ZTE Nubia Z18 မွာ ေဘးေဘာင္မဲ့ မ်က္ႏွာျပင္ ပါမည္

0
1347

ZTE Nubia Z18 ရဲ႕ ဖိတ္စာဓါတ္ပံုမ်ား အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ဖိတ္စာမွာ ေရးသားထားတဲ့ တရုတ္စာသားမ်ားဟာ Open the Future လို႔ အဓိပၸါယ္ ရပါတယ္။ အဲဒီအတြက္ သူ႔မွာ ေဘးေဘာင္မဲ့ မ်က္ႏွာျပင္ ပါလာမယ္လို႔ ကုမၸဏီက အရိပ္အျမြက္ ေျပာျပထားတာပါ။

သူ႔ရဲ႕ ပံုၾကမ္းမ်ားနဲ႔ သတင္းမ်ားဟာလည္း ယခင္က ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ ပံုမ်ားအရ ဖုန္းရဲ႕ ညာဘက္ျခမ္းမွာ အသံနဲ႔ ပါ၀ါ ခလုတ္မ်ား ပါပါတယ္။ ေအာက္ေျခမွာ USB Type-C Port , Microphone , Speaker Grille မ်ား တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားၿပီး ကင္မရာ ႏွစ္လံုးကို အလ်ားလိုက္ ထည့္သြင္းထားတာကို ပံုမွာ ေတြ႕ျမင္ရပါတယ္။

တရုတ္ဆက္သြယ္ေရး ေကာ္မရွင္ထံမွာ မွတ္ပံုတင္ထားတဲ့ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားအရ သူ႔မွာ ၅.၉၉ လက္မ Full HD+ Display , Qualcomm Snapdragon 845 Chipset မ်ား ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ 6GB or 8GB RAM နဲ႔ 64GB or 128GB Storage မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။

အေနာက္ဘက္မွာ 24MP+8MP Dual Camera မ်ား ထည့္သြင္းထားပါတယ္။ အေရွ႕ဘက္မွာ 8MP Camera တစ္လံုး ထည့္သြင္းထားပါတယ္။ ဖိတ္စာဓါတ္ပံုမွာ မိတ္ဆက္မယ့္ အခ်ိန္ကို မျမင္ရပါဘူး။ မၾကာခင္မွာေတာ့ ေၾကညာႏုိင္ပါတယ္။ 18:9 Screen , Dual Camera နဲ႔ AI ပါတဲ့ ZTE Nubia Z18 Mini ကိုေတာ့ ေၾကညာခဲ့ၿပီးပါၿပီ။ မီနီဗားရွင္းကို အရင္ ေၾကညာတာက ထူးဆန္းပါတယ္။

မီနီေမာ္ဒယ္ဟာ စြမ္းေဆာင္ရည္သင့္ စမတ္ဖုန္း ျဖစ္ၿပီး ၅.၇ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးမွာ 18:9 ျဖစ္ၿပီး အရည္အေသြးမွာ Full HD ျဖစ္ပါတယ္။ Gorilla Glass ျဖင့္ မ်က္ႏွာျပင္ကို ကာကြယ္ထားပါတယ္။ သူ႔မွာ Octa-Core Snapdragon 660 Processor ထည့္သြင္းထားပါတယ္။ 6GB RAM ပါပါတယ္။

အေနာက္ဘက္မွာ 24MP + 5MP Dual Camera နဲ႔ အေရွ႕ဘက္မွာ ၈၀ ဒီဂရီ ျမင္ကြင္းက်ယ္ 8MP Camera ထည့္ေပးထားပါတယ္။ အေနာက္ ကင္မရာမ်ားက ေနာက္ခံမႈန္၀ါးတဲ့ Portrait Mode ကို ေထာက္ပံ့ပါတယ္။ အေရွ႕ ကင္မရာမွာ AI ျဖင့္ လွပတဲ့ အလင္းေရာင္မ်ား ထည့္သြင္းေပးႏိုင္ပါတယ္။ အေရွ႕ ကင္မရာမွာ Face Unlock စြမ္းရည္ပါပါတယ္။

unicode

ZTE Nubia Z18 မှာ ဘေးဘောင်မဲ့ မျက်နှာပြင် ပါမည်

ZTE Nubia Z18 ရဲ့ ဖိတ်စာဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဖိတ်စာမှာ ရေးသားထားတဲ့ တရုတ်စာသားများဟာ Open the Future လို့ အဓိပ္ပါယ် ရပါတယ်။ အဲဒီအတွက် သူ့မှာ ဘေးဘောင်မဲ့ မျက်နှာပြင် ပါလာမယ်လို့ ကုမ္ပဏီက အရိပ်အမြွက် ပြောပြထားတာပါ။

သူ့ရဲ့ ပုံကြမ်းများနဲ့ သတင်းများဟာလည်း ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ပုံများအရ ဖုန်းရဲ့ ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်များ ပါပါတယ်။ အောက်ခြေမှာ USB Type-C Port , Microphone , Speaker Grille များ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး ကင်မရာ နှစ်လုံးကို အလျားလိုက် ထည့်သွင်းထားတာကို ပုံမှာ တွေ့မြင်ရပါတယ်။

တရုတ်ဆက်သွယ်ရေး ကော်မရှင်ထံမှာ မှတ်ပုံတင်ထားတဲ့ သူ့ရဲ့ သတင်းအချက်အလက်များအရ သူ့မှာ ၅.၉၉ လက်မ Full HD+ Display , Qualcomm Snapdragon 845 Chipset များ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ 6GB or 8GB RAM နဲ့ 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။

အနောက်ဘက်မှာ 24MP+8MP Dual Camera များ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera တစ်လုံး ထည့်သွင်းထားပါတယ်။ ဖိတ်စာဓါတ်ပုံမှာ မိတ်ဆက်မယ့် အချိန်ကို မမြင်ရပါဘူး။ မကြာခင်မှာတော့ ကြေညာနိုင်ပါတယ်။ 18:9 Screen , Dual Camera နဲ့ AI ပါတဲ့ ZTE Nubia Z18 Mini ကိုတော့ ကြေညာခဲ့ပြီးပါပြီ။ မီနီဗားရှင်းကို အရင် ကြေညာတာက ထူးဆန်းပါတယ်။

မီနီမော်ဒယ်ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ၅.၇ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပြီး အရည်အသွေးမှာ Full HD ဖြစ်ပါတယ်။ Gorilla Glass ဖြင့် မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။ သူ့မှာ Octa-Core Snapdragon 660 Processor ထည့်သွင်းထားပါတယ်။ 6GB RAM ပါပါတယ်။

အနောက်ဘက်မှာ 24MP + 5MP Dual Camera နဲ့ အရှေ့ဘက်မှာ ၈၀ ဒီဂရီ မြင်ကွင်းကျယ် 8MP Camera ထည့်ပေးထားပါတယ်။ အနောက် ကင်မရာများက နောက်ခံမှုန်ဝါးတဲ့ Portrait Mode ကို ထောက်ပံ့ပါတယ်။ အရှေ့ ကင်မရာမှာ AI ဖြင့် လှပတဲ့ အလင်းရောင်များ ထည့်သွင်းပေးနိုင်ပါတယ်။ အရှေ့ ကင်မရာမှာ Face Unlock စွမ်းရည်ပါပါတယ်။

Leave a Reply