512GB အခ်က္အလက္သိုေလွာင္မႈနဲ႔ပါ ထြက္လာမယ့္ GALAXY NOTE 9

0
1595

ကိုရီးယားထုတ္လုပ္သူျဖစ္တဲ့ Samsung က Galaxy Note 9 ကို ၂၀၁၈ ခုႏွစ္ ဒုတိယ ႏွစ္၀က္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ယခင္ကလည္း တရုတ္ လူမႈကြန္ရက္ ၀ီဘိုကေန သူ႔ရဲ႕ မ်က္ႏွာျပင္နဲ႔ ဘက္ထရီ အရြယ္အစားမ်ား ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။  ေန႔စဥ္နဲ႔အမွ် ထြက္လာတဲ့သတင္းေတြမွာေတာ့ GALAXY NOTE 9 ကိုဘယ္လိုပုံစံနဲ႔ ထြက္လာမလဲဆိုတဲ့ ခန္႔မွန္းခ်က္ေတြသာ ရွိပါေသးတယ္။

ဒီေန႔မွာေတာ့ NOTE 9 ကို 512GB ROM နဲ႔ပါထြက္လာမယ္ဆိုတဲ့ သတင္းေတြ တရုတ္မီဒီယာေတြကေန တက္လာခဲ့ပါတယ္။  Samsung အေနနဲ႔ NOTE 9 ကိုမ်ားျပားတဲ့ အခ်က္အလက္သိုေလွာင္ႏိုင္မႈနဲ႔ ထုတ္လုပ္သြားမွာျဖစ္ၿပီး၊ တခ်ိဳ႕ႏိုင္ငံေတြကိုေတာ့ တင္သြင္းမွာမဟုတ္ဘူးလို႔ သိရပါတယ္။

Galaxy Note 9 မွာ Bixby Version 2.0 ပါမယ္လို႔ ေၾကညာထားပါတယ္။  Qualcomm Snapdragon 845 Chipset ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ ေနာက္ပိုင္း သတင္းအခ်က္အလက္မ်ား အရေတာ့ သူ႔မွာ ကုမၸဏီကကိုယ္တိုင္ ဖန္တီးထားတဲ့ Exynos 9810 CPU ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ RAM ကေတာ့ 6GB ပါမယ္လို႔ သိရပါတယ္။ သူ႕မွာ Android 8.1 Oreo နဲ႔အတူ ဘက္ထရီစြမ္းအားပိုင္းအတြက္4,000mAh ကိုသုံးထားမွာျဖစ္ပါတယ္။

ကင္မရာပိုင္းမွာလည္း  Note 9 ရဲ႕ ကင္မရာဟာ Galaxy S9 Plus ထက္ေတာင္ ပိုေကာင္းမယ္လို႔ သိရပါတယ္။ Samsung အေနနဲ႔ၿပီးခဲ့တဲ့ႏွစ္က ထုတ္လုပ္ခဲ့တဲ့  Galaxy Note 8 မွာအေနာက္ကင္မရာႏွစ္လံုး စနစ္ကို စတင္ ထည့္သြင္းထားပါတယ္။ ယခုႏွစ္ အေစာပိုင္းမွာ မိတ္ဆက္ခဲ့တဲ့ Galaxy S9 Plus မွာလည္း အေနာက္ကင္မရာ ႏွစ္လံုး ထည့္သြင္းေပးခဲ့ပါတယ္။

unicode

ကိုရီးယားထုတ်လုပ်သူဖြစ်တဲ့ Samsung က Galaxy Note 9 ကို ၂၀၁၈ ခုနှစ် ဒုတိယ နှစ်ဝက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ယခင်ကလည်း တရုတ် လူမှုကွန်ရက် ဝီဘိုကနေ သူ့ရဲ့ မျက်နှာပြင်နဲ့ ဘက်ထရီ အရွယ်အစားများ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။  နေ့စဉ်နဲ့အမျှ ထွက်လာတဲ့သတင်းတွေမှာတော့ GALAXY NOTE 9 ကိုဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတဲ့ ခန့်မှန်းချက်တွေသာ ရှိပါသေးတယ်။

ဒီနေ့မှာတော့ NOTE 9 ကို 512GB ROM နဲ့ပါထွက်လာမယ်ဆိုတဲ့ သတင်းတွေ တရုတ်မီဒီယာတွေကနေ တက်လာခဲ့ပါတယ်။  Samsung အနေနဲ့ NOTE 9 ကိုများပြားတဲ့ အချက်အလက်သိုလှောင်နိုင်မှုနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး၊ တချို့နိုင်ငံတွေကိုတော့ တင်သွင်းမှာမဟုတ်ဘူးလို့ သိရပါတယ်။

Galaxy Note 9 မှာ Bixby Version 2.0 ပါမယ်လို့ ကြေညာထားပါတယ်။  Qualcomm Snapdragon 845 Chipset ထည့်သွင်းထားမယ်လို့ သိရပါတယ်။ နောက်ပိုင်း သတင်းအချက်အလက်များ အရတော့ သူ့မှာ ကုမ္ပဏီကကိုယ်တိုင် ဖန်တီးထားတဲ့ Exynos 9810 CPU ထည့်သွင်းထားမယ်လို့ သိရပါတယ်။ RAM ကတော့ 6GB ပါမယ်လို့ သိရပါတယ်။ သူ့မှာ Android 8.1 Oreo နဲ့အတူ ဘက်ထရီစွမ်းအားပိုင်းအတွက်4,000mAh ကိုသုံးထားမှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာလည်း  Note 9 ရဲ့ ကင်မရာဟာ Galaxy S9 Plus ထက်တောင် ပိုကောင်းမယ်လို့ သိရပါတယ်။ Samsung အနေနဲ့ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့  Galaxy Note 8 မှာအနောက်ကင်မရာနှစ်လုံး စနစ်ကို စတင် ထည့်သွင်းထားပါတယ်။ ယခုနှစ် အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Galaxy S9 Plus မှာလည်း အနောက်ကင်မရာ နှစ်လုံး ထည့်သွင်းပေးခဲ့ပါတယ်။

Leave a Reply