Smartphone Trending

ANDROID GO စမတ္ဖုန္း ထုတ္လုပ္ဖို႔ျပင္ဆင္ေနတဲ့ MOTOROLA

စမတ္ဖုန္းထုတ္လုပ္သူ Motorola အေနနဲ႔ လုံးဝ Androidသီးသန္႔ ဖုန္းထုတ္လုပ္ဖို႔ ျပင္ဆင္လ်က္ရွိေနၿပီး သိပ္မၾကာခင္မွာ မိတ္ဆက္လာႏုိင္ပါတယ္။  Motorola ဟာ သူတို႔ရဲ႕ပထမဆံုး Android Go ဖုန္းရဲ႕ေမာ္ဒယ္အမည္ကုိ XT-1920 လို႔ေပးထားၿပီး ECC ရဲ႕ေထာက္ခံခ်က္ရရွိထားၿပီးျဖစ္ကာ ဥေရာပႏွင့္ အာရွေစ်းကြက္မွာ ေရာင္းခ်ဖုိ႔ ခြင့္ျပဳခံထားရၿပီး ျဖစ္ပါတယ္။

FCC ရဲ႕ခြင့္ျပဳခ်က္မွာေတာ့  Motorola ဖုန္းမွာ သံုးလာမယ့္ အခ်က္အလက္တို႔ကို ေဖာ္ျပထားပါတယ္။ သူ႕မွာ RAM 1GB နဲ႔အတူ အခ်က္အလက္သိုေလွာင္မႈအတြက္ 16GB ပါ၀င္ပါတယ္။ ဘက္ထရီ 2000 mAh မွ 2100 mAh အတြင္း ပါ၀င္ပါတယ္။ LTE အသံုးျပဳႏုိင္ပါမယ္။ ဖုန္းရဲ႕အတိုင္းအတာအေနနဲ႔ 147.88 x 71.22 mm ရွိပါတယ္။ C2 စမတ္ဖုန္းမွာ မ်က္ႏွာျပင္ 5 လက္မမွ 5.2 လက္မအတြင္း ရွိလာရွိပါတယ္။

Moto C2 က Android Go ဗားရွင္းျဖစ္ၿပီး Android 8.1 Oreo ျဖစ္ပါတယ္။ MOTOROLA အေနနဲ႔ Moto C2 Plus ဖုန္းကိုလည္း ပုံမွန္စမတ္ဖုန္း အေနနဲ႔ထုတ္လုပ္ဖို႔ ျပဳလုပ္လ်က္ရွိေနပါတယ္။ Android One စမတ္ဖုန္းျဖစ္တဲ့ One Power ဖုန္းကိုလည္း မိတ္ဆက္ဖို႔ ျပင္ဆင္လ်က္ရွိေနၿပီး Motorola One Power ကအရင္ထြက္ရွိလာႏုိင္ပါတယ္။ ANDROID GO စမတ္ဖုန္းဟာ FCC မွာလည္း ခြင့္ျပဳခ်က္ရယူလာတာေၾကာင့္ အေမရိကန္ေစ်းကြက္မွာလည္း ေရာင္းခ်လာဖုိ႔ ရွိေနပါတယ္။

Unicode

စမတ်ဖုန်းထုတ်လုပ်သူ Motorola အနေနဲ့ လုံးဝ Androidသီးသန့် ဖုန်းထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိနေပြီး သိပ်မကြာခင်မှာ မိတ်ဆက်လာနိုင်ပါတယ်။ Motorola ဟာ သူတို့ရဲ့ပထမဆုံး Android Go ဖုန်းရဲ့မော်ဒယ်အမည်ကို XT-1920 လို့ပေးထားပြီး ECC ရဲ့ထောက်ခံချက်ရရှိထားပြီးဖြစ်ကာ ဥရောပနှင့် အာရှဈေးကွက်မှာ ရောင်းချဖို့ ခွင့်ပြုခံထားရပြီး ဖြစ်ပါတယ်။

FCC ရဲ့ခွင့်ပြုချက်မှာတော့ Motorola ဖုန်းမှာ သုံးလာမယ့် အချက်အလက်တို့ကို ဖော်ပြထားပါတယ်။ သူ့မှာ RAM 1GB နဲ့အတူ အချက်အလက်သိုလှောင်မှုအတွက် 16GB ပါဝင်ပါတယ်။ ဘက်ထရီ 2000 mAh မှ 2100 mAh အတွင်း ပါဝင်ပါတယ်။ LTE အသုံးပြုနိုင်ပါမယ်။ ဖုန်းရဲ့အတိုင်းအတာအနေနဲ့ 147.88 x 71.22 mm ရှိပါတယ်။ C2 စမတ်ဖုန်းမှာ မျက်နှာပြင် 5 လက်မမှ 5.2 လက်မအတွင်း ရှိလာရှိပါတယ်။

Moto C2 က Android Go ဗားရှင်းဖြစ်ပြီး Android 8.1 Oreo ဖြစ်ပါတယ်။ MOTOROLA အနေနဲ့ Moto C2 Plus ဖုန်းကိုလည်း ပုံမှန်စမတ်ဖုန်း အနေနဲ့ထုတ်လုပ်ဖို့ ပြုလုပ်လျက်ရှိနေပါတယ်။ Android One စမတ်ဖုန်းဖြစ်တဲ့ One Power ဖုန်းကိုလည်း မိတ်ဆက်ဖို့ ပြင်ဆင်လျက်ရှိနေပြီး Motorola One Power ကအရင်ထွက်ရှိလာနိုင်ပါတယ်။ ANDROID GO စမတ်ဖုန်းဟာ FCC မှာလည်း ခွင့်ပြုချက်ရယူလာတာကြောင့် အမေရိကန်ဈေးကွက်မှာလည်း ရောင်းချလာဖို့ ရှိနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.