Posted on Leave a comment

iPhone 3GS ကိုေတာင္ကိုရီးယားမွာ ျပန္လည္ေရာင္းခ်ေတာ့မည္

Zawgyi version

Apple က ကိုးနွစ္ၾကာမွ iPhone 3GS ကို ေတာင္ကိုးရီးယားမွာ ျပန္လည္ေရာင္းခ်ေတာ့မယ္ဆိုျပီး ေၾကာ္ျငာလိုက္ပါတယ္။ ေတာင္ကိုရီးယားက carrier ျဖစ္တဲ့ SK Telink က ဟန္းဆက္ေတြကုိ ဒီလကုန္ေလာက္ ေရာင္းခ်မယ္ဆိုျပီး ေၾကာ္ျငာထားပါတယ္။ ေတာ္ေတာ္ေတာ့ စိတ္၀င္စားစရာေကာင္းပါတယ္။ သူ႔ရဲဲ႕ အထင္ၾကီးစရာေကာင္းတာက အေဟာင္းေတြကို အေရာင္တင္ျပီး ျပန္ေရာင္းမွာမဟုတ္ဘဲ လံုး၀မသံုးရေသးတဲ့ original  parking ေတြကို ေရာင္းေပးမွာပဲ ျဖစ္ပါတယ္။

သူတို႔ေျပာထားတာကေတာ့ အဲ့ဒီဖုန္းေတြက ဂိုေဒါင္ထဲမွာ original အတိုင္းထည့္သိမ္းထားတာၾကာလွပါျပီတဲ့။ အဲ့ဒီဖုန္းအားလံုးကို ေရာင္းခ်ဖို႔အတြက္ hardware ပိုင္းေတြေရာ error ေတြေရာ အကုန္စစ္ေဆးထားတာပါတဲ့။

iPhone 3GS အတြက္ကိုေတာ့ iOS 6 ထိ support ေပးထားပါတယ္။ iOS app ေတြျဖစ္တဲ့ Twitter, Facebook, PUBG, Fornite စတာေတြေတာ့ အလုပ္လုပ္မွာ မဟုတ္ပါဘူး။ သူက call function နဲ႔ message အတြက္ပဲ အဓိက ထုတ္လုပ္ထားတာျဖစ္ပါတယ္။ iPhone 3GS က Apple ရဲ႕ 2012 ကထုတ္လုပ္ထားတဲ့ အရင္က  30-pin connector အသံုးျပဳထားတာ ျဖစ္ပါတယ္။ အားသြင္းေခါင္း၊ အားသြင္းၾကိဳးနဲ႔ တစ္ျခား accessories ေတြေရာ တစ္ခါထဲ အျပည့္အစံု ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ တစ္ကယ္လို႔ ေပ်ာက္သြားမယ္ဆိုရင္ေတာ့ သင့္တာ၀န္ပဲ ျဖစ္ပါတယ္။

SK Telink က unlock iPhone 3GS ကို $40 နဲ႔ ေစ်းသက္သက္သာသာ နဲ႔ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။ သင္က iPhone 3GS နဲ႔ အမွတ္တရေလးေတြရွိခဲ့တယ္ဆုိရင္ေတာ့ ခုဟာကသတင္းေကာင္းပဲ ျဖစ္ပါတယ္။

 

Unicode version

Apple က ကိုးနှစ်ကြာမှ iPhone 3GS ကို တောင်ကိုးရီးယားမှာ ပြန်လည်ရောင်းချတော့မယ်ဆိုပြီး ကြော်ငြာလိုက်ပါတယ်။ တောင်ကိုရီးယားက carrier ဖြစ်တဲ့ SK Telink က ဟန်းဆက်တွေကို ဒီလကုန်လောက် ရောင်းချမယ်ဆိုပြီး ကြော်ငြာထားပါတယ်။ တော်တော်တော့ စိတ်ဝင်စားစရာကောင်းပါတယ်။ သူ့ရဲ့ အထင်ကြီးစရာကောင်းတာက အဟောင်းတွေကို အရောင်တင်ပြီး ပြန်ရောင်းမှာမဟုတ်ဘဲ လုံးဝမသုံးရသေးတဲ့ original parking တွေကို ရောင်းပေးမှာပဲ ဖြစ်ပါတယ်။

သူတို့ပြောထားတာကတော့ အဲ့ဒီဖုန်းတွေက ဂိုဒေါင်ထဲမှာ original အတိုင်းထည့်သိမ်းထားတာကြာလှပါပြီတဲ့။ အဲ့ဒီဖုန်းအားလုံးကို ရောင်းချဖို့အတွက် hardware ပိုင်းတွေရော error တွေရော အကုန်စစ်ဆေးထားတာပါတဲ့။
iPhone 3GS အတွက်ကိုတော့ iOS 6 ထိ support ပေးထားပါတယ်။
iOS app တွေဖြစ်တဲ့ Twitter, Facebook, PUBG, Fornite စတာတွေတော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ သူက call function နဲ့ message အတွက်ပဲ အဓိက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ iPhone 3GS က Apple ရဲ့ 2012 ကထုတ်လုပ်ထားတဲ့ အရင်က 30-pin connector အသုံးပြုထားတာ ဖြစ်ပါတယ်။ အားသွင်းခေါင်း၊ အားသွင်းကြိုးနဲ့ တစ်ခြား accessories တွေရော တစ်ခါထဲ အပြည့်အစုံ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ တစ်ကယ်လို့ ပျောက်သွားမယ်ဆိုရင်တော့ သင့်တာဝန်ပဲ ဖြစ်ပါတယ်။

SK Telink က unlock iPhone 3GS ကို $40 နဲ့ ဈေးသက်သက်သာသာ နဲ့ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ သင်က iPhone 3GS နဲ့ အမှတ်တရလေးတွေရှိခဲ့တယ်ဆိုရင်တော့ ခုဟာကသတင်းကောင်းပဲ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.