ယခုႏွစ္ေႏွာင္းပိုင္းမွာ ၿဗိတိန္တြင္ 5G စမ္းသပ္မယ့္ Vodafone

0
1316

ကမာၻအ၀န္းမွ မိုဘိုင္း ေအာ္ပေရတာမ်ားဟာ ေနာက္မ်ိဳးဆက္ ဆက္သြယ္ေရး ကြန္ယက္ျဖစ္တဲ့ 5G ကို အဆင့္ျမွင့္ ၀န္ေဆာင္မႈေပးဖို႔ အၿပိဳင္အဆိုင္ ႀကိဳးစားေနၾကပါတယ္။ ၿဗိတိန္မွ နာမည္ႀကီး မိုဘိုင္း ေအာ္ပေရတာ တစ္ခုျဖစ္တဲ့ EE က ေအာက္တိုဘာလမွာ အေရွ႕လန္ဒန္တြင္ 5G ကို စမ္းသပ္ျခင္းျဖင့္ ၿဗိတိန္ရဲ႕ ပထမဆံုး 5G စမ္းသပ္တဲ့ မိုဘိုင္းေအာ္ပေရတာ ျဖစ္လာေတာ့မယ္လို႔ ေျပာပါတယ္။

အခုေတာ့ ၿဗိတိန္ရဲ႕ တတိယ အႀကီးမားဆံုး မိုဘိုင္း ေအာ္ပေရတာ ျဖစ္တဲ့ Vodafone က ယခုႏွစ္ ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလအၾကားမွာ 5G ကြန္ယက္ကို စမ္းသပ္မယ္လို႔ ေၾကညာလိုက္ပါတယ္။ Vodafone က ယခုႏွစ္ေႏွာင္းပိုင္းမွာ ၿဗိတိန္ရဲ႕ ၿမိဳ႕ႀကီး ၁၀ ခုမွာ ေနာက္မ်ိဳးဆက္ 5G ကြန္ယက္ကို စမ္းသပ္ ပံ့ပိုးေပးမယ္လို႔ ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာ ၿဗိတိန္မွ ေ၀းလံေခါင္ျဖားတဲ့ ေနရာေဒသမ်ားအတြက္ အကန္႔အသတ္ျဖင့္ ပံ့ပိုးေပးမယ္လို႔ ေျပာပါတယ္။ Vodafone ဟာ Birmingham, Bristol, Cardiff, Glasgow, Liverpool, London နဲ႔ Manchester တို႔ရဲ႕ တည္ေနရာ ၄၀ မွ 4G ကြန္ယက္မ်ားကို 5G ျဖင့္ အဆင့္ျမွင့္ျခင္းလုပ္ငန္းမ်ားကို လုပ္ေဆာင္ေနပါတယ္။

Vodafone က အားကစား ကြင္းမ်ား၊ ရံုးခန္းမ်ား၊ စက္ရံုမ်ားနဲ႔ ေဆးရံုမ်ားလို လူေနထူထပ္တဲ့ တည္ေနရာမ်ားအတြက္ ပစ္မွတ္ထား လုပ္ေဆာင္ေနပါတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ပန္းျခံမ်ားလို အမ်ားျပည္သူမ်ားစြာ အပန္းေျဖတဲ့ ေနရာမ်ားအတြက္လည္း အဓိက လုပ္ေဆာင္ေနပါတယ္။ Vodafone က ဥေရာပမွ 4G ကြန္ယက္မ်ားကို အဆင့္ျမွင့္မယ္လို႔ ၿပီးခဲ့တဲ့ ႏွစ္မ်ားကတည္းက ေျပာခဲ့ဖူးပါတယ္။

5G ကြန္ယက္မ်ား အဆင္သင့္ ျဖစ္တယ္ဆိုရင္ေတာင္ 5G ကြန္ယက္ကို ေထာက္ပံ့တဲ့ ဖုန္းမ်ား၊ တက္ဘလက္မ်ား လိုအပ္ပါေသးတယ္။ 5G Phone မ်ားဟာ ၂၀၂၀ ခုႏွစ္ ၀န္းက်င္က်မွသာ ထြက္ေပၚလာဖြယ္ရွိေနပါတယ္။

unicode

ယခုနှစ်နှောင်းပိုင်းမှာ ဗြိတိန်တွင် 5G စမ်းသပ်မယ့် Vodafone

ကမ္ဘာအဝန်းမှ မိုဘိုင်း အော်ပရေတာများဟာ နောက်မျိုးဆက် ဆက်သွယ်ရေး ကွန်ယက်ဖြစ်တဲ့ 5G ကို အဆင့်မြှင့် ဝန်ဆောင်မှုပေးဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ ဗြိတိန်မှ နာမည်ကြီး မိုဘိုင်း အော်ပရေတာ တစ်ခုဖြစ်တဲ့ EE က အောက်တိုဘာလမှာ အရှေ့လန်ဒန်တွင် 5G ကို စမ်းသပ်ခြင်းဖြင့် ဗြိတိန်ရဲ့ ပထမဆုံး 5G စမ်းသပ်တဲ့ မိုဘိုင်းအော်ပရေတာ ဖြစ်လာတော့မယ်လို့ ပြောပါတယ်။

အခုတော့ ဗြိတိန်ရဲ့ တတိယ အကြီးမားဆုံး မိုဘိုင်း အော်ပရေတာ ဖြစ်တဲ့ Vodafone က ယခုနှစ် အောက်တိုဘာလနဲ့ ဒီဇင်ဘာလအကြားမှာ 5G ကွန်ယက်ကို စမ်းသပ်မယ်လို့ ကြေညာလိုက်ပါတယ်။ Vodafone က ယခုနှစ်နှောင်းပိုင်းမှာ ဗြိတိန်ရဲ့ မြို့ကြီး ၁၀ ခုမှာ နောက်မျိုးဆက် 5G ကွန်ယက်ကို စမ်းသပ် ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ် အစောပိုင်းမှာ ဗြိတိန်မှ ဝေးလံခေါင်ဖြားတဲ့ နေရာဒေသများအတွက် အကန့်အသတ်ဖြင့် ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။ Vodafone ဟာ Birmingham, Bristol, Cardiff, Glasgow, Liverpool, London နဲ့ Manchester တို့ရဲ့ တည်နေရာ ၄၀ မှ 4G ကွန်ယက်များကို 5G ဖြင့် အဆင့်မြှင့်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေပါတယ်။

Vodafone က အားကစား ကွင်းများ၊ ရုံးခန်းများ၊ စက်ရုံများနဲ့ ဆေးရုံများလို လူနေထူထပ်တဲ့ တည်နေရာများအတွက် ပစ်မှတ်ထား လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပန်းခြံများလို အများပြည်သူများစွာ အပန်းဖြေတဲ့ နေရာများအတွက်လည်း အဓိက လုပ်ဆောင်နေပါတယ်။ Vodafone က ဥရောပမှ 4G ကွန်ယက်များကို အဆင့်မြှင့်မယ်လို့ ပြီးခဲ့တဲ့ နှစ်များကတည်းက ပြောခဲ့ဖူးပါတယ်။

5G ကွန်ယက်များ အဆင်သင့် ဖြစ်တယ်ဆိုရင်တောင် 5G ကွန်ယက်ကို ထောက်ပံ့တဲ့ ဖုန်းများ၊ တက်ဘလက်များ လိုအပ်ပါသေးတယ်။ 5G Phone များဟာ ၂၀၂၀ ခုနှစ် ဝန်းကျင်ကျမှသာ ထွက်ပေါ်လာဖွယ်ရှိနေပါတယ်။

Leave a Reply