Q7 ကို Android One ဖုန္းအေနနဲ႔ ထုတ္လုပ္ေတာ့မယ္ LG

0
1192

Google အေနနဲ႔ ၂၀၁၄ခုႏွစ္မွာ Android One အစီအစဥ္ကိုစတင္ေၾကျငာခဲ့ၿပီး အျခားထုတ္လုပ္သူေတြနဲ႔ ပူးေပါင္းကာ Android One device ေတြကုိျဖန္႔ခ်ိခဲ့ပါတယ္။ ယေန႔အခ်ိန္မွာေတာ့ စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီအနည္းငယ္ဟာ Android One ဖုန္းထုတ္တဲ့ အစီအစဥ္ထဲမွာ ပါဝင္လာၾကပါၿပီ။ အခုဆိုရင္ ကိုရီးယားကုမၸဏီ LG ဟာလည္း Android One စမတ္ဖုန္းကို အေမရိကန္ဆက္သြယ္ေရး ကုမၸဏီေတြနဲ႔ ပူးေပါင္းၿပီး ထုတ္လုပ္ေရာင္းခ်ဖုိ႔ လုပ္ေဆာင္ေနပါတယ္။ LG ရဲ႕ Android One ဖုန္းကုတ္အမည္က cv5a ျဖစ္ပါတယ္။ မၾကာမီ ေၾကညာလာမယ့္ LG Sylo 4 အတြက္ Source Code ေဖာ္ျပမႈမွာ ရွာေဖြေတြ႕ရွိခဲ့တာလည္း ျဖစ္ပါတယ္။

LG Android One T-Mobile

Android One ဖုန္းေတြမွာ Sprout သံုးေလ့ရွိတာေၾကာင့္ cv5a ကုိ Android One ဖုန္းလို႔ အတတ္ေျပာႏိုင္တာ ျဖစ္ပါတယ္။ Source Code မွာ ေဖာ္ျပထားမႈအရ LG Android One ဖုန္းကုိ 1.8GHz octa-core  Snapdragon 450 SoC ႏွင့္ ပါ၀ါေထာက္ပံ့လာပါမယ္။ LG ဟာ ဒီဖုန္းကုိ အေမရိကန္ေစ်းကြက္မွာ T-Mobile နဲ႔ ခ်ိတ္ဆက္ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

မ်က္ႏွာျပင္ ၅.၅ လက္မျဖစ္လာမွာ ျဖစ္ၿပီး FHD+ (1080×2160) ႐ုပ္ထြက္ႏွင့္ ေထာက္ပံ့လာပါမယ္။ 18:9 LCD သံုးလာပါမယ္။ RAM2GB (သုိ႔) 3GB သံုးလာဖို႔ရွိၿပီး ဘက္ထရီ 3000 mAh ပါ၀င္ပါမယ္။ ကင္မရာဆင္ဆာက ဘာေတြ ျဖစ္လာမလဲဆိုတာကိုေတာ့ မေျပာႏိုင္ေသးပါဘူး။ USB Type C ၊ NFC ၊ Android 8.1 Oreo သံုးလာပါမယ္။  အျခားအခ်က္အလက္ေတြမွာေတာ့ သူ႕မွာ Hi-Fi DAC ေထာက္ပံ့ေပးမွာျဖစ္ၿပီး လက္ေဗြဖတ္စနစ္ပါဝင္လာမွာ မဟုတ္ေပမယ့္ ေရစိုဒဏ္ခံႏုိင္စြမ္းေတာ့ တစ္ပါတည္းပါဝင္ပါလိမ့္မယ္။ လက္ရွိထြက္ေနတဲ့ သတင္းေတြအရ LG အေနနဲ႔ Q7 ဖုန္းကို Android One ဗားရွင္းအေနနဲ႔ ထုတ္လုပ္လာမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Unicode

Google အနေနဲ့ ၂၀၁၄ခုနှစ်မှာ Android One အစီအစဉ်ကိုစတင်ကြေငြာခဲ့ပြီး အခြားထုတ်လုပ်သူတွေနဲ့ ပူးပေါင်းကာ Android One device တွေကိုဖြန့်ချိခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီအနည်းငယ်ဟာ Android One ဖုန်းထုတ်တဲ့ အစီအစဉ်ထဲမှာ ပါဝင်လာကြပါပြီ။ အခုဆိုရင် ကိုရီးယားကုမ္ပဏီ LG ဟာလည်း Android One စမတ်ဖုန်းကို အမေရိကန်ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ LG ရဲ့ Android One ဖုန်းကုတ်အမည်က cv5a ဖြစ်ပါတယ်။ မကြာမီ ကြေညာလာမယ့် LG Sylo 4 အတွက် Source Code ဖော်ပြမှုမှာ ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Android One ဖုန်းတွေမှာ Sprout သုံးလေ့ရှိတာကြောင့် cv5a ကို Android One ဖုန်းလို့ အတတ်ပြောနိုင်တာ ဖြစ်ပါတယ်။ Source Code မှာ ဖော်ပြထားမှုအရ LG Android One ဖုန်းကို 1.8GHz octa-core  Snapdragon 450 SoC နှင့် ပါဝါထောက်ပံ့လာပါမယ်။ LG ဟာ ဒီဖုန်းကို အမေရိကန်ဈေးကွက်မှာ T-Mobile နဲ့ ချိတ်ဆက် ရောင်းချသွားမှာ ဖြစ်ပါတယ်။

မျက်နှာပြင် ၅.၅ လက်မဖြစ်လာမှာ ဖြစ်ပြီး FHD+ (1080×2160) ရုပ်ထွက်နှင့် ထောက်ပံ့လာပါမယ်။ 18:9 LCD သုံးလာပါမယ်။ RAM2GB (သို့) 3GB သုံးလာဖို့ရှိပြီး ဘက်ထရီ 3000 mAh ပါဝင်ပါမယ်။ ကင်မရာဆင်ဆာက ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ USB Type C ၊ NFC ၊ Android 8.1 Oreo သုံးလာပါမယ်။  အခြားအချက်အလက်တွေမှာတော့ သူ့မှာ Hi-Fi DAC ထောက်ပံ့ပေးမှာဖြစ်ပြီး လက်ဗွေဖတ်စနစ်ပါဝင်လာမှာ မဟုတ်ပေမယ့် ရေစိုဒဏ်ခံနိုင်စွမ်းတော့ တစ်ပါတည်းပါဝင်ပါလိမ့်မယ်။ လက်ရှိထွက်နေတဲ့ သတင်းတွေအရ LG အနေနဲ့ Q7 ဖုန်းကို Android One ဗားရှင်းအနေနဲ့ ထုတ်လုပ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply