Samsung Galaxy Tab S4 မိတ္ဆက္မယ့္ရက္ ေပါက္ၾကားထြက္ရွိလာ

0
1422

ကိုရီးယားစမတ္ဖုန္းထုတ္လုပ္သူျဖစ္တဲ့ Samsung အေနနဲ႔ 2018 ခုႏွစ္အတြက္ တက္ဘလက္ ေမာ္ဒယ္အသစ္ကို ယခုႏွစ္မကုန္ခင္ မိတ္ဆက္ဖို႔ ျပင္ဆင္လ်က္ရွိေနပါတယ္။ ၿပီးခဲ့တဲ့တပတ္ေလာက္က Samsung ရဲ႕အသစ္မိတ္ဆက္မယ့္  Samsung Galaxy Tab S4 နဲ႔ Galaxy Tab A 10.1(2018)တို႔နဲ႔ပတ္သတ္တဲ့ အခ်က္အလက္အခ်ိဳ႕ထြက္ေပၚလာပါတယ္။ သို႔ေပမယ့္ အသစ္မိတ္ဆက္မယ့္ တက္ဘလက္ေတြအတြက္ တိက်တဲ့ နာမည္ေတြကိုေတာ့ မသိခဲ့ရပါဘူး။

ဒီေန႔မွာေတာ့ အသစ္မိတ္ဆက္မယ့္ တက္ဘလက္ရဲ႕ အခ်က္အလက္ေတြနဲ႔ မိတ္ဆက္မယ့္ရက္ ထြက္ရွိလာပါၿပီ။ အသစ္ထြက္မယ့္ တက္ဘလက္ေတြရဲဲ႕မီးခိုးေရာင္ဒီဇုိင္းနဲ႔ အခ်က္အလက္ေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ သူ႕မွာ Pen နဲ႔အတူ ကီးဘုတ္ေထာက္ပံ့မႈပါဝင္လာမွာျဖစ္ပါတယ္။ Galaxy Tab S4 ကို ဇူလိုင္လမွာ မိတ္ဆက္သြားႏိုင္ၿပီး ေစ်းကြက္အတြင္းကိုေတာ့ ၾသဂုတ္လ ၉ရက္ေန႔မွာ တရားဝင္ျဖန္႔ခ်ိေပးသြားမွာ ျဖစ္ပါတယ္။

အေစာပိုင္းထြက္ထားတဲ့ အခ်က္အလက္ေတြအရ  Galaxy Tab S4 မွာ Snapdragon 835 Octa core  ပရိုဆက္ဆာကိုသုံးထားမွာျဖစ္ၿပီး Android 8.1 OS ကိုတပါတည္း ထည့္သြင္းေပးထားမွာျဖစ္ပါတယ္။ မ်က္ႏွာျပင္ 10.5လက္မ Infinity Display နဲ႔အတူ 2560×1600 resolution ေဖာ္ျပႏုိင္စြမ္းရွိမွာပါ။ 16:10 aspect ratio ေၾကာင့္ ျမင္ကြင္းက်ယ္ အေတြ႕အႀကံဳနဲ႔ အေရာင္စိုျပည္မႈ ရွိေစမွာ ျဖစ္ပါတယ္။ အျခားအခ်က္အလက္ေတြ အေနနဲ႔ RAM 4GB မွာ ROM 64GB internal storage ေထာက္ပံ့မႈေပးပါလိမ့္မယ္။ ကင္မရာပိုင္းအတြက္ေတာ့ ေနာက္ေက်ာဘက္မွာ 12MP ကင္မရာနဲ႔ အေရွ႕ဘက္မွာ 8MP ကင္မရာကို သုံးလာမွာပါ။ Galaxy Note 9 အတြက္ျပဳလုပ္မယ့္  Unpacked ပြဲလည္းရွိေနတာေၾကာင့္ လက္ရွိခန္႔မွန္းခ်က္ေတြအရ IFA ပြဲမွာ စတင္ပြဲထုတ္လာႏုိင္ပါတယ္။

Unicode

ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Samsung အနေနဲ့ 2018 ခုနှစ်အတွက် တက်ဘလက် မော်ဒယ်အသစ်ကို ယခုနှစ်မကုန်ခင် မိတ်ဆက်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့တပတ်လောက်က Samsung ရဲ့အသစ်မိတ်ဆက်မယ့်  Samsung Galaxy Tab S4 နဲ့ Galaxy Tab A 10.1(2018)တို့နဲ့ပတ်သတ်တဲ့ အချက်အလက်အချို့ထွက်ပေါ်လာပါတယ်။ သို့ပေမယ့် အသစ်မိတ်ဆက်မယ့် တက်ဘလက်တွေအတွက် တိကျတဲ့ နာမည်တွေကိုတော့ မသိခဲ့ရပါဘူး။

ဒီနေ့မှာတော့ အသစ်မိတ်ဆက်မယ့် တက်ဘလက်ရဲ့ အချက်အလက်တွေနဲ့ မိတ်ဆက်မယ့်ရက် ထွက်ရှိလာပါပြီ။ အသစ်ထွက်မယ့် တက်ဘလက်တွေရဲ့မီးခိုးရောင်ဒီဇိုင်းနဲ့ အချက်အလက်တွေကို မြင်တွေ့ခဲ့ရပါတယ်။ သူ့မှာ Pen နဲ့အတူ ကီးဘုတ်ထောက်ပံ့မှုပါဝင်လာမှာဖြစ်ပါတယ်။ Galaxy Tab S4 ကို ဇူလိုင်လမှာ မိတ်ဆက်သွားနိုင်ပြီး ဈေးကွက်အတွင်းကိုတော့ သြဂုတ်လ ၉ရက်နေ့မှာ တရားဝင်ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

အစောပိုင်းထွက်ထားတဲ့ အချက်အလက်တွေအရ  Galaxy Tab S4 မှာ Snapdragon 835 Octa core  ပရိုဆက်ဆာကိုသုံးထားမှာဖြစ်ပြီး Android 8.1 OS ကိုတပါတည်း ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ မျက်နှာပြင် 10.5လက်မ Infinity Display နဲ့အတူ 2560×1600 resolution ဖော်ပြနိုင်စွမ်းရှိမှာပါ။ 16:10 aspect ratio ကြောင့် မြင်ကွင်းကျယ် အတွေ့အကြုံနဲ့ အရောင်စိုပြည်မှု ရှိစေမှာ ဖြစ်ပါတယ်။ အခြားအချက်အလက်တွေ အနေနဲ့ RAM 4GB မှာ ROM 64GB internal storage ထောက်ပံ့မှုပေးပါလိမ့်မယ်။ ကင်မရာပိုင်းအတွက်တော့ နောက်ကျောဘက်မှာ 12MP ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာကို သုံးလာမှာပါ။ Galaxy Note 9 အတွက်ပြုလုပ်မယ့်  Unpacked ပွဲလည်းရှိနေတာကြောင့် လက်ရှိခန့်မှန်းချက်တွေအရ IFA ပွဲမှာ စတင်ပွဲထုတ်လာနိုင်ပါတယ်။

Leave a Reply