iOS 12 မွာ 911 ကို ဖုန္းေခၚေနစဥ္အတြင္း အိုင္ဖုန္းရဲ႕ တည္ေနရာကို အလိုအေလွ်ာက္ မွ်ေ၀မည္

0
1236

Apple က အေမရိကန္မွာ ေဆာင္းရာသီတြင္ ထည့္သြင္းေပးမယ့္ iOS 12 ရဲ႕ စြမ္းရည္အသစ္တစ္ခုကို ေၾကညာလိုက္ပါတယ္။ အဲဒါကေတာ့ 911 ကို ဖုန္းေခၚေနစဥ္အတြင္း အိုင္ဖုန္းရဲ႕ တည္ေနရာကို အလိုအေလွ်ာက္ မွ်ေ၀တဲ့ စြမ္းရည္ ျဖစ္ပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ ရွင္းပါတယ္။ အေရးေပၚ ဖုန္းေျပာေနစဥ္မွာ သတင္းအခ်က္အလက္မ်ားကို ရသေလာက္မ်ားမ်ား ပံ့ပိုးေပးဖို႔ ျဖစ္ပါတယ္။ Apple က အေမရိကန္မွာ အေရးေပၚ ဖုန္းေခၚဆိုမႈအားလံုးရဲ႕ ၈၀ ရာခုိင္ႏႈန္းဟာ မိုဘိုင္းဖုန္းမ်ားကေန ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ 911 Centers မ်ားရဲ႕ ဒိတ္ေအာက္ေနတဲ့ ပစၥည္းမ်ားေၾကာင့္ ဖုန္းေခၚသူရဲ႕ တည္ေနရာကို လွ်င္ျမန္စြာ ရယူဖို႔ ခက္ခဲေနပါတယ္။

၂၀၁၅ ခုႏွစ္မွာ စတင္ မိတ္ဆက္ခဲ့တဲ့ Apple ရဲ႕ Hybridized Emergency Location (HELO) ကို အေျချပဳၿပီး အဲဒီ စြမ္းရည္ကို iOS 12 မွာ ဖန္တီးထားပါတယ္။ ဒီနည္းပညာဟာ 911 Centers မ်ားစြာမွ ေဆာ့ဖ္၀ဲမ်ားနဲ႔ ခ်ိတ္ဆက္လုပ္ေဆာင္ႏုိင္ပါတယ္။ “ ဒီနည္းပညာဟာ လူတိုင္းအတြက္ အနာဂတ္မွာ 911 Center မ်ားကို ဖုန္းေခၚတဲ့အခါမွာ မ်ားစြာ အကူအညီေပးလာႏုိင္မွာ ျဖစ္ပါတယ္။ လူ႔အသက္မ်ားကို ကယ္တင္ေပးႏိုင္မွာ ျဖစ္ပါတယ္။ “ လို႔ Apple က ေရးသားထားပါတယ္။

Apple က ကိုယ္ေရးကိုယ္တာ လံုျခံဳေရးအတြက္လည္း စိတ္မပူဖို႔ ေျပာခဲ့ပါေသးတယ္။ အေရးေပၚ ဖုန္းေခၚဆိုမႈ မဟုတ္ရင္ User Data မ်ားကို လံုး၀ ရယူမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

unicode

iOS 12 မှာ 911 ကို ဖုန်းခေါ်နေစဉ်အတွင်း အိုင်ဖုန်းရဲ့ တည်နေရာကို အလိုအလျှောက် မျှဝေမည်

Apple က အမေရိကန်မှာ ဆောင်းရာသီတွင် ထည့်သွင်းပေးမယ့် iOS 12 ရဲ့ စွမ်းရည်အသစ်တစ်ခုကို ကြေညာလိုက်ပါတယ်။ အဲဒါကတော့ 911 ကို ဖုန်းခေါ်နေစဉ်အတွင်း အိုင်ဖုန်းရဲ့ တည်နေရာကို အလိုအလျှောက် မျှဝေတဲ့ စွမ်းရည် ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ အရေးပေါ် ဖုန်းပြောနေစဉ်မှာ သတင်းအချက်အလက်များကို ရသလောက်များများ ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။ Apple က အမေရိကန်မှာ အရေးပေါ် ဖုန်းခေါ်ဆိုမှုအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းများကနေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် 911 Centers များရဲ့ ဒိတ်အောက်နေတဲ့ ပစ္စည်းများကြောင့် ဖုန်းခေါ်သူရဲ့ တည်နေရာကို လျှင်မြန်စွာ ရယူဖို့ ခက်ခဲနေပါတယ်။

၂၀၁၅ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ Hybridized Emergency Location (HELO) ကို အခြေပြုပြီး အဲဒီ စွမ်းရည်ကို iOS 12 မှာ ဖန်တီးထားပါတယ်။ ဒီနည်းပညာဟာ 911 Centers များစွာမှ ဆော့ဖ်ဝဲများနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ပါတယ်။ “ ဒီနည်းပညာဟာ လူတိုင်းအတွက် အနာဂတ်မှာ 911 Center များကို ဖုန်းခေါ်တဲ့အခါမှာ များစွာ အကူအညီပေးလာနိုင်မှာ ဖြစ်ပါတယ်။ လူ့အသက်များကို ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ “ လို့ Apple က ရေးသားထားပါတယ်။

Apple က ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက်လည်း စိတ်မပူဖို့ ပြောခဲ့ပါသေးတယ်။ အရေးပေါ် ဖုန်းခေါ်ဆိုမှု မဟုတ်ရင် User Data များကို လုံး၀ ရယူမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Leave a Reply