LG V30 ရဲ႕တန္ဘိုးနည္းဗားရွင္းအေနနဲ႔ ထြက္လာမယ့္ LG Q8 +

0
1362

ၿပီးခဲ့တဲ့ ႏွစ္က LG အေနနဲ႔ LG V20 စမတ္ဖုန္းရဲ႕ တန္ဘိုးသင့္ဗားရွင္းလို႔ သတ္မွတ္ႏိုင္တဲ့ Q8 ဖုန္းကို ထုတ္လုပ္ခဲ့ပါတယ္။ အခုလည္း ကိုရီးယားစမတ္ဖုန္း ကုမၸဏီ အေနနဲ႔ တန္ဖိုးသင့္တဲ့ စမတ္ဖုန္းလို႔သတ္မွတ္ႏိုင္တဲ့ Q-series ဖုန္းအသစ္ကို ထုတ္ေဖာ္မိတ္ဆက္ဖို႔ ျပင္ဆင္လ်က္ရွိေနပါတယ္။ အသစ္မိတ္ဆက္လာမယ့္ စမတ္ဖုန္းကေတာ့ LG Q8 + ျဖစ္ၿပီး ၎ဖုန္းဟာ V30 ရဲ႕တန္းဖိုးနည္းဖုန္းအေနနဲ႔ ထြက္ရွိလာဖို႔မ်ားပါတယ္။

ဒီေန႔မွာေတာ့ ကိုရီးယားႏုိင္ငံရဲ႕ စမတ္ဖုန္းထုတ္လုပ္မႈအပိုင္းနဲ႔ပတ္သတ္လို႔ ေထာက္ခံခ်က္ရယူရတဲ့ KCC အသိအမွတ္ျပဳမႈကို ရရွိသြားတဲ့ LG စမတ္ဖုန္း ၂မ်ိဳးရဲ႕ အခ်က္အလက္ေတြ ထြက္ရွိလာပါတယ္။ မတူညီတဲ့ ဗားရွင္း၂မ်ိဳးနဲ႔ ထြက္လာႏုိင္ၿပီး KCC မွာေတာ့ code names အေနနဲ႔ LM-Q815S ၊ LM-Q815L လို႔ေပးထားပါတယ္။ စမတ္ဖုန္းေတြဟာ  Google Play ေထာက္ပံ့မႈရရွိတဲ့ စာရင္းမွာလည္း ပါဝင္ထားသလို၊ Wi-Fi Alliance ရဲ႕အသိအမွတ္ျပဳမႈကို လည္းရရွိထားၿပီ ျဖစ္ပါတယ္။

Q8 ဖုန္းထက္ ပိုေကာင္းတဲ့လုပ္ေဆာင္ခ်က္နဲ႔ ထြက္ရွိလာႏုိင္ၿပီး  LG Q8 ဖုန္းမွာေတာ့သတၱဴကိုယ္ထည္ဒီဇုိင္းနဲ႔ IP67 ေရဒဏ္ခံ၊ဖုန္ဒဏ္ခံမႈေတြ ထည့္သြင္းေပးထားမွာျဖစ္ပါတယ္။ မ်က္ႏွာျပင္ 5.2 လက္မနဲ႔အတူ Quad HD resolution  အရည္အေသြး 1440 x 2560 pixels ေဖာ္ျပႏုိင္စြမ္းနဲ႔ ျဖစ္ပါတယ္။ သူ႕မွာပရိုဆက္ဆာပိုင္းအတြက္ Qualcomm  ရဲ႕ Snapdragon 820 ၊quad-core  နဲ႔ျဖစ္ၿပီး 4GB RAM နဲ႔ 32GB အခ်က္အလက္သိုေလွာင္ႏုိင္စြမ္း သုံးထားပါတယ္။ Dual 16 MP ကင္မရာနဲ႔ ျဖစ္ၿပီး wide-angle ျမင္ကြင္းေတြကို ရိုက္ကူးႏိုင္ပါတယ္။ အေရွ႕ဘက္မွာေတာ့ 5MP အရည္အေသြး ကင္မရာကို တပ္ထားပါတယ္။ Q8 + ထြက္လာမယ္ဆိုရင္ေတာ့ ကင္မရာစြမ္းေဆာင္မႈအပိုင္းမွာ ပိုေကာင္းလာႏုိင္ၿပီး Snapdragon 710 ကိုထည့္သြင္းလာႏိုင္ပါတယ္။

