ကင္မရာကို ကိုယ္ထည္မွာ ျမွဳပ္ထားတဲ့ Oppo Find X

0
1152

Zawgyi version

ေဘးေဘာင္အနားသတ္မဲ့ Screen မ်က္ႏွာျပင္ျပည့္ Display ၊ ဖုန္းရဲ႕ျပင္ပကိုယ္ထည္မွာေရွ႕/ေနာက္ကင္မရာေတြတစ္ခုမွမပါဝင္ေတာ့တဲ့ Oppo Find X စမတ္ဖုန္းကိုမိတ္ဆက္လိုက္ပါၿပီ။ ဒီဖုန္းမွာ ဖုန္းရဲ႕ေအာက္ေျခကေန အေပၚဆုံးထိပ္ေဘာင္အနားသတ္အထိ Screen အျပည့္ျဖစ္ၿပီး ဖုန္းရဲ႕ေရွ႕ Selfie Camera နဲ႔ အျခား Sensor ေတြဟာလည္း ဖုန္းရဲ႕ Screen ထိပ္မွာမပါဝင္ေတာ့ပါဘူး။ ဒါ့အျပင္ ဖုန္းရဲ႕ေနာက္ဘက္ျခမ္းဒီဇိုင္းအေနအထားမွာလည္း Camera ေတြမပါဝင္ေတာ့ပါဘူး။ ဒါဆို Camera ေတြအတြက္ ဘယ္လိုလုပ္ထားလဲ ?

Image result for oppo find x

Oppo က Find X စမတ္ဖုန္းမွာ Slider Mechanism ကိုအသုံးျပဳၿပီး Camera Module တစ္ခုလုံးကို ဖုန္းရဲ႕ေရွ႕ Display အျခမ္းနဲ႔ဖုန္းရဲ႕ေနာက္ဖုံးအၾကား အလယ္ Middle Frame ထဲမွာ Slider Module အေနနဲ႔ေနရာခ်ထားပါတယ္။ ယင္း Slider Module (Camera Module) ရဲ႕ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Selfie Camera , Earpiece Speaker နဲ႔အျခား sensor တစ္ခ်ိဳ႕ ပါဝင္ၿပီး ေနာက္ဘက္မ်က္ႏွာျပင္မွာေတာ့ Dual Camera ေတြနဲ႔ LED flash ေတြပါဝင္ပါတယ္။ Camera app ကိုဖြင့္လိုက္တာနဲ႔ ယင္း Slider Module ကဖုန္းရဲ႕အေပၚကိုထြက္လာမွာပါ။ ကင္မရာသုံးဖို႔မလိုတဲ့အေနအထားမွာေတာ့ ယင္း Camera Module တစ္ခုလုံးက ဖုန္းကိုယ္ထည္အတြင္းထဲမွာရွိေနမွာျဖစ္တဲ့အတြက္ ဖုန္းရဲ႕ေရွ႕မ်က္ႏွာျပင္မွာလည္း ေဘးေဘာင္အနားသတ္မဲ့ မ်က္ႏွာျပင္ျပည့္ Display နဲ႔ျဖစ္သြားၿပီး Camera Sensor ေနရာအတြက္ ေနရာလုံးဝခ်န္စရာမလိုတဲ့ ဒီဇိုင္းအေနအထားနဲ႔ျဖစ္သြားပါတယ္။ Vivo Nex မွာတုန္းကလည္း Selfie Camera ကို ဖုန္းရဲ႕ထိပ္ေဘာင္ထဲကေနထြက္လာမယ့္ Pop-up Camera ပုံစံေလးဖန္တီးထားခဲ့ၿပီး ယခု Oppo Find X မွာေတာ့ ဖုန္းရဲ႕ေရွ႕/ေနာက္ Camera အကုန္လုံးကိုဖုန္းကိုယ္ထည္အတြင္းထဲျမဳပ္ထားတဲ့ ဒီဇိုင္းပုံစံနဲ႔ဖန္တီးထားတာေတြ႕ရပါတယ္။ Camera Module ရဲ႕ ေနာက္ဘက္ျခမ္း Dual Camera ေတြက 16MP sensor with f/2.0 aperture + 20MP sensors with f/2.2 aperture ေတြျဖစ္ၿပီး ေရွ႕ Selfie Camera က 25 MP lens ျဖစ္ပါတယ္။

