြက္လာမယ္ဆိုရင္ေတာ့ Vivo နဲ႔ OPPO တို႔ရဲ႕ေနာက္ဆုံးထြက္ စမတ္ဖုန္းေတြလိုမ်ိဳး pop-up ကင္မရာထည့္သြငး္လာႏိုင္ပါတယ္။

Unicode

လက်ရှိအချိန်မှာတော့ Xiaomi, Oneplus, VIVO, Smartisan, OPPO နဲ့အခြားစမတ်ဖုန်းထုတ်လုပ်သူတွေဟာ Snapdragon 845 သုံးထားတဲ့  flagship ဖုန်းတွေကို ဈေးကွက်ထဲ ထုတ်လုပ်ရောင်းချနေကြပါပြီ။ စမတ်ဖုန်းထုတ်လုပ်သူ Nubia အနေနဲ့လည်း အရှေ့ကစမတ်ဖုန်း ကုမ္ပဏီတွေရဲ့လမ်းစဉ်ကိုလိုက်ဖို့ ပြင်ဆင်နေပါပြီ။ မနေ့ကတော့ Nubia Z18 မိတ်ဆက်ပွဲအတွက် ပြင်ဆင်ထားတဲ့ ဖိတ်စာတွေပေါက်ကြားလာပါတယ်။ ဒီနေ့မှာလည်း OPPO Find X လိုမျိုး မျက်နှာပြင်အပြည့်နီးပါးသုံးထားတဲ့ Nubia Z18 ရဲ့ ဓာတ်ပုံတွေထပ်မံထွက်ပေါ်လာပါတယ်။

Nubia ရဲ့ဖိတ်စာမှာတော့  ‘Open the future’ လို့ရေးထားတာကြောင့် အနာဂတ်စမတ်ဖုန်းတွေမှာ သုံးလာမယ့် နည်းပညာသစ်တွေထည့်သွင်းလာမှာကတော့ အသေအချာပါဘဲ။ TENAA ကထွက်လာတဲ့အချက်အလက်တွေမှာ Nubia Z18 ဖုန်းမှာ 5.99 လက်မရှိမယ့် bezel-less screen ကိုသုံးထားပြီး ရှည်မျောမျောဒီဇိုင်းပုံစံလေးပါ။ သူ့မှာ စွမ်းအားပိုင်းအတွက် Snapdragon 845 Octa core ပရိုဆက်ဆာကို သုံးထားပြီး RAM 8GB နဲ့အတူ ROM 128GB storage နဲ့ဖြစ်လာမှာပါ။ ဘက်ထရီစွမ်းအားပိုင်းမှာတော့ 3350mAh  နဲ့ဖြစ်ပြီး  Android 8.0 OS တစ်ပါတည်း ထည့်သွင်းပေးထားပါလိမ့်မယ်။

မနေ့ကထွက်လာတဲ့ ပုံမှာတော့  Nubia Z18 ရဲ့အရှေ့ဘက်ခြမ်းမှာ Essential ဖုန်းပုံစံ Notch သေးသေးလေးတပ်ဆင်ထားပြီး၊ ဒီနေ့ထွက်လာတဲ့ ဓာတ်ပုံမှာတော့  ကိုယ်ထည်တစ်ခုလုံးရဲ့ 90%,ရာခိုင်နှုန်းနီးပါးရှိတဲ့Display သုံးထားတာကို တွေ့ရပါတယ်။ Nubia Z18 ကိုမိတ်ဆက်ဖို့ လိုသေးတာကြောင့် တရားဝင်ထွက်လာမယ့် ဓာတ်ပုံတွေကိုတော့ စောင့်ကြည့်ရအုံးမှာပါ။ တကယ်လို့ full view အပြည့်နဲ့သာထွက်လာမယ်ဆိုရင်တော့ Vivo နဲ့ OPPO တို့ရဲ့နောက်ဆုံးထွက် စမတ်ဖုန်းတွေလိုမျိုး pop-up ကင်မရာထည့်သွင်းလာနိုင်ပါတယ်။

Leave a Reply