VIVO NEX လို pop-up Selfie ကင္မရာနဲ႔ထြက္လာႏုိင္တဲ့ Huawei P30

0
1381

Huawei P20 စမတ္ဖုန္းမွာေတာ့ ထိပ္ဘက္မွာ Notch ေလးနဲ႔ေတြ႕ျမင္ခဲ့ရၿပီးပါၿပီ။ P20 Pro ရဲ႕အေနာက္ကင္မရာႀကီးကလည္း အံ့မခန္းေကာင္းလြန္းလွပါတယ္။ သုံးစြဲသူေတြအေနနဲ႔ မ်ိဳးဆက္သစ္ P30 ဖုန္းမွာ ယခုထက္ပိုေကာင္းတဲ့ ကင္မရာေတြတပ္ဆင္ထားလိမ့္မယ္လို႔ ခန္႔မွန္းၾကပါတယ္။ အခုပထမဆုံး သတင္းထြက္လာတဲ့ ဖုန္းကေတာ့ Huawei ရဲ႕အဆင့္ျမင့္ေမာ္ဒယ္လို႔ သတ္မွတ္ႏိုင္တဲ့ P30 မွာျဖစ္ၿပီး၊ ဖုန္းနဲ႔ပတ္သတ္တဲ့ ဓာတ္ပုံတခ်ိဳ႕ထြက္ရွိလာပါတယ္။

ဒီေန႔ထြက္ရွိလာတဲ့ ဓာတ္ပုံေတြမွာေတာ့ Huawei P30 ဖုန္းမွာ 100% full view display သုံးလာမွာျဖစ္ၿပီး အေရွ႕ဘက္နဲ႔အေနာက္ဘက္ကင္မရာ၂ခုေပါင္း ၅ခု တပ္ဆင္ထားမယ္လို႔ ဆိုပါတယ္။ Huawei P30 ရဲ႕ဒီေန႔ထြက္လာတဲ့ concept ပုံမွာေတာ့ ကိုယ္ထည္ပိုင္းမွာ အေျပာင္းအလဲျပဳလုပ္ထားၿပီး ထိပ္ဘက္မွာ Notch တပ္ဆင္ထားျခင္းမရွိေတာ့ပါဘူး။ အေရွ႕ဘက္ကင္မရာကိုလည္း VIVO NEX လိုမ်ိဳး ရိုက္ကူးလိုက္တဲ့အခ်ိန္မွ ေပၚလာၿပီး က်န္တဲ့အခိ်န္မွာ ေဖ်ာက္ေပးထားမွာ ျဖစ္ပါတယ္။ ကင္မရာေတြမွာ Leica lens ေတြကိုသာ သုံးထားမွာျဖစ္ၿပီး Dual တပ္ဆင္ထားမွာျဖစ္ပါတယ္။

အေနာက္ဘက္မွာေတာ့ အရည္အေသြးတူညီတဲ့ ကင္မရာ၃ခုကို တပ္ဆင္ထားမွာျဖစ္ၿပီး 3D photos ေတြကို ရိုက္ကူးႏိုင္မွာျဖစ္ပါတယ္။ USB Type C port နဲ႔ speaker, microphone တို႕ကိုေအာက္ဘက္ တေနရာတည္းမွာ တပ္ဆင္ေပးထား မွာျဖစ္ပါတယ္။ ကင္မရာနည္းပညာ ဆန္းသစ္ထားတဲ့ ဖုန္းလို႔သတ္မွတ္ႏိုင္ၿပီး ေနာက္ဘက္ကင္မရာကို အေပၚတြန္းတင္လိုက္တဲ့အခ်ိန္မွာ အေရွ႕ဘက္ျခမ္း Selfie ကင္မရာေပၚလာမွာျဖစ္ပါတယ္။ 3D  Dual  Selfie ကင္မရာရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို အသုံးျပဳႏိုင္ပါလိမ့္မယ္။

Unicode\

Huawei P20 စမတ်ဖုန်းမှာတော့ ထိပ်ဘက်မှာ Notch လေးနဲ့တွေ့မြင်ခဲ့ရပြီးပါပြီ။ P20 Pro ရဲ့အနောက်ကင်မရာကြီးကလည်း အံ့မခန်းကောင်းလွန်းလှပါတယ်။ သုံးစွဲသူတွေအနေနဲ့ မျိုးဆက်သစ် P30 ဖုန်းမှာ ယခုထက်ပိုကောင်းတဲ့ ကင်မရာတွေတပ်ဆင်ထားလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အခုပထမဆုံး သတင်းထွက်လာတဲ့ ဖုန်းကတော့ Huawei ရဲ့အဆင့်မြင့်မော်ဒယ်လို့ သတ်မှတ်နိုင်တဲ့ P30 မှာဖြစ်ပြီး၊ ဖုန်းနဲ့ပတ်သတ်တဲ့ ဓာတ်ပုံတချို့ထွက်ရှိလာပါတယ်။

ဒီနေ့ထွက်ရှိလာတဲ့ ဓာတ်ပုံတွေမှာတော့ Huawei P30 ဖုန်းမှာ 100% full view display သုံးလာမှာဖြစ်ပြီး အရှေ့ဘက်နဲ့အနောက်ဘက်ကင်မရာ၂ခုပေါင်း ၅ခု တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ Huawei P30 ရဲ့ဒီနေ့ထွက်လာတဲ့ concept ပုံမှာတော့ ကိုယ်ထည်ပိုင်းမှာ အပြောင်းအလဲပြုလုပ်ထားပြီး ထိပ်ဘက်မှာ Notch တပ်ဆင်ထားခြင်းမရှိတော့ပါဘူး။ အရှေ့ဘက်ကင်မရာကိုလည်း VIVO NEX လိုမျိုး ရိုက်ကူးလိုက်တဲ့အချိန်မှ ပေါ်လာပြီး ကျန်တဲ့အချိန်မှာ ဖျောက်ပေးထားမှာ ဖြစ်ပါတယ်။ ကင်မရာတွေမှာ Leica lens တွေကိုသာ သုံးထားမှာဖြစ်ပြီး Dual တပ်ဆင်ထားမှာဖြစ်ပါတယ်။

အနောက်ဘက်မှာတော့ အရည်အသွေးတူညီတဲ့ ကင်မရာ၃ခုကို တပ်ဆင်ထားမှာဖြစ်ပြီး 3D photos တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ USB Type C port နဲ့ speaker, microphone တို့ကိုအောက်ဘက် တနေရာတည်းမှာ တပ်ဆင်ပေးထား မှာဖြစ်ပါတယ်။ ကင်မရာနည်းပညာ ဆန်းသစ်ထားတဲ့ ဖုန်းလို့သတ်မှတ်နိုင်ပြီး နောက်ဘက်ကင်မရာကို အပေါ်တွန်းတင်လိုက်တဲ့အချိန်မှာ အရှေ့ဘက်ခြမ်း Selfie ကင်မရာပေါ်လာမှာဖြစ်ပါတယ်။ 3D  Dual  Selfie ကင်မရာရဲ့ လုပ်ဆောင်နိုင်စွမ်းကို အသုံးပြုနိုင်ပါလိမ့်မယ်။

Leave a Reply