Oppo Find X မွာ Fingerprint Scanner လုံးဝမပါဝင္ေတာ့ဘဲ iPhone X မွာကဲ့သို႔ မ်က္ႏွာနဲ႔ Lock ဖြင့္ရမယ့္ 3D Face Scanning feature ကိုပဲထည့္သြင္းေပးထားပါတယ္။ မ်က္ႏွာနဲ႔ Lock ဖြင့္ဖို႔လိုအပ္လာတဲ့အခါမွာလည္း Camera Module ကဖုန္းကိုယ္ထည္ထဲကေနအေပၚကိုတက္လာမွာပါ။

Oppo Find X မွာ 6.42 လက္မအရြယ္ 1,080 x 2,340 AMOLED display ကိုအသုံးျပဳထားၿပီး Screen Ratio အေနနဲ႔ 19.5:9 aspect ratio ရွိပါတယ္။ Display ဟာ ဖုန္းေရွ႕မ်က္ႏွာျပင္ရဲ႕ ၉၂.၂၅ ရာခိုင္ႏႈန္းအထိေနရာအျပည့္နီးပါးယူထားတာေၾကာင့္ ထြက္ခဲ့သမွ် စမတ္ဖုန္းေတြထဲမွာေတာ့ မ်က္ႏွာျပင္ျပည့္နီးပါး Display အျဖစ္ဆုံးဖုန္းလို႔ဆိုရမွာပါ။ Oppo Find X ရဲ႕ Display ကေတာ့ Galaxy S9 လို Edge to edge Display နဲ႔ပါ။

Related image

Oppo Find X မွာ မိုဘိုင္းဖုန္းေတြအတြက္ အေကာင္းဆုံး Processor ျဖစ္တဲ့ Snapdragon 845 Chipset အသုံးျပဳထားၿပီး RAM 8GB ပါဝင္ပါတယ္။ Storage 256GB နဲ႔ Storage 128GB ဆိုၿပီး Version ၂ မ်ိဳးနဲ႔ထုတ္လုပ္ထားပါတယ္။ System အေနနဲ႔ Android 8.1 Oreo ကိုအေျခခံတဲ့ ColorOS 5.1 ကိုအသုံးျပဳထားပါတယ္။ Dual SIM အမ်ိဳးအစားစမတ္ဖုန္းျဖစ္ၿပီး ဘက္ထရီပမာဏအေနနဲ႔ 3730 mAh battery ပါဝင္ပါတယ္။

ၾသဂုတ္လမွာစတင္ေရာင္းခ်မွာျဖစ္ၿပီး ေစ်းႏႈန္းအေနနဲ႔ ၁၃ သိန္းဝန္းက်င္က်သင့္မွာပါ။

Unicode version

ဘေးဘောင်အနားသတ်မဲ့ Screen မျက်နှာပြင်ပြည့် Display ၊ ဖုန်းရဲ့ပြင်ပကိုယ်ထည်မှာရှေ့/နောက်ကင်မရာတွေတစ်ခုမှမပါဝင်တော့တဲ့ Oppo Find X စမတ်ဖုန်းကိုမိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းမှာ ဖုန်းရဲ့အောက်ခြေကနေ အပေါ်ဆုံးထိပ်ဘောင်အနားသတ်အထိ Screen အပြည့်ဖြစ်ပြီး ဖုန်းရဲ့ရှေ့ Selfie Camera နဲ့ အခြား Sensor တွေဟာလည်း ဖုန်းရဲ့ Screen ထိပ်မှာမပါဝင်တော့ပါဘူး။ ဒါ့အပြင် ဖုန်းရဲ့နောက်ဘက်ခြမ်းဒီဇိုင်းအနေအထားမှာလည်း Camera တွေမပါဝင်တော့ပါဘူး။ ဒါဆို Camera တွေအတွက် ဘယ်လိုလုပ်ထားလဲ ?