Unicode

ပြီးခဲ့တဲ့ နှစ်က LG အနေနဲ့ LG V20 စမတ်ဖုန်းရဲ့ တန်ဘိုးသင့်ဗားရှင်းလို့ သတ်မှတ်နိုင်တဲ့ Q8 ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ အခုလည်း ကိုရီးယားစမတ်ဖုန်း ကုမ္ပဏီ အနေနဲ့ တန်ဖိုးသင့်တဲ့ စမတ်ဖုန်းလို့သတ်မှတ်နိုင်တဲ့ Q-series ဖုန်းအသစ်ကို ထုတ်ဖော်မိတ်ဆက်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ အသစ်မိတ်ဆက်လာမယ့် စမတ်ဖုန်းကတော့ LG Q8 + ဖြစ်ပြီး ၎င်းဖုန်းဟာ V30 ရဲ့တန်းဖိုးနည်းဖုန်းအနေနဲ့ ထွက်ရှိလာဖို့များပါတယ်။

ဒီနေ့မှာတော့ ကိုရီးယားနိုင်ငံရဲ့ စမတ်ဖုန်းထုတ်လုပ်မှုအပိုင်းနဲ့ပတ်သတ်လို့ ထောက်ခံချက်ရယူရတဲ့ KCC အသိအမှတ်ပြုမှုကို ရရှိသွားတဲ့ LG စမတ်ဖုန်း ၂မျိုးရဲ့ အချက်အလက်တွေ ထွက်ရှိလာပါတယ်။ မတူညီတဲ့ ဗားရှင်း၂မျိုးနဲ့ ထွက်လာနိုင်ပြီး KCC မှာတော့ code names အနေနဲ့ LM-Q815S ၊ LM-Q815L လို့ပေးထားပါတယ်။ စမတ်ဖုန်းတွေဟာ  Google Play ထောက်ပံ့မှုရရှိတဲ့ စာရင်းမှာလည်း ပါဝင်ထားသလို၊ Wi-Fi Alliance ရဲ့အသိအမှတ်ပြုမှုကို လည်းရရှိထားပြီ ဖြစ်ပါတယ်။

Q8 ဖုန်းထက် ပိုကောင်းတဲ့လုပ်ဆောင်ချက်နဲ့ ထွက်ရှိလာနိုင်ပြီး  LG Q8 ဖုန်းမှာတော့သတ္တူကိုယ်ထည်ဒီဇိုင်းနဲ့ IP67 ရေဒဏ်ခံ၊ဖုန်ဒဏ်ခံမှုတွေ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ မျက်နှာပြင် 5.2 လက်မနဲ့အတူ Quad HD resolution  အရည်အသွေး 1440 x 2560 pixels ဖော်ပြနိုင်စွမ်းနဲ့ ဖြစ်ပါတယ်။ သူ့မှာပရိုဆက်ဆာပိုင်းအတွက် Qualcomm  ရဲ့ Snapdragon 820 ၊quad-core  နဲ့ဖြစ်ပြီး 4GB RAM နဲ့ 32GB အချက်အလက်သိုလှောင်နိုင်စွမ်း သုံးထားပါတယ်။ Dual 16 MP ကင်မရာနဲ့ ဖြစ်ပြီး wide-angle မြင်ကွင်းတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်မှာတော့ 5MP အရည်အသွေး ကင်မရာကို တပ်ထားပါတယ်။ Q8 + ထွက်လာမယ်ဆိုရင်တော့ ကင်မရာစွမ်းဆောင်မှုအပိုင်းမှာ ပိုကောင်းလာနိုင်ပြီး Snapdragon 710 ကိုထည့်သွင်းလာနိုင်ပါတယ်။

Leave a Reply