Xiaomi Mi A1 အတြက္ Android 8.1 Oreo ရေတာ့မလား ?

0
1466

Xiaomi Mi A1 ကိုင္ေနသူမ်ားအတြက္ေတာ့ သတင္းေကာင္းပါ။ သူ႔အတြက္ Android 8.1 Oreo Beta ကို ေရွာင္မီက စမ္းသပ္ေနတယ္လို႔ သတင္းထြက္လာပါတယ္။ ေရွာင္မီက ယခင္ႏွစ္ စက္တင္ဘာလမွာ သူ႔ရဲ႕ ပထမဆံုး Android One စမတ္ဖုန္း ျဖစ္တဲ့ Mi A1 ကို ေၾကညာခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း ယခုႏွစ္ ဇန္န၀ါရီလမွာ Android 8.0 Oreo ကို သူ႔အတြက္ ျဖန္႔ခ်ီေပးခဲ့ပါတယ္။

Android 8.1 Oreo Beta ကို စမ္းသပ္ေနတဲ့အျပင္ ဇြန္လအတြက္ Security Patch ကိုလည္း ျဖန္႔ခ်ီေပးဖို႔ ရွိေနပါတယ္။ Android 8.1 Oreo ကို ျဖန္႔ခ်ီမယ့္ ေန႔ကိုေတာ့ ေရွာင္မီက မေၾကညာေသးပါဘူး။ လာမယ့္ ရက္သတၱပတ္အနည္းငယ္အတြင္းမွာ OTA ကေန ျဖန္႔ခ်ီေပးမယ္လို႔ ထင္ရပါတယ္။ သူဟာ Android P ထြက္လာရင္လည္း အေစာဆံုးရရွိမယ့္ ဖုန္းမ်ားထဲမွာ ပါမယ္လို႔ ေရွာင္မီက အတည္ျပဳထားပါတယ္။

ထူးျခားတာက သူ႔မွာ Android OS Update ကို လွ်င္ျမန္စြာ ရရွိေစတဲ့ Google Treble Support မပါတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ Specs မ်ားကို ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။ Mi A1 မွာ ၅.၅ လက္မ Full HD Display , Snapdragon 625 Chipset , 4GB RAM, 64GB Internal Storage ထည့္သြင္းထားပါတယ္။ စြမ္းေဆာင္ရည္ျမင့္ Mi 6 မွာလို Mi A1 ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၂ လံုး ပံ့ပိုးေပးထားပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာကို အေနာက္ဘက္မွာ တပ္ဆင္ထားပါတယ္။ 3080mAh Battery တပ္ဆင္ထားၿပီး USB-C Port ကေန အားသြင္းရမွာ ျဖစ္ပါတယ္။ MIUI ေတာ့ မပါဘဲ Stock Android ထည့္ထားပါတယ္။

unicode

Xiaomi Mi A1 အတွက် Android 8.1 Oreo ရတော့မလား ?

Xiaomi Mi A1 ကိုင်နေသူများအတွက်တော့ သတင်းကောင်းပါ။ သူ့အတွက် Android 8.1 Oreo Beta ကို ရှောင်မီက စမ်းသပ်နေတယ်လို့ သတင်းထွက်လာပါတယ်။ ရှောင်မီက ယခင်နှစ် စက်တင်ဘာလမှာ သူ့ရဲ့ ပထမဆုံး Android One စမတ်ဖုန်း ဖြစ်တဲ့ Mi A1 ကို ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ယခုနှစ် ဇန်နဝါရီလမှာ Android 8.0 Oreo ကို သူ့အတွက် ဖြန့်ချီပေးခဲ့ပါတယ်။

Android 8.1 Oreo Beta ကို စမ်းသပ်နေတဲ့အပြင် ဇွန်လအတွက် Security Patch ကိုလည်း ဖြန့်ချီပေးဖို့ ရှိနေပါတယ်။ Android 8.1 Oreo ကို ဖြန့်ချီမယ့် နေ့ကိုတော့ ရှောင်မီက မကြေညာသေးပါဘူး။ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ OTA ကနေ ဖြန့်ချီပေးမယ်လို့ ထင်ရပါတယ်။ သူဟာ Android P ထွက်လာရင်လည်း အစောဆုံးရရှိမယ့် ဖုန်းများထဲမှာ ပါမယ်လို့ ရှောင်မီက အတည်ပြုထားပါတယ်။

ထူးခြားတာက သူ့မှာ Android OS Update ကို လျှင်မြန်စွာ ရရှိစေတဲ့ Google Treble Support မပါတာ ဖြစ်ပါတယ်။ သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ Mi A1 မှာ ၅.၅ လက်မ Full HD Display , Snapdragon 625 Chipset , 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ စွမ်းဆောင်ရည်မြင့် Mi 6 မှာလို Mi A1 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ပံ့ပိုးပေးထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ 3080mAh Battery တပ်ဆင်ထားပြီး USB-C Port ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။ MIUI တော့ မပါဘဲ Stock Android ထည့်ထားပါတယ်။

Leave a Reply