Oppo က Find X စမတ်ဖုန်းမှာ Slider Mechanism ကိုအသုံးပြုပြီး Camera Module တစ်ခုလုံးကို ဖုန်းရဲ့ရှေ့ Display အခြမ်းနဲ့ဖုန်းရဲ့နောက်ဖုံးအကြား အလယ် Middle Frame ထဲမှာ Slider Module အနေနဲ့နေရာချထားပါတယ်။ ယင်း Slider Module (Camera Module) ရဲ့ရှေ့ဘက်မျက်နှာပြင်မှာတော့ Selfie Camera , Earpiece Speaker နဲ့အခြား sensor တစ်ချို့ ပါဝင်ပြီး နောက်ဘက်မျက်နှာပြင်မှာတော့ Dual Camera တွေနဲ့ LED flash တွေပါဝင်ပါတယ်။ Camera app ကိုဖွင့်လိုက်တာနဲ့ ယင်း Slider Module ကဖုန်းရဲ့အပေါ်ကိုထွက်လာမှာပါ။ ကင်မရာသုံးဖို့မလိုတဲ့အနေအထားမှာတော့ ယင်း Camera Module တစ်ခုလုံးက ဖုန်းကိုယ်ထည်အတွင်းထဲမှာရှိနေမှာဖြစ်တဲ့အတွက် ဖုန်းရဲ့ရှေ့မျက်နှာပြင်မှာလည်း ဘေးဘောင်အနားသတ်မဲ့ မျက်နှာပြင်ပြည့် Display နဲ့ဖြစ်သွားပြီး Camera Sensor နေရာအတွက် နေရာလုံးဝချန်စရာမလိုတဲ့ ဒီဇိုင်းအနေအထားနဲ့ဖြစ်သွားပါတယ်။ Vivo Nex မှာတုန်းကလည်း Selfie Camera ကို ဖုန်းရဲ့ထိပ်ဘောင်ထဲကနေထွက်လာမယ့် Pop-up Camera ပုံစံလေးဖန်တီးထားခဲ့ပြီး ယခု Oppo Find X မှာတော့ ဖုန်းရဲ့ရှေ့/နောက် Camera အကုန်လုံးကိုဖုန်းကိုယ်ထည်အတွင်းထဲမြုပ်ထားတဲ့ ဒီဇိုင်းပုံစံနဲ့ဖန်တီးထားတာတွေ့ရပါတယ်။ Camera Module ရဲ့ နောက်ဘက်ခြမ်း Dual Camera တွေက 16MP sensor with f/2.0 aperture + 20MP sensors with f/2.2 aperture တွေဖြစ်ပြီး ရှေ့ Selfie Camera က 25 MP lens ဖြစ်ပါတယ်။

Oppo Find X မှာ Fingerprint Scanner လုံးဝမပါဝင်တော့ဘဲ iPhone X မှာကဲ့သို့ မျက်နှာနဲ့ Lock ဖွင့်ရမယ့် 3D Face Scanning feature ကိုပဲထည့်သွင်းပေးထားပါတယ်။ မျက်နှာနဲ့ Lock ဖွင့်ဖို့လိုအပ်လာတဲ့အခါမှာလည်း Camera Module ကဖုန်းကိုယ်ထည်ထဲကနေအပေါ်ကိုတက်လာမှာပါ။

Oppo Find X မှာ 6.42 လက်မအရွယ် 1,080 x 2,340 AMOLED display ကိုအသုံးပြုထားပြီး Screen Ratio အနေနဲ့ 19.5:9 aspect ratio ရှိပါတယ်။ Display ဟာ ဖုန်းရှေ့မျက်နှာပြင်ရဲ့ ၉၂.၂၅ ရာခိုင်နှုန်းအထိနေရာအပြည့်နီးပါးယူထားတာကြောင့် ထွက်ခဲ့သမျှ စမတ်ဖုန်းတွေထဲမှာတော့ မျက်နှာပြင်ပြည့်နီးပါး Display အဖြစ်ဆုံးဖုန်းလို့ဆိုရမှာပါ။ Oppo Find X ရဲ့ Display ကတော့ Galaxy S9 လို Edge to edge Display နဲ့ပါ။

Oppo Find X မှာ မိုဘိုင်းဖုန်းတွေအတွက် အကောင်းဆုံး Processor ဖြစ်တဲ့ Snapdragon 845 Chipset အသုံးပြုထားပြီး RAM 8GB ပါဝင်ပါတယ်။ Storage 256GB နဲ့ Storage 128GB ဆိုပြီး Version ၂ မျိုးနဲ့ထုတ်လုပ်ထားပါတယ်။ System အနေနဲ့ Android 8.1 Oreo ကိုအခြေခံတဲ့ ColorOS 5.1 ကိုအသုံးပြုထားပါတယ်။ Dual SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပြီး ဘက်ထရီပမာဏအနေနဲ့ 3730 mAh battery ပါဝင်ပါတယ်။

သြဂုတ်လမှာစတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၁၃ သိန်းဝန်းကျင်ကျသင့်မှာပါ။

Leave a Reply