
0
1407





unicode

Xiaomi Mi 8 ကို ကမ္ဘာအဝန်းမှာ ဝယ်ယူနိုင်တော့မည်

Xiaomi Mi 8 ကို တရုတ်မှာ ယခုလ ၅ ရက်နေ့က စတင် ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် အခြား နိုင်ငံများမှာ ရောင်းချမယ့် အချိန်ကို ရှောင်မီက ပြောကြားခြင်း မရှိသေးပါဘူး။ အခုတော့ ရှောင်မီရဲ့ အွန်လိုင်း ဖိုရမ် တစ်ဦးမှာ Moderator တစ်ဦးက ပြင်သစ်နဲ့ ရုရှားတို့မှာ ရောင်းချပေးနေပြီလို့ ပြောပါတယ်။ ကမ္ဘာအဝန်းမှာ မကြာခင် ဝယ်ယူနိုင်တော့မှာပါ။

တရုတ်မှာတော့ Xiaomi Mi 8 ကို ၅ ရက်နေ့က စတင် ရောင်းချပေးခဲ့ပြီး ရှောင်မီက ၃၇ စက္ကန့်အတွင်းမှာပဲ ပစ္စည်းပြတ်သွားတယ်လို့ ကြေညာလိုက်ပါတယ်။ ရောင်းချပေးတဲ့ အရေအတွက်ကိုတော့ မသိရပါဘူး။ ဇွန်လ ၁၂ ရက်နေ့မှာ နောက်ထပ် တစ်သုတ်ကို ရောင်းချပေးခဲ့ပါတယ်။ သူ့ရဲ့ အကြောင်းကို အောက်မှာ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Mi 8 မှာ 6.21″ Full Screen Display နဲ့အတူ Notch လည်းပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် Xiaomi Flagship ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ AMOLED Display ကို အသုံးပြုထားပါတယ်။ Resolution အနေနဲ့ FHD+ Display မှာ 2248p x 1080p ရှိမှာဖြစ်ပြီး ပရိုဆက်ဆာပိုင်းမှာတော့Snapdragon 845 SoC ကိုသုံးထားပါတယ်။ Battery ကိုတော့ 3400mAh ကိုထည့်သွင်းအသုံးပြုထားကာ၊အချက်အလက် သိုလှောင်မှု ပိုင်းအတွက် RAM 6GB/64GB, RAM 6GB/128GB နဲ့ RAM 6GB /256GB ဆိုပြီး ဗားရှင်း (၃) မျိုးထုတ်လုပ်ရောင်းချသွားမှာဖြစ်ပြီး အရောင်အားဖြင့် Black, Blue, White and Gold ဆိုပြီး အရောင် (၄) မျိုးထုတ်လုပ်ထားပါတယ်။

Camera ပိုင်းကိုတော့ 12MP + 12MP Dual ကင်မရာ တပ်ဆင်ပေးထားပြီး 4-axis OIS, Dual Pixel autoflcus, AI portraits, AI scene detection နဲ့ video editing စတဲ့လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပါတယ်။ Mi 8 ရဲ့ DXOMARK မှာ Overall score အနေနဲ့ 99 Points ရှိပြီး Photo Score မှာတော့ 105 ထိရှိပါတယ်။ Selfie ကင်မရာ ပိုင်းကိုတော့ 20MP Camera ကိုအသုံးပြုထားပြီး Aperture f/2.0 နဲ့အတူ AI Portrait Selfies, AI Beautify စတဲ့ Features တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Mi 8 မှာ ထပ်ပြီး ပါဝင်လာတဲ့ ထူးခြားချက်လေးတခုကတော့ Infrared Face Unlock ပဲဖြစ်ပါတယ်။

Leave a Reply