ဆန္းသစ္တဲ့ motorized ကင္မရာနည္းပညာ ထည့္သြင္းလာတဲ့ OPPO Find X စမတ္ဖုန္း

0
1535

ဒီေန႔ညမွာေတာ့ တရုတ္စမတ္ဖုန္းထုတ္လုပ္သူ OPPO အေနနဲ႔ Find စီးရီးဖုန္းရဲ႕ မ်ိဳးဆက္သစ္ဖုန္းလို႔ သတ္မွတ္ႏုိင္တဲ့ Find X စမတ္ဖုန္းကို ျပင္သစ္ႏုိင္ငံ၊ပဲရစ္မွာ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ ဒီမိတ္ဆက္ပြဲမတိုင္ခင္မွာပဲ Mobile ဖုန္းနဲ႔ပတ္သတ္လို႔ Review ေတြတင္ဆက္ေပးေနတဲ့ TheVerge ကေန Find X နဲ႔ပတ္သတ္တဲ့ Hand-on ဗီဒီယိုေလးတစ္ခုနဲ႔အတူ ပုံေတြကိုတင္လိုက္လိုက္ပါတယ္။

စမတ္ဖုန္းကို ေတာ့ ဒီညမွာတရားဝင္မိတ္ဆက္မွာ ျဖစ္ေပမယ့္ Find X စမတ္ဖုန္းနဲ႔ပတ္သတ္လို႔ အခ်က္အလက္အမ်ားစုကိ ေတာ့ သိရွိရပါၿပီ။ TheVerge ကတင္ထားတဲ့ Video အရ Find X စမတ္ဖုန္းမွာ ႀကီးမားတဲ့  6.4 display နဲ႔ ရွည္ေမ်ာေမ်ာဒီဇုိင္းေၾကာင့္ ကိုသုံးထားပါတယ္။ မ်က္ႏွာျပင္ display ဟာကိုယ္ထည္တခုလုံးရဲ႕ 92.25 ရာခိုင္ႏႈန္း အထိ ရယူထားပါတယ္။

ဒါ့အျပင္ Find X မွာအစဥ္အလာပုံစံအတုိင္း လက္ေဗြဖတ္စနစ္မပါဝင္သလို၊ Nex လိုမ်ိဳး under-screen လက္ေဗြဖတ္စနစ္ကို မသုံးထားပါဘူး။ အဲ့ဒီနည္းပညာေတြအစား ဖုန္းကို biometric အသိအမွတ္ျပဳမႈစနစ္နဲ႔ ဝင္ေရာက္ႏုိင္မယ့္3D facial scanner ကိုသုံးေပးထားပါတယ္။ ပုံမွန္ပါဝင္ေနၾက လက္ေဗြဖတ္စနစ္ကို ဖယ္ရွားလိုက္တာပဲျဖစ္ပါတယ္။ pop-up ကင္မရာနဲ႔ တိုက္စစ္ၿပီး ဖုန္းကိုဝင္ေရာက္ႏိုင္မွာျဖစ္ပါတယ္။ ဖုန္းကိုဖြင့္လိုက္တာနဲ႔  lock screen ကိုျပေပးမွာျဖစ္ၿပီး ကင္မရာထြက္လာတဲ့အခ်ိန္မွာ သင့္ရဲ႕မ်က္ႏွာနဲ႔ဖြင့္ရမွာပါ။

ပါဝါစြမ္းအားပိုင္းမွာေတာ့ ၂၀၁၈ထြက္စမတ္ဖုန္းေတြမွာ အသုံးျပဳေနတဲ့ Qualcomm ရဲ႕ Snapdragon 845 ပရိုဆက္ဆာကို တပ္ဆင္ထားၿပီး Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) ျဖစ္ပါတယ္။ 8GB RAM နဲ႔အတူ  256GB storage အထိေပးထားပါတယ္။ 8 GB RAM နဲ႔128GB ဗားရွင္းလည္းရွိသလုိ၊ 6GB RAM သုံးထားတဲ့ 64 GB ဗားရွင္းကိုလဲ ေရြးခ်ယ္ႏုိင္ပါလိမ့္မယ္။

3,730mAh  ဘက္ထရီနဲ႔အတူ အားအျမန္သြင္းဖို႔အတြက္ OnePlus ရဲ႕ Dash Charge နဲ႔အလားသ႑ာန္တူတဲ့ VOOC အားသြင္းစနစ္ပါဝင္ပါတယ္။ dual-SIM ဖုန္းျဖစ္ၿပီး Android 8.1 Oreo ေမာင္းႏွင္မွာ ျဖစ္ပါတယ္။ Oppo ရဲ႕ Color OS  UI ဒီဇုိင္းဟာ  iOS နဲ႔ Samsung ၂ခုကို ေပါင္းစပ္ထားတဲ့ ပုံစံျဖစ္သြားပါတယ္။

