Auto-Play Video Ads မ်ားပါလာေတာ့မယ့္ Facebook Messenger

0
1378

Facebook ဟာ Newsfeed မွာ Auto-Play Video မ်ားကို ျပသခဲ့ပါတယ္။ ဒါေပမယ့္ Settings ထဲမွာ ဗီဒီယိုမ်ားကို အလိုအေလွ်ာက္ မဖြင့္ဖုိ႔ သတ္မွတ္ႏုိင္တဲ့ လုပ္ေဆာင္ခ်က္ကို ထည့္သြင္းေပးခဲ့ပါတယ္။ အဲဒီအတြက္ မိုဘုိင္းေဒတာ ကုန္က်မႈကို ပိတ္ပင္ထားႏုိင္ပါတယ္။ ဗီဒီယိုမ်ားဟာ ရုပ္ေသ ဓါတ္ပံုမ်ားထက္ မိုဘိုင္းေဒတာကို ပိုမို ကုန္က်ေစပါတယ္။

Facebook က မက္ဆင္ဂ်ာမွာ ရုပ္ေသ ေၾကာ္ညာမ်ားကို ျပသေနပါတယ္။ အခုေတာ့ Facebook က မက္ဆင္ဂ်ာမွာ Auto-Play Video Ads မ်ားကို ထည့္သြင္းေပးဖုိ႔ စမ္းသပ္ေနပါတယ္။ လက္ရွိမွာ လူနည္းစုျဖင့္ စမ္းသပ္ေနတာ ျဖစ္ၿပီး Users မ်ား စိတ္ေက်နပ္ရင္ ေနာက္ပိုင္းမွာ ပံုေသ ထည့္သြင္းေတာ့မွာ ျဖစ္ပါတယ္။

မက္ဆင္ဂ်ာ ေၾကာ္ညာ ဌာနမွ အႀကီးအကဲျဖစ္သူ Stefanos Loukakos က “ ဒီေၾကာ္ညာမ်ားကို Users မ်ား ႀကိဳက္မလားဆိုတာ ေလ့လာမွာ ျဖစ္ၿပီး အဆင္ေျပမွသာ ထည့္သြင္းမွာ ျဖစ္ပါတယ္။ ဒီနည္းလမ္းက အလုပ္ျဖစ္မလားဆိုတာကိုေတာ့ မသိရေသးပါဘူး။ မက္ဆင္ဂ်ာမွာ သာမာန္ ေၾကာ္ညာမ်ားကို ျပသထားၿပီး User မ်ားဘက္က သိပ္ၿပီး စိတ္အေႏွာင့္အယွက္ မျဖစ္ပါဘူး။ ဒါေပမယ့္ ဗီဒီယိုက်ေတာ့ မိုဘုိင္းေဒတာ ပိုမို ကုန္က်ေစပါတယ္။ အဲဒီအတြက္ ေစာင့္ၾကည့္ရမွာပါ။ “ လို႔ ေျပာပါတယ္။

YouTube Video မ်ားမွာ ေၾကာ္ညာမ်ားကို ၾကားညွပ္ၿပီး ျပသေပးတာက သိပ္ၿပီး စိတ္အေႏွာင့္အယွက္ မျဖစ္ေစပါဘူး။ ဒါေပမယ့္ Facebook Messenger မွာ သူငယ္ခ်င္းမ်ား စကားေျပာျခင္း၊ ဂိမ္းကစားျခင္းမ်ား ျပဳလုပ္ၾကတဲ့အတြက္ အလိုအေလွ်ာက္ ျပသတဲ့ ေၾကာ္ညာမ်ားဟာ စိတ္အေႏွာင့္အယွက္ ျဖစ္ေစမယ္လို႔ ထင္ပါတယ္။

unicode

Auto-Play Video Ads များပါလာတော့မယ့် Facebook Messenger

Facebook ဟာ Newsfeed မှာ Auto-Play Video များကို ပြသခဲ့ပါတယ်။ ဒါပေမယ့် Settings ထဲမှာ ဗီဒီယိုများကို အလိုအလျှောက် မဖွင့်ဖို့ သတ်မှတ်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီအတွက် မိုဘိုင်းဒေတာ ကုန်ကျမှုကို ပိတ်ပင်ထားနိုင်ပါတယ်။ ဗီဒီယိုများဟာ ရုပ်သေ ဓါတ်ပုံများထက် မိုဘိုင်းဒေတာကို ပိုမို ကုန်ကျစေပါတယ်။

Facebook က မက်ဆင်ဂျာမှာ ရုပ်သေ ကြော်ညာများကို ပြသနေပါတယ်။ အခုတော့ Facebook က မက်ဆင်ဂျာမှာ Auto-Play Video Ads များကို ထည့်သွင်းပေးဖို့ စမ်းသပ်နေပါတယ်။ လက်ရှိမှာ လူနည်းစုဖြင့် စမ်းသပ်နေတာ ဖြစ်ပြီး Users များ စိတ်ကျေနပ်ရင် နောက်ပိုင်းမှာ ပုံသေ ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။

မက်ဆင်ဂျာ ကြော်ညာ ဌာနမှ အကြီးအကဲဖြစ်သူ Stefanos Loukakos က “ ဒီကြော်ညာများကို Users များ ကြိုက်မလားဆိုတာ လေ့လာမှာ ဖြစ်ပြီး အဆင်ပြေမှသာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက အလုပ်ဖြစ်မလားဆိုတာကိုတော့ မသိရသေးပါဘူး။ မက်ဆင်ဂျာမှာ သာမာန် ကြော်ညာများကို ပြသထားပြီး User များဘက်က သိပ်ပြီး စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ ဒါပေမယ့် ဗီဒီယိုကျတော့ မိုဘိုင်းဒေတာ ပိုမို ကုန်ကျစေပါတယ်။ အဲဒီအတွက် စောင့်ကြည့်ရမှာပါ။ “ လို့ ပြောပါတယ်။

YouTube Video များမှာ ကြော်ညာများကို ကြားညှပ်ပြီး ပြသပေးတာက သိပ်ပြီး စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။ ဒါပေမယ့် Facebook Messenger မှာ သူငယ်ချင်းများ စကားပြောခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ကြတဲ့အတွက် အလိုအလျှောက် ပြသတဲ့ ကြော်ညာများဟာ စိတ်အနှောင့်အယှက် ဖြစ်စေမယ်လို့ ထင်ပါတယ်။

Leave a Reply