Find X စမတ္ဖုန္းမွာ စိတ္ဝင္စားစရာအေကာင္းဆုံးနဲ႔ စိတ္လႈပ္ရွားစရာ ထည့္သြင္းေပးထားတာကေတာ့ ကင္မရာဒီဇုိင္းပဲ ျဖစ္ပါတယ္။ ကင္မရာကိုဖုန္းကိုယ္ထည္ထဲမွာ ျမဳပ္ႏွံထားတာျဖစ္ပါတယ္။ camera app ကိုဖြင္လိုက္တဲ့အခ်ိန္မွသာ ကင္မရာဟာထိပ္ဘက္ေနထိုးထြက္လာမွာ ျဖစ္ပါတယ္။ motorize နည္းလမ္းနဲ႔သြားတာျဖစ္ၿပီး၊သူရဲ႕ကင္မရာတပ္ဆင္ထားတဲ့ ပုံစံဟာ Vivo Nex မွာပါဝင္တဲ့ pop-up ကင္မရာနဲ႔လုံးဝကြဲ ျပားပါတယ္။ Vivo NEX မွာက အေရွ႕ဘက္ကင္မရာကိုသာ ျပဳလုပ္ထားတာျဖစ္ၿပီး၊ Find X စမတ္ဖုန္းမွာေတာ့ အေရွ႕အေနာက္ကင္မရာ ၂ဘက္လုံးကို motorize နည္းလမ္းသုံးထားတာပါ။ ကင္မရာapp ကိုဖြင့္မွ ကင္မရာထြက္လာမွာပါ။

အေရွ႕ဘက္မွာ 25-megapixel  (f/2.0)ကင္မရာကိုတပ္ဆင္ေပးထားၿပီး  3D facial scanning စနစ္နဲ႔ ေထာက္ပံ့ေပးထားပါတယ္။ ကင္မရာဖြင့္လွစ္မႈလုပ္ေဆာင္ခ်က္အတြက္ သုံးထားတဲ့ စနစ္ဟာအႀကိမ္ဘယ္ေလာက္အထိ ခံႏိုင္စြမ္းရွိမယ္ဆိုတာကိုေတာမသိရွိရေသးပါဘူး။ အေနာက္ဘက္ျခမ္းမွာေတာ့ 16-megapixel + 20-megapixel ကို dual တပ္ဆင္ထားၿပီး Oppo ကုမၸဏီရဲ႕ေျပာၾကားခ်က္အရ ဖုန္းကို unlock ျပဳလုပ္ဖုိ႔ၾကာခ်ိန္ဟာ 0.5 သာရွိမယ္လို႔ ဆိုပါတယ္။  ယခုညမိတ္ဆက္မႈမွာေတာ့ ပိုမိုတိက်တဲ့ အခ်က္အလက္ေတြကို ေတြ႕ရွိရမွာ ျဖစ္ပါတယ္။

Unicode

ဒီနေ့ညမှာတော့ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ OPPO အနေနဲ့ Find စီးရီးဖုန်းရဲ့ မျိုးဆက်သစ်ဖုန်းလို့ သတ်မှတ်နိုင်တဲ့ Find X စမတ်ဖုန်းကို ပြင်သစ်နိုင်ငံ၊ပဲရစ်မှာ ဒီနေ့မိတ်ဆက်လိုက်တော့မှာ ဖြစ်ပါတယ်။ ဒီမိတ်ဆက်ပွဲမတိုင်ခင်မှာပဲ Mobile ဖုန်းနဲ့ပတ်သတ်လို့ Review တွေတင်ဆက်ပေးနေတဲ့ TheVerge ကနေ Find X နဲ့ပတ်သတ်တဲ့ Hand-on ဗီဒီယိုလေးတစ်ခုနဲ့အတူ ပုံတွေကိုတင်လိုက်လိုက်ပါတယ်။ စမတ်ဖုန်းကို တော့ ဒီညမှာတရားဝင်မိတ်ဆက်မှာ ဖြစ်ပေမယ့် Find X စမတ်ဖုန်းနဲ့ပတ်သတ်လို့ အချက်အလက်အများစုကိ တော့ သိရှိရပါပြီ။ TheVerge ကတင်ထားတဲ့ Video အရ Find X စမတ်ဖုန်းမှာ ကြီးမားတဲ့ 6.4 display နဲ့ ရှည်မျောမျောဒီဇိုင်းကြောင့် ကိုသုံးထားပါတယ်။ မျက်နှာပြင် display ဟာကိုယ်ထည်တခုလုံးရဲ့ 92.25 ရာခိုင်နှုန်း အထိ ရယူထားပါတယ်။
ဒါ့အပြင် Find X မှာအစဉ်အလာပုံစံအတိုင်း လက်ဗွေဖတ်စနစ်မပါဝင်သလို၊ Nex လိုမျိုး under-screen လက်ဗွေဖတ်စနစ်ကို မသုံးထားပါဘူး။ အဲ့ဒီနည်းပညာတွေအစား ဖုန်းကို biometric အသိအမှတ်ပြုမှုစနစ်နဲ့ ဝင်ရောက်နိုင်မယ့်3D facial scanner ကိုသုံးပေးထားပါတယ်။ ပုံမှန်ပါဝင်နေကြ လက်ဗွေဖတ်စနစ်ကို ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။ pop-up ကင်မရာနဲ့ တိုက်စစ်ပြီး ဖုန်းကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဖုန်းကိုဖွင့်လိုက်တာနဲ့ lock screen ကိုပြပေးမှာဖြစ်ပြီး ကင်မရာထွက်လာတဲ့အချိန်မှာ သင့်ရဲ့မျက်နှာနဲ့ဖွင့်ရမှာပါ။
ပါဝါစွမ်းအားပိုင်းမှာတော့ ၂၀၁၈ထွက်စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Qualcomm ရဲ့ Snapdragon 845 ပရိုဆက်ဆာကို တပ်ဆင်ထားပြီး Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) ဖြစ်ပါတယ်။ 8GB RAM နဲ့အတူ 256GB storage အထိပေးထားပါတယ်။ 8 GB RAM နဲ့128GB ဗားရှင်းလည်းရှိသလို၊ 6GB RAM သုံးထားတဲ့ 64 GB ဗားရှင်းကိုလဲ ရွေးချယ်နိုင်ပါလိမ့်မယ်။ 3,730mAh ဘက်ထရီနဲ့အတူ အားအမြန်သွင်းဖို့အတွက် OnePlus ရဲ့ Dash Charge နဲ့အလားသဏ္ဍာန်တူတဲ့ VOOC အားသွင်းစနစ်ပါဝင်ပါတယ်။ dual-SIM ဖုန်းဖြစ်ပြီး Android 8.1 Oreo မောင်းနှင်မှာ ဖြစ်ပါတယ်။ Oppo ရဲ့ Color OS UI ဒီဇိုင်းဟာ iOS နဲ့ Samsung ၂ခုကို ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်သွားပါတယ်။
Find X စမတ်ဖုန်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ ထည့်သွင်းပေးထားတာကတော့ ကင်မရာဒီဇိုင်းပဲ ဖြစ်ပါတယ်။ ကင်မရာကိုဖုန်းကိုယ်ထည်ထဲမှာ မြုပ်နှံထားတာဖြစ်ပါတယ်။ camera app ကိုဖွင်လိုက်တဲ့အချိန်မှသာ ကင်မရာဟာထိပ်ဘက်နေထိုးထွက်လာမှာ ဖြစ်ပါတယ်။ motorize နည်းလမ်းနဲ့သွားတာဖြစ်ပြီး၊သူရဲ့ကင်မရာတပ်ဆင်ထားတဲ့ ပုံစံဟာ Vivo Nex မှာပါဝင်တဲ့ pop-up ကင်မရာနဲ့လုံးဝကွဲ ပြားပါတယ်။ Vivo NEX မှာက အရှေ့ဘက်ကင်မရာကိုသာ ပြုလုပ်ထားတာဖြစ်ပြီး၊ Find X စမတ်ဖုန်းမှာတော့ အရှေ့အနောက်ကင်မရာ ၂ဘက်လုံးကို motorize နည်းလမ်းသုံးထားတာပါ။ ကင်မရာapp ကိုဖွင့်မှ ကင်မရာထွက်လာမှာပါ။ အရှေ့ဘက်မှာ 25-megapixel (f/2.0)ကင်မရာကိုတပ်ဆင်ပေးထားပြီး 3D facial scanning စနစ်နဲ့ ထောက်ပံ့ပေးထားပါတယ်။ ကင်မရာဖွင့်လှစ်မှုလုပ်ဆောင်ချက်အတွက် သုံးထားတဲ့ စနစ်ဟာအကြိမ်ဘယ်လောက်အထိ ခံနိုင်စွမ်းရှိမယ်ဆိုတာကိုတောမသိရှိရသေးပါဘူး။ အနောက်ဘက်ခြမ်းမှာတော့ 16-megapixel + 20-megapixel ကို dual တပ်ဆင်ထားပြီး Oppo ကုမ္ပဏီရဲ့ပြောကြားချက်အရ ဖုန်းကို unlock ပြုလုပ်ဖို့ကြာချိန်ဟာ 0.5 သာရှိမယ်လို့ ဆိုပါတယ်။ ယခုညမိတ်ဆက်မှုမှာတော့ ပိုမိုတိကျတဲ့ အချက်အလက်တွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

Leave a